Food & Recipe: သင့် စိတ်ပင်ပန်းမှုတွေနဲ့ ဘဝအမောတွေကို ခရီးသွားခြင်းက ဘယ်လိုမျိုး ပြေပျောက်စေနိုင်တာလဲ

သင့်ကို စိတ်လှုပ်ရှားမှုတွေ ပေးတာကြောင့်ပါ

သိပ္ပံနည်းကျ ရှာဖွေ တွေ့ရှိထားချက်တစ်ခုအရ ခရီးသွားခြင်းက သင့်ကို ပျော်ရွှင်မှုပေးတာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ တကယ်ပျော်ရွှင်စေတာက ခရီးသွားဖို့ကို ပြင်ဆင်နေတဲ့အချိန် (ခရီးသွားဖို့ စိတ်ကူးယဉ်ပြီး စီစဉ်နေတဲ့အချိန်) က သင့်ကို စိတ်လှုပ်ရှားမှုတွေ ပေးတာကြောင့် သင့်မှာ ပျော်ရွှင်မှုတွေ ခံစားလိုက်ရတာလို့ ပြောပါတယ်။ ဘယ်ကို ခရီးထွက်မယ်၊ ဘယ်လိုသွားမယ်၊ ဘယ်မှာနေမယ်၊ ဘယ်သူတွေနဲ့ သွားရင်ကောင်းမလဲ ဆိုပြီး စိတ်ကူးယဉ်ရတာက သင့်ကို ပျော်ရွှင်စေတာပါ။ ဒီလို စိတ်ကူးယဉ်ပြီး သူငယ်ချင်းတွေနဲ့ မိသားစုတွေနဲ့ တိုင်ပင်ပြီး သွားဖို့လာဖို့၊ နေဖို့ ထိုင်ဖို့ စီစဉ်တာရယ်၊ ကိုယ် သွားမယ့်နေရာ အကြောင်းကို အင်တာနက်မှာ ရှာကြည့်မယ်။

play

ရာသီဥတု အခြေအနေကို လေ့လာပြီး လိုအပ်တာလေးတွေ ရေးမှတ်ထားမယ်၊  ဘယ်နေရာရောက်ရင်တော့ ဘယ်လိုလေးတွေ ဝတ်မယ်၊ စသဖြင့် တွေးနေရင်း စိတ်ကူးထဲမှာ ပုံဖော်ကြည့်ရတာကနေ သင့်ကို စိတ်လှုပ်ရှားမှုတွေ ပေးနေတာပါ။ သမာရိုးကျ မဟုတ်တဲ့ အတွေးပုံရိပ်တွေနဲ့  သင့်ဦးနှောက်ကို အလုပ်ပေးသလို ဖြစ်နေမယ်။ ခရီးတစ်ခုမသွားခင် ကြိုတင်စီစဉ်ရင်း ရလာတဲ့ စိတ်ပေါ့ပါးပျော်ရွှင်မှုက အချိန် (၆) ပတ်ကနေ (၈) ပတ်အထိ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ရောက်ဖူးသွားဖူးပြီးသားနေရာတစ်ခုကို ထပ်သွားမယ့်ခရီးထက် တစ်ခါမှ မရောက်ဖူးသေးတဲ့နေရာကို သွားမယ့်ခရီးက ပိုပြီးပျော်ဖို့ကောင်းသလို ခံစားမှုပေးတာ ဖြစ်နိုင်ပါတယ်။

play

 

ခဏလေး ခရီးသွားရတာနဲ့ အကြာကြီး ခရီးသွားရတာ

ရက်တိုခရီးလေးတွေ ခဏခဏ ထွက်ပေးခြင်းက တစ်နှစ်မှာ တစ်ခေါက်တည်း ခရီးအကြီးကြီးတစ်ခု အပီအပြင်စီစဉ်ပြီး ထွက်ခြင်းထက် ပိုပြီး ကောင်းမွန်ပါတယ်။ သင့်ကို စိတ်အပန်းပြေသွားစေနိုင်တာက သင် ခရီးသွားတဲ့ ရက်နည်းခြင်း၊ များခြင်းနဲ့လည်း မဆိုင်ပါဘူး။ ခရီးသွားတာက ရက်တိုခရီးလေးပဲ ဖြစ်ဖြစ်၊ ရက်ရှည်ခရီးပဲ ဖြစ်ဖြစ် အနည်းဆုံးတော့ အခုဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝနဲ့ မတူတာတော့ အမှန်ပါပဲ။

play

 

စိတ်ရှုပ်စရာတွေနဲ့ ရိုးအီနေတဲ့ ဘဝလှုပ်ရှားနေထိုင်မှုနဲ့ ဝေးကွာသွားစေတယ်။ ပထမဦးဆုံးအနေနဲ့ ပြောရရင် အခန်းထဲမှာ ပိတ်လှောင်မနေဘဲ အပြင်ထွက်ဖြစ်သွားတယ်။ လမ်းတစ်လျှောက် ခါတိုင်း မြင်နေကျမဟုတ်တာ သေချာတဲ့ သဘာဝရှုခင်းတွေ ကြည့်လို့ရမယ်။ လေကောင်းလေသန့် ရှုလို့ ရတယ်။ ဒီလောက်နဲ့တင်ပဲ စိတ်က တော်တော်ကြည်လင်သွားနေပါပြီ။ သွားမယ့်ခရီးက (၂) ရက်ခရီးမဟုတ်ဘဲ (၂) ပတ်ခရီးဖြစ်နေလို့ ပိုပျော်ရတယ်ဆိုတာမျိုး မရှိပါဘူး။  အကြာကြီး ခရီးသွားတိုင်း စိတ်ပျော်ရွှင်စေမှာ မဟုတ်ပါဘူး။

play

 

ခရီးသွားခြင်းကြောင့် ရရှိလာမယ့် အကျိုးတွေက

ခရီးသွားခြင်းမှာ ခရီးအတွက် ကြိုတင်စီစဉ်တာနဲ့ ခရီးသွားနေတာ ဆိုပြီး (၂) ပိုင်းရှိတယ်လို့ ပြောပါတယ်။  ခရီးအတွက် ကြိုတင်စီစဉ်တာကြောင့် သင့်ကို ပျော်ရွှင်စေသလို ခရီးသွားနေပြီဆိုတာနဲ့ ဘဝအမောတွေကို ပြေပျောက်ပြီး အပန်းပြေစေတယ်။ အတွေ့အကြုံအသစ်တွေ၊ ဗဟုသုတတွေကို ရစေတယ်။ စိတ်သဘောထားနဲ့ အတွေးအခေါ်တွေ ပြောင်းလဲလာတယ်။ ရိုးသားတဲ့ အမြင်နဲ့ ခံစားချက်တွေ ရှိလာလို့  လူတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ဆက်ဆံတတ်လာတယ်။ လူတွေ အကြောင်းပိုသိလာပြီး လူတွေရဲ့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့သဘောကို နားလည်လာလို့ တခြားသူတွေနဲ့ ပြောတတ် ဆိုတတ်လာမယ်။ လူမှုဆက်ဆံရေးနယ်ပယ် ပိုကျယ်ပြန့်လာပြီး ပေါင်းသင်းဆက်ဆံရေးလည်း တိုးတက်လာမယ်။

ကမ္ဘာ့ သွားချင်စရာ အကောင်းဆုံးကမ်းခြေများ

 

အစီအစဉ်တွေ ကောင်းကောင်းဆွဲတတ်လာပြီး ဖြတ်ထိုးဉာဏ်အများကြီး ပိုရှိလာမယ်။ ခေါင်းထဲမှာရှိနေခဲ့တဲ့ အတွေးဟောင်းတွေနဲ့ ခံစားမှုအဟောင်းတွေက ခရီးသွားခြင်းနဲ့အတူ လမ်းမှာ ကျန်နေခဲ့တာမို့လို့ အတွေးအခေါ်အသစ်တွေနဲ့ အကြံသစ်တွေအတွက် နေရာပိုကျယ်လာမယ်။ စိတ်သစ်လူသစ်နဲ့ စိတ်အင်အားတွေ တက်ကြွသွားစေနိုင်ပါတယ်။

ှSource : Allwomenstalk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ