Food & Recipe: ပျားရည် အတုနဲ့ အစစ် ခွဲခြားနည်း

ပျားရည် အတုနဲ့ အစစ်ကို ခွဲခြားနည်းတွေကတော့

play

(၁) ဇွန်းတစ်ချောင်းထဲတွင် ပျားရည်တစ်ဇွန်းကိုထည့်ပါ။ ပြီးနောက် ဖယောင်းတိုင်မီးတောက်အပေါ်တွင် ပျားရည်ဆူပွက်လာသည်အထိ ထားကြည့်ပါ။ ပျားရည်ဆူပွက်လာပြီး အရောင်ပြောင်းလဲခြင်း မရှိပါက ပျားရည် အစစ်ဖြစ်ပြီး အရောင်ရင့်သွားခြင်း၊ သကြားအနံ့ထွက်လာခြင်းတို့ ဖြစ်ခဲ့ရင်တော့ ပျားရည်အတုဖြစ်ပါတယ်။

play

 

(၂)အိုးငယ် တစ်အိုးထဲတွင် ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ အရက် စားပွဲတင်ဇွန်း ၆ ဇွန်းကိုထည့်ပြီး မီးဖိုပေါ်တွင် ၁၀ မိနစ်ခန့် တင်ထားပါ။ အိုးရဲ့ အောက်ခြေမှာ အဖြူရောင် အနှစ်များကပ်နေသည်ကို တွေ့ရပါက ပျားရည်အတု ဖြစ်ပါတယ်။

play

 

(၃)ဖန်ခွက်တစ်ခွက်တွင် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပေါင်းခံရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ အိုင်အိုဒင်းစက် အနည်းငယ်ထည့်လိုက်ပါ။ အပြာရောင် ပြောင်းသွားမယ်ဆိုပါက ပျားရည်အတု ဖြစ်ပါတယ်။

ပျားရည် အတုနဲ့ အစစ် ခွဲခြားနည်း

 

ပျားရည်စစ်စစ်ပုလင်းကို နေပူထဲကြာကြာထားရင် ပုလင်းကွဲသွားတတ်ပါတယ်။ ပုလင်းထဲ ကြာရှည်ထည့်ပြီး နေပူ မလှန်းရပါဘူး။ အရသာလုံးဝမပြောင်းလဲဘဲ မှိုတက်ခြင်းလည်း မရှိပါဘူး။

Source : wikihow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ