Food & Recipe: ဈေးဝယ်ရင် ဟင်းသီးဟင်းရွက် လတ်ဆတ်လား ဘယ်လိုကြည့်ဝယ်ရမလဲ

ဝယ်တတ်အောင် လေ့လာထားသင့်ပါတယ်

အိမ်မှာ ကိုယ့်ဖာသာကိုယ်ဟင်းချက်စားမယ်ဆိုပြီး လိုအပ်တာတွေ ဝယ်ဖို့ လုပ်တဲ့အခါမှာ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်ဝယ်တတ်ဖို့ လိုပါတယ်။ စီးတီးမတ်မှာ ဝယ်ရင်တော့ စိတ်ချရပါတယ်။ အကုန်လုံးက အရည်အသွေးပြည့်မှီအောင် သေချာစစ်ဆေးပြီး ထုပ်ပိုးထားတာမို့လို့ ဘယ်ဟာက လတ်ဆတ်တယ်၊ မလတ်ဆတ်ဘူးရယ်လို့ ရွေးနေစရာ မလိုပါဘူး။ ရပ်ကွက်ကဈေးထဲမှာ ဝယ်မယ်ဆိုရင်တော့ ရွေးတတ်မှ ရပါမယ်။ တစ်ယောက်တည်းသွားပြီးလည်း ဝယ်တတ်အောင် သိသလောက် ဝေမျှပေးခြင်း ဖြစ်ပါတယ်။

play

 

မုန်လာဥနီ –  အရောင်ပိုနီလေ၊ ပိုရင့်လေ ကောင်းလေပါပဲ။

မုန်လာဥအဖြူ – အရွက်စိမ်းတွေပါတယ်ဆိုရင် ပိုပြီး လတ်ဆတ်ပါတယ်။ အရွက်မပါတဲ့ဟာ ဆိုရင်တော့ ပျော့နေရင် မဝယ်သင့်ပါဘူး။

ဘူးသီး – မ ကြည့်ပါ ။ လေးပြီး အိတစ်နေတာမျိုးက ပိုကောင်းပါတယ်။

ခရမ်းသီး – အညိုရောင် ဖြစ်နေရင် မကောင်းပါဘူး။ ခရမ်းရောင်ကို အပေါ်ကအခွံပြောင်လက်နေတာမျိုးကို ဝယ်ပါ။

ကြက်ဟင်းခါးသီး – အစိမ်းရင့်ရောင်ရှိလေ ပိုကောင်းလေပါပဲ။

ဒန့်ဒလွန်သီး – ကိုင်လိုက်ရင် တင်းတင်းရင်းရင်း ဖြစ်နေတာ စားဖို့ အသင့်တော်ဆုံးပါ။ ပိန်လိမ်နေတာ ဒါမှမဟုတ် ပျော့နေတာဆိုရင် မကောင်းပါ။

play

 

အုန်းသီး – အသီးကို လှုပ်ကြည့်လိုက်ပါ။ အထဲက အုန်းရေများများပါပြီး လှုပ်နေတဲ့ အသံကြားရရင် ဝယ်လို့ ရပါတယ်။

ဂေါ်ဖီထုပ် – မ ကြည့်လို့ လေးပြီး တစ်နေရင် ကောင်းပါတယ်။

ငှက်ပျောဖူး – ကိုင်ကြည့်ရင် လေးပြီး တစ်တစ်လေး ဖြစ်နေရပါမယ်။ အထဲက ငှက်ပျောသီးအဆံလေးတွေက လတ်ဆတ်နေရပါမယ် ။

play

 

ကြက်သွန်နီ – မည်းနေတာမျိုး မ၀ယ်ပါနဲ့ ။ အလေးချိန် မစီးချင်ရင်တော့ အညှာကျစ်ကျစ်လေးတွေကိုသာ ရွေးဝယ်ပါ။

ဂေါ်ဖီပွင့် အဖြူ/အစိမ်း – အပေါ်က ဂေါ်ဖီရွက်က ညိုပြီး မဲနေရင် မကောင်းပါဘူး။

ငရုတ်သီးစိမ်း – သူကတော့ အမြင်နဲ့ ဆုံးဖြတ်လို့ ရပါတယ်။ ဒါပေမယ့် တချို့ အတောင့်တွေက အစိမ်းနုရောင် ခပ်ဖျော့ဖျော့ဆို နုနေပါသေးတယ်။ စားရင် မစပ်ပါဘူး။

ကင်ပွန်းချဉ်ရွက်၊ မန်ကျည်းရွက် – သူကလည်း အမြင်နဲ့တင် ရပါတယ်။ အစည်းကို ကိုင်လိုက်လို့ အရွက်လေးတွေ တစ်ရွက် နှစ်ရွက်ပါ ကြွေကျသွားတယ် ဆိုရင် သိပ်မလတ်ဆတ်တော့ပါဘူး။

ဟင်းသီးဟင်းရွက် ဘယ်လိုရွေးမလဲ

 

ရုံးပတီသီး – အဖျားပိုင်း အချွန်လေးကို ချိုးကြည့်ပါ။ ကျိုးသွားရင် နုပါတယ်။ တချို့ဆိုင်တွေက ပေးမချိုးပါဘူး။ ဒါဆို ကိုင်ပြီး ဖျစ်ကြည့်ပါ။ ပျော့ရင် နုပါတယ်။

ဘိုစားပဲ – အညှာထိပ်လေးကို ချိုးကြည့်လိုက်ပါ။ ကျိုးသွားရင် လတ်ဆတ်ပြီး ကွေးရုံပဲ ကွေးသွားတယ်ဆိုရင် မလတ်ဆတ်တော့ပါဘူး။

သခွားသီး – လတ်ဆတ်တဲ့ သခွားသီးဟာ ပျော့မနေပါဘူး။

play

အာလူး – ပျော့နေတယ်ဆိုရင်တော့ မဝယ်သင့်တော့ပါဘူး။ မကြာခင်မှာ ပုပ်တော့မယ့် အလုံးတွေ ဖြစ်တာကြောင့်ပါ။ တချို့အာလူးတွေမှာ အမြစ်လေးတွေ ထွက်နေတာ တွေ့ဖူးပါလိမ့်မယ်။ ဒီလို အာလူးတွေက ဟင်းချက်ဖို့အတွက် မကောင်းတော့ပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ