ဘာစားရမလဲဆိုတာ စဉ်းစားမရသူတွေအတွက် အရသာရှိပြီး အာဟာရဖြစ်စေမယ့်အရာလေးပါ။
 

အသားငါးတွေ စားရတာ ငြီးငွေ့လာတဲ့အခါ အသီးအရွက်တွေကိုပဲ စားကြည့်တာကလည်း တစ်မျိုးကောင်းတာပါပဲ။ အူကို သန့်ရှင်းစေတယ်လေ။ ဝိတ်ချနေသူတွေကလည်း အသားငါးလျှော့စားပြီး နို့နဲ့ အသီးအရွက်တွေကို စားပေးမယ်ဆို သိသာလာမှာပါ။ အကြောင်းအမျိုးမျိုးနဲ့ သက်သက်လွတ်စားကြပေမဲ့ ဘာစားရမလဲဆိုတာ စဉ်းစားမရသူတွေအတွက် ပန်းဂေါ်ဖီပေါင်း ပြုလုပ်နည်းတော့ ရှိပါတယ်။

 

လိုအပ်တဲ့ ပစ္စည်းများ - ပန်းဂေါ်ဖီတစ်ပွင့် (အရွယ်တော်လှီးထားပါ)၊ ငြုပ်ပွနီ တစ်တောင့် (အစေ့ထုတ်ပြီးလှီးထားပါ)၊ ဘိုစားပဲ ၁၇၅ ဂရမ်၊ ကြက်သွန်မြိတ် ၂ ပင် (၁ လက်မအရွယ် လှီးထားပါ) တို့ကို ချက်ပြုတ်မှာ ဖြစ်ပါတယ်။ ဟင်းခတ်တွေအနေနဲ့ကတော့ သံလွင်ဆီ ၊ အနံံ့မပါတဲ့ ဆန်ဗီနီဂါ - ထမင်းစားဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူ ၂ မွှာ (ဓားပြားရိုက်ထားပါ)၊ အရည်ညှစ်ထားတဲ့ ဂျင်းရည် - ထမင်းစားဇွန်း ၁ ဇွန်း၊ ငြုပ်သီးခွဲကြမ်းမှုန့်၊ ဆား၊ ငြုပ်ကောင်းမှုန့်နဲ့ တရုတ်ဟင်းခတ်အမွှေးအကြိုင် အနည်းတို့ လိုအပ်ပါတယ်။

 

ပြုလုပ်ပုံကို ပြောပြပါ့မယ်။ ပန်းဂေါ်ဖီတွေကို ပေါင်းအိုးထဲမှာ ၅ မိနစ်ထည့်ပေါင်းပါ။ ၅ မိနစ်ပြည့်ရင် ငြုပ်ပွနီ၊ ဘိုစားပဲ၊ ကြက်သွန်မြိတ်တို့ကို ပန်းဂေါ်ဖီပေါ်ကတင်ပြီး နောက်ထပ် ၃ မိနစ်လောက် ပေါင်းပေးရပါမယ်။ ဟင်းသီးဟင်းရွက်တွေကို ပေါင်းထားစဉ်အတွင်းမှာ ဟင်းခတ်ပစ္စည်းတွေအားလုံးကို ပန်းကန်လုံးတစ်ခုထဲမှာ ရောသမွှေထားပါ။ ပေါင်းထားတာ ရပြီဆိုတာနဲ့ ရောမွှေထားတဲ့ ဟင်းခတ်တွေကို အပေါ်ကဖြူး၍ ဖြစ်စေ၊ ရောနယ်၍ဖြစ်စေ ပြုလုပ်ပြီး သုံးဆောင်နိုင်ပါပြီ။ ပူပူနွေးနွေးစားမှ အရသာပိုရှိမှာပါ။ ပန်းဂေါ်ဖီနဲ့ ဘိုစားပဲတို့က အဆာလည်းခံသလို ကျန်းမာရေးအတွက်လည်း သင့်လျော်တာမို့ သက်သက်လွတ်စားသူတွေအတွက် အရသာရှိပြီး အာဟာရဖြစ်စေပါလိမ့်မယ်။

Source : Healthy foodie

Share

Loading Next Article...
က္က