ငါး၊ သံပရိုသီး၊ ဟင်းခတ်မှုန့်၊ ဆီနဲ့ စမုန်ဖြူတို့ကိုသုံးပြီး အမျိုးမျိုး ချက်ပါ့မယ်။
 

ဆယ်လ်မွန်ငါးဟာ ကျန်းမာရေးအတွက် အထူးကောင်းတဲ့ ငါးတစ်မျိုး ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးကို စားခြင်းကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတွေကို ရရှိနိုင်မှာဖြစ်သလို စိတ်ဓာတ်ကျဆင်းနေသူတွေလည်း စားသုံးသင့်တဲ့ အစားအစာဖြစ်ပါတယ်။ ဆယ်လ်မွန်ကြိုက်သူတွေအနေနဲ့ နည်းအမျိုးမျိုး လုပ်စားလို့ရအောင် ပြောပြပါ့မယ်။

 

၁။ ပထမဆုံးနည်းကတော့ ဝိတ်မတက်ချင်ဘူး ဆိုသူတွေအတွက် ဖြစ်ပါတယ်။ ပေါင်းထားသလို နူးအိပြီး အရသာရှိတဲ့ ချက်ပြုတ်နည်းပါ။ မီးဖိုပေါ်ကို ရေနွေးတစ်အိုး တည်ထားလိုက်ပါ။ ရေနွေးဆူလာပြီဆိုရင် ဆား၊ ငြုပ်ကောင်းစေ့နဲ့ စမုန်ဖြူပင်တို့ကို ထည့်လိုက်ရပါမယ်။ သံပရိုသီးကို အကွင်းလေးတွေလှီးပြီး အိုးထဲထပ်ထည့်၊ ဆယ်လ်မွန်ငါးအသားတုံးကိုထည့်ကာ အပေါ်ကနေ အဖုံးအုပ်ထားလိုက်ပါ။ သံပရာသီးက အခန့်မသင့်ရင် ခါးတတ်လို့ သံပရိုကိုသုံးပါတယ်။ မိနစ် ၂၀ ကြာရင် ငါးလည်း ကျက်ပါပြီ။ အိုးထဲကထုတ်ပြီး ငါးပေါ်ကို အရသာမှုန့်နဲ့ ငြုပ်ကောင်းမှုန့်ဖြူးကာ နှစ်သက်ရာ ဟင်းသီးဟင်းရွက်နဲ့ တွဲဖက်သုံးဆောင်လို့ရပါပြီ။

 

၂။ နောက်တစ်မျိုးကတော့ ကြော်စားတာ ဖြစ်ပါတယ်။ ဆားနဲ့ ငြုပ်ကောင်းမှုန့်လေးသုတ်ပြီး ဆီနည်းနည်းနဲ့ ကြော်စားမယ်ဆိုလည်း အရသာရှိတယ်လေ။ ကြော်ထားတာဆိုတော့ အနံ့က မွှေးကြိုင်နေတာပဲ။

 

၃။ ကင်စားကြည့်ရအောင်။ ငါးအသားတုံးကို သံလွင်ဆီနဲ့နယ်ပါ။ အရသာအတွက်တော့ ဆားနဲ့ ငြုပ်ကောင်းမှုန့် ဖြူးလိုက်တာပေါ့။ ငါးအသားတုံးပေါ်မှာ သံပရိုသီး ၂ ကွင်း၊ စမုန်ဖြူ ၂ ပင်ကို ထပ်တင်လိုက်ပါ။ မိုက်ခရိုဝေ့ဗ်မီးဖိုထဲမှာ အပူချိန် ၂၀၀ ဒီဂရီစင်တီဂရိတ်နဲ့ ၁၀ မိနစ်မှ ၁၂ မိနစ်ကြား အပူပေးထားရပါမယ်။ ပြုတ်တာထက်လည်း အရသာကောင်းတယ်၊ ကြော်တာထက်လည်း ကျန်းမာရေးနဲ့ ပိုညီညွတ်တယ်။ အနံ့အရသာကတော့ နူးအိမွှေးကြိုင်နေပါလိမ့်မယ်။

Source : Tasty

Share

Loading Next Article...
က္က