ဈေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေဟာ အချိန်ကြာကြာအထားခံဖို့အတွက်ဆိုရင် ကိုယ့်ရဲ့သိမ်းဆည်းမှုပေါ်သာ မူတည်ပါတယ်။
 

၁။ ရေဆေးပြီးမှ သိမ်းတာမျိုး မလုပ်နဲ့လို့ပြောရင် အံ့သြမသွားပါနဲ့။ ရေခဲသေတ္တာဖြစ်ဖြစ် ကြောင်အိမ်ဖြစ်ဖြစ် ဘယ်မှာပဲသိမ်းသိမ်း ရေဆေးပြီးမှ သိမ်းမယ်ဆို ပုပ်တာမြန်ပါတယ်။ ညစ်ပတ်နေရင် အဝတ်စလေးနဲ့ပဲသုတ်ပြီး သိမ်းပါ။

 

၂။ သစ်သီးနဲ့ ဟင်းချက်စားတဲ့အသီးတွေဟာ ခြောက်သွေ့တဲ့နေရာမှာဆို ပိုပြီးအထားခံပါတယ်။

 

၃။ မမှည့်သေးတဲ့ ထောပတ်သီးကို သိမ်းချင်ရင် အပြင်မှာပဲသိမ်းပါ။ ရေခဲသေတ္တာထဲမထည့်ထားပါနဲ့။ သတင်းစာ၊ စက္ကူနဲ့ထုပ်ပြီးတော့ ကြောင်အိမ်ထဲမှာသိမ်းပါ။ မှည့်နေတဲ့ ထောပတ်သီးဆိုရင် ပလတ်စတစ်အိတ်ထဲမှာ လုံအောင်ပိတ်ပြီးမှ ရေခဲသေတ္တာထဲမှာသိမ်းမယ်ဆို ပိုအထားခံပါလိမ့်မယ်။

 

၄။ ငှက်ပျောသီးရဲ့အညှာကနေ ဂတ်စ်တစ်မျိုးထွက်တယ်။ အဲ့ဒီဂတ်စ်ကြောင့်ပဲ ငှက်ပျောသီးက မြန်မြန်မှည့်တာဆိုတော့ အမှည့်မလွန်ချင်ဘူးဆိုရင် အညှာကို လုံအောင်ထုပ်ထားပါ။

 

၅။ လှီးဖြတ်ထားပြီးသားတွေဆိုရင်တော့ ဘူးတစ်ဘူးထဲမှာ ရေထည့်စိမ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းပါ။

 

၆။ သစ်သီးဝလံတွေကိုရော ဟင်းသီးဟင်းရွက်တွေကိုပါ ရေခဲသေတ္တာရဲ့ အအေးအနည်းဆုံးနေရာမှာ သိမ်းရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် အနံ့အရသာတွေကို ပိုပြီးထိန်းထားနိုင်ပါလိမ့်မယ်။

 

၇။ ငှက်ပျောသီး၊ မက်မွန်သီး၊ သစ်တော်သီး၊ ဆီးသီး၊ သရက်သီးနဲ့ ခရမ်းချဉ်သီးတို့ဟာ အီသိုင်လင်းထုတ်တဲ့ အသီးတွေပါ။ သူတို့ကို အခြားသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ တွဲထားလို့မရပါဘူး။ မြန်မြန်ဆန်ဆန် ပုပ်သွားနိုင်ပါတယ်။ ပန်းသီး၊ ခရမ်းသီး၊ ဖရဲသီး၊ အာလူး၊ ရွှေဖရုံ၊ ဘရိုကိုလီတို့ဟာ ယင်းအသီးတွေနဲ့ တွဲထားလို့မရပါဘူး။ ဘယ်မှာပဲသိမ်းသိမ်း နေရာခွဲပြီးသိမ်းရပါတယ်။

 

၈။ အာလူးနဲ့ ကြက်သွန်နီကို တူတူထားမယ်ဆို အာလူးမှာ အညှောင့်တွေမြန်မြန်ထွက်လာရော။ အညှောင့်ထွက်တဲ့ အာလူးကိုစားရင် အစာအဆိပ်သင့်တတ်ပါတယ်။ အာလူးက နေရောင်ထိရင်လည်း အပုပ်မြန်ပါတယ်။ အာလူးတောထဲ ပန်းသီးလေးတစ်လုံးလောက်ထားပေးမယ်ဆို အာလူးတွေကို ကြာကြာထားလို့ရပါတယ်။

 

၉။ ကြက်သွန်ဖြူရော ကြက်သွန်နီပါ အမှောင်ကြိုက်ပါတယ်။ စက္ကူအိတ်ထဲထည့်ပြီး အိတ်ကို အပေါက်သေးသေးလေးဖောက်ထားပေးကာ အမှောင်ထဲမှာသိမ်းဆိုရင် အချိန်ကြာကြာ အထားခံပါတယ်။

 

၁၀။ သင်သိပါသလား ကညွှတ်ကိုသိမ်းရင် ပန်းအိုးထိုးသလို သိမ်းရတယ်ဆိုတာ။ ရေခွက်ထဲကို ရေထည့်ပြီး ကညွှတ်စည်းကို ထောင်ထားပေးမယ်ဆို အချိန်ကြာကြာထိ လတ်ဆတ်နေပါလိမ့်မယ်။

 

၁၁။ ခရမ်းချဉ်သီးကို သိမ်းမယ်ဆို ရေခဲသေတ္တာထဲမှာ မထားပါနဲ့။ အနံ့အရသာ လျော့သွားနိုင်လို့ပါ။ အပြင်မှာထားမယ်ဆိုလည်း အညှောင့်ကို မိုးပေါ်ထောင်ပြီးသိမ်းရပါတယ်။ ဒါမှ မှည့်တာနှေးမှာပါ။

Source : Bright Side

Share

Loading Next Article...
က္က