ခုလိုနွေရာသီမှာ ဂွေးသီးကို ငံပြာရည်၊ ငြုပ်သီးမှုန့်တို့နဲ့ နယ်စားရင် ရှယ်မှရှယ်ပဲ...
 

ငယ်ငယ်တုန်းက အချဉ်ပေါင်းသည်ဆီမှာ ဝယ်မယ်ဆို ဒီအသီးနာမည်ကို ပါးစပ်ကရွတ်ဖို့ ရှက်ကိုးရှက်ကန်းဖြစ်ခဲ့ရတယ်။ စားလို့ကတော့ ကောင်းသလားမမေးနဲ့။ ငံပြာရည်နဲ့နယ်ထားတာမြင်ရုံနဲ့တင် သွားရည်ယိုလာရော။ ဂွေးသီးရဲ့အရသာက ချဉ်၊ချို၊ဖန် ရှိပါတယ်။ သူ့ကိုစားရင် ကျန်းမာရေးအတွက် ကောင်းကျိုးပေးနိုင်ပါတယ်။ ဘယ်လိုကောင်းကျိုးတွေရှိသလဲဆိုတာ သိပါသလား?

 

၁။ ကယ်လ်ဆီယံပါဝင်လို့ နှလုံးကြွက်သားတွေကို ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ ပုံမှန်စားရင် နှလုံးကြွက်သားနဲ့ဆိုင်တဲ့ရောဂါ ဖြစ်နိုင်ခြေ လျော့နည်းသွားပါတယ်။ အရိုးနဲ့သွားတွေကိုလည်း ကျန်းမာစေပါတယ်။

၂။ ဂွေးသီးမှာ မျက်စိအားကောင်းစေတဲ့ ဗီတာမင် A ပါဝင်ပါသေးတယ်။ အဓိကအားဖြင့် အမြင်အာရုံကို ကြည်လင်စေပါတယ်။

၃။ ဗီတာမင် C ပါဝင်တယ်ဆိုတာကတော့ အချဉ်ဓာတ်ကို ခံစားမိရင် သိနိုင်မှာပါ။ ပြင်ပလေထုရဲ့ ညစ်ညမ်းမှုကြောင့် ဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေကို တန်ပြန်တိုက်ထုတ်ပေးနိုင်ပါသတဲ့။ အနာကျက်တာလည်း မြန်စေပါတယ်။

 

၄။ ဒီအချက်ကိုပြောရရင် မိန်းကလေးတွေက ဂွေးသီးကို ပိုပြီးစားချင်လာတော့မှာပဲ။ ဘာလို့လဲဆိုတော့ ဂွေးသီး ၁၀၀ ဂရမ်မှာ သံဓာတ် ၃၀ မီလီဂရမ် ပါဝင်တယ်လေ။ သွေးနီဥဆဲလ်တွေ တိုးပွားစေပြီး သွေးအားနည်းခြင်းကို သက်သာစေပါတယ်။ ဗီတာမင် B1 လည်း ပါဝင်ပါတယ်။ ဒီဗီတာမင်က ခန္ဓာကိုယ်တွင်းက အောက်ဆီဂျင်လှည့်ပတ်စီးဆင်းမှုကို အထောက်အကူဖြစ်စေလို့ သွေးနီဥဆဲလ်တွေ ပိုမိုပွားများစေပါတယ်။

Source : Vege Fruits


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က