Food & Recipe: မြို့ပတ်လမ်းလျှောက်ရင်း ရန်ကုန်သင်္ကြန်ဆင်နွဲမလား

၂၀၁၆ ခုနှစ်တုန်းက လူ နှစ်ထောင်ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး ရန်ကုန်ဒေသကြီးအစိုးရအဖွဲ့က ပေးအပ်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို ရရှိထားပါတယ်။

play

 

သင်္ကြန်တွင်း ရန်ကုန်မှာပဲ ရှိမယ့်သူတွေအတွက် ဆန်းသစ်တဲ့ အစီစဉ်လေးတစ်ခု အကြောင်း လက်တို့ချင်ပါတယ်။ Yangon Splash Walk  ဆိုတဲ့ အစီစဉ်လေးဖြစ်ပါတယ်။ 

play

 

ဒီအစီစဉ်လေးဟာ အုပ်စုလိုက် သင်္ကြန်တွင်း ရန်ကုန်မြို့ပတ်လမ်းလျှောက်ပြီး အတာပွဲ ဆင်နွဲတဲ့ ပွဲလေး ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း အောင်မြင်စွာ ပြုလုပ်ခဲ့တဲ့ ဒီစုစည်းမှုပွဲလေးဟာ သင်္ကြန်ပွဲတော်ရဲ့ အတက်နေ့ညနေပိုင်းမှာ ဆင်နွှဲတာ ဖြစ်ပါတယ်။ ဒီအစီစဉ်လေးဟာ ငယ်စဉ်က ဖြတ်သန်းခဲ့ရတဲ့ အနှစ်သာရရှိတဲ့ သင်္ကြန်အငွေ့အသက်တွေကို အတူတကွပြန်လည်ခံစားအမှတ်ရဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ Yangon Splash Walk  ရဲ့ Facebook ပေ့ခ်ျမှာ စီစဉ်ရတဲ့ ရည်ရွယ်ချက်ကို ရေးထားပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - ရန်ကုန်က ရခိုင်သင်္ကြန်ပွဲတော်ကို သွားသင့်တဲ့ အကြောင်းအရင်း (၄) ချက်)

play

 

 လမ်းလျှောက်ရုံတင်မကဘဲ လမ်းတစ်လျှောက်က မိသားစုမဏ္ဍပ်တွေမှာ ရေကစားတာ၊ အထင်ကရနေရာတွေမှာ အုပ်စုလိုက် ဓာတ်ပုံရိုက်တာ၊ စုရပ်တွေမှာ သီဆိုကခုန်ကြတာတွေ ပြလုပ်မှာ ဖြစ်ပါတယ်။ ဒီအစီစဉ်လေးဟာ ၂၀၁၆ ခုနှစ်တုန်းက လူ နှစ်ထောင်ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး ရန်ကုန်ဒေသကြီးအစိုးရအဖွဲ့က ပေးအပ်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို ရရှိထားတာလည်း ဖြစ်ပါတယ်။ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ ယုံကြည်ကိုးကွယ်မှု၊ နိုင်ငံရေးအယူအဆ၊ ရာထူး ဂုဏ်ဒြပ်၊ ငွေကြေးဥစ္စာ ဘာကိုမှ ခွဲခြားခြင်းမရှိဘဲ Yangon Splash Walk မှာ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ထားပြီး မောရင်သောက်ဖို့ အထိ အစစအရာရာ စီစဉ်ပေးထားတယ်လို့ ပွဲစီစဉ်သူတွေကတော့ ကြေညာထားပါတယ်။ လူသာ ရောက်အောင်လာခဲ့ဖို့ လိုပါတယ်တဲ့။

play

 

ဒီနှစ်သင်္ကြန်မှာတော့ ထူးထူးခြားခြားလေး ဆင်နွှဲချင်တယ်ဆိုရင် ဒီပွဲလေးကို သူငယ်ချင်းတွေနဲ့ သွားကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ အသေးစိတ်သိချင်တယ်ဆိုရင်တော့ Yangon Splash Walk ပေ့ခ်ျလေးမှာ သွားရောက်လေ့လာလို့ရပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - အားလပ်ရက်ခရီးမှာ အလုပ်ကိုနောက်ဆံတင်းနေရတာမျိုး မဖြစ်ပါစေနဲ့)

Photos : Yangon Splash Walk

Yangon Splash Walk
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ