ဘယ့်နှယ့်... ကြံကြံဖန်ဖန် လူကစွန့်ထုတ်တဲ့ဆီးနဲ့မှ ထုတ်ရတယ်လို့။
 

လူ့ခန္ဓာကိုယ်တွင်းက စွန့်ထုတ်လိုက်တဲ့ ဆီးကို အသုံးပြုကာ ချက်လုပ်ထားတဲ့ ဘီယာတစ်မျိုး မကြာခင် ဈေးကွက်ထဲ ရောက်လာပါတော့မယ်။ ဒိန်းမတ်နိုင်ငံရှိ ဘီယာထုတ်လုပ်ရေးကုမ္မဏီတစ်ခုက လူ့ဆီးကို အသုံးပြုကာ ဘီယာချက်မယ်လို့ သိရပါတယ်။

 

Beercycling လို့ အမည်ပေးထားတဲ့ အစီအစဉ်နဲ့ ယခုနှစ်ဇွန်လကုန်ပိုင်းမှာ လူအများကို မြည်းစမ်းစေတော့မှာ ဖြစ်ပါတယ်။ ဒီအကြံကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ရရှိခဲ့တာပါ။ Piss (ဆီး) နဲ့ Pilsner အမည်ရှိ ဘီယာတစ်မျိုးကို ရောစပ်ထားတဲ့ Pisner ဘီယာကို ထုတ်လုပ်ဖို့ စတင်ကြံစည်ခဲ့ကြပါတယ်။ ထိုစဉ်က ဒိန်းမတ်နိုင်ငံမှာပြုလုပ်တဲ့ Roskilde ပွဲတော်ကို လာရောက်သူတွေထံကနေ ဆီး လီတာပေါင်း ၅၄,၀၀၀ ကို ရယူစုဆောင်းခဲ့ပြီး ချက်လုပ်ခဲ့ကြပါတယ်။

 

သို့သော်ငြားလည်း ဒိန်းမတ်နိုင်ငံရှိ စိုက်ပျိုးရေးနဲ့အစားအစာကောင်စီ (Landbrug and Fødevare) ကတော့ ယခုဘီယာထဲမှာ လူ့ဆီးကို လုံးဝမတွေ့ရဘူးလို့ စမ်းသပ်စစ်ဆေးမှုရလဒ်ကို ကြေညာထားပြန်ပါတယ်။ ဘီယာချက်လုပ်ရေးကုမ္ပဏီကတော့ လူ့ဆီးတွေကို ဓာတ်မြေသြဇာအနေနဲ့သာ အသုံးပြုခဲ့တာပါ။ ယင်းနည်းကို သုံးလာတာ နှစ်ပေါင်းရာချီနေပြီလို့ဆိုတယ်။ ၂၀၁၆ ခုနှစ် ဆောင်းရာသီအတွင်းမှာတော့ စုဆောင်းရယူခဲ့တဲ့ဆီးတွေကို ဘာလီပင်ပေါင်း ၁၁ တန်အတွက် ဓာတ်မြေသြဇာအနေနဲ့ အသုံးပြုပေးခဲ့ပါတယ်။

Source : Metro

Share

Loading Next Article...
က္က