ဒါတွေကိုသာ သိထားမယ်ဆို အစားအစာတွေ အလဟဿမဖြစ်တော့ဘူး။
 

ပိုနေတဲ့ အစားအသောက်တွေ၊ မချက်ပြုတ်ရသေးတဲ့ အသား၊ငါး၊ အသီးအရွက်တွေကို အထားခံဖို့အတွက် ရေခဲသေတ္တာထဲမှာ အအေးဓာတ်နဲ့ သိုလှောင်သိမ်းဆည်းကြပါတယ်။ ဒီလိုသိမ်းဆည်းတဲ့အခါ အချိန်ပိုကြာကြာသိမ်းနိုင်ဖို့အတွက် လျှို့ဝှက်ချက်တွေ ရှိပါတယ်။ သိမ်းဆည်းနည်းသာ မှန်ကန်မယ်ဆို အချိန်ကြာကြာ အထားခံမှာဖြစ်ပြီး အရသာလည်း မလျော့တော့ပါဘူး။ မီးပျက်သွားလို့ ရေခဲသေတ္တာ မအေးတော့ချိန်မှာ သိမ်းထားတာတွေ လွှင့်ပစ်လိုက်ရတာမျိုးလည်း မကြုံရတော့ဘူးလေ။ ဇစ်ပါတဲ့ လေလုံအိတ်လေးတွေကိုလည်း မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။

၁။ ပိုနေတာတွေကို သိမ်းမယ်ဆို လေလုံတဲ့အိတ်ထဲမှာထည့်ပြီး ပြားနေအောင်ဖိကာ ရေခဲသေတ္တာထဲမှာ သိမ်းပါ။ အိတ်ထဲကို လေမဝင်ပါစေနဲ့။ လေက အစားအစာတွေ ပုပ်သိုးလွယ်စေမယ့် အကြီးမားဆုံးရန်သူပါ။

 

၂။ စားပြီးလို့ပိုနေတဲ့ ဟင်းအကြွင်းအကျန်တွေကို သိမ်းတဲ့အခါ အိတ်ပေါ်မှာ စာရေးပြီးသိမ်းသင့်ပါတယ်။ ဘယ်နေ့နောက်ဆုံး အထားခံတယ်ဆိုတာကို ရေးပါ။ သိမ်းတဲ့နေ့ကို မရေးရပါဘူး။ ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို အေးခဲထားမယ်ဆို ၃ လလောက် အထားခံပါတယ်။ ပြန်နွှေးပြီး စားပေါ့။

၃။ ချက်ပြုတ်ရာမှာ အသုံးပြုပြီး ပိုနေတဲ့ ဂျင်း၊ ကြက်သွန်၊ အုန်းနို့ရည်၊ ငြုပ်ပွ စတာတွေကိုတော့ ရေခဲတုံးပြုလုပ်တဲ့ ခွက်လေးတွေထဲကို ထည့်သိမ်းလိုက်ပါ။ ရေခဲတုံးအတွင်းထဲမှာ အေးခဲပြီးသိမ်းထားတော့ နောက်တစ်ခေါက်ချက်ပြုတ်တဲ့အခါ အလွယ်တကူသုံးလို့ရပါတယ်။

၄။ ချက်ပြုတ်ဖို့ ပြင်ထားပြီးမှ မချက်ဖြစ်သေးတဲ့ အသားတွေကိုတော့ အလုံးလေးတွေလုံးပြီး ဗန်းထဲမှာဖြန့်ကာ ရေခဲသေတ္တာထဲမှာ အရင်ဆုံးအေးခဲစေလိုက်ပါ။ ခဲသွားပြီဆိုတော့မှ လေလုံအိတ်ထဲမှာ သိမ်းရပါမယ်။ ဒီလိုဆိုရင် ပိုပြီးကြာကြာ အထားခံပါတယ်။

 


၅။ ရေခဲသေတ္တာထဲမှာ အေးခဲထားမယ်ဆိုရင် ဘယ်အရာတွေက အချိန်ဘယ်လောက်ထိ အထားခံသလဲ?

ဝက်သား - ၁ လ

ဝက်အူချောင်း - ၂ လ

ငါးအသားချောင်း - ၃ လ

နုပ်နုပ်စင်းထားတဲ့ အသား - ၄ လ

လှီးဖြတ်တုံးတစ်ထားတဲ့ ကြက်သား - ၆ လ

ကြက်အကောင်လိုက် (သို့မဟုတ်) ကင်ထားတဲ့ကြက်သား - ၉ လ မှ ၁၂ လ

Source : BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က