အိမ်မှာကိုယ်တိုင်ကြော်စားရင် သုံးပွဲစာမကဘူး ပိုတောင်ရသေးတယ်။
 

ပြည်ကြီးငါးကြိုက်တဲ့လူတွေအတွက် ပြည်ကြီးငါးကိုကြွပ်ရွနေအောင် အစပ်ကြော်ထားတာလေး လုပ်စားနည်း ဖော်ပြလိုက်ပါတယ်။ ပြည်ကြီးငါး လတ်လတ်ဆတ်ဆတ် ရတဲ့အခါ ကြော်စားကြည့်ပါ။ ကိုယ်တိုင်ကြော်စားတာက ဆိုင်တွေမှာ ဝယ်စားရတာထက် ငွေကုန်ကြေးကျ ပိုပြီးသက်သာတယ်။ ဆိုင်ကနေ ဝယ်စားတဲ့ တစ်ပွဲစာက အိမ်မှာကိုယ်တိုင်ကြော်စားရင် သုံးပွဲစာမကဘူး ပိုတောင်ရသေးတယ်။

 

ပြည်ကြီးငါး လတ်ဆတ်ပြီး အကောင်မကြီးမသေး အရွယ်ကို ရွေးပါ။  ခေါင်းတွေကိုမယူဘဲ ကိုယ်လုံးကိုပဲ ယူပါမယ်။ အကွင်းလေးတွေ လှီးထားပါ။ ကြက်ဥကိုဖောက်ပြီး အကြောပြတ်အောင်မွှေထားပါ။ ဂျုံမှုန့်၊ ဆား၊ ငြုပ်ကောင်းမှုန့်တို့လည်း လိုအပ်ပါတယ်။ ကြက်သွန်ဖြူနဲ့ ဂျင်းကို ထောင်းထားပါ။ ငရုတ်ပွအနီ၊ ကြက်သွန်မြိတ်၊ ငရုပ်သီးစိမ်းတို့ကို ပါးပါးလှီးထားဖို့ ရပါမယ်။ ကြက်သွန်၊ ငရုတ်သီးတို့ကို မပြင်ဆင်မီမှာ ပြည်ကြီးငါးကို ရေစင်အောင်ဆေးပြီး ဆား၊ ငြုပ်ကောင်းမှုန့်၊ အရသာမှုန့်တို့နဲ့နယ်ပြီး နှပ်ထားရမှာ ဖြစ်ပါတယ်။

 

အားလုံးပြင်ဆင်ပြီးသွားပြီဆိုရင် ပထမဆုံးအနေနဲ့ ပြည်ကြီးငါးကို ကြော်ပါမယ်။ ပြည်ကြီးငါးကို ဂျုံမှုန့်လူး၊ ကြက်ဥထဲနှစ်ပြီး ဂျုံမှုန့်နဲ့ ပြန်လူးကာ ကြော်ပေးရပါမယ်။ ဆီများများနဲ့ကြော်မှသာ ပြည်ကြီးငါးတွေက ကြွပ်မှာပါနော်။ ကြော်ပြီးသွားရင် ဆယ်ထားပါ။ နောက်ထပ် အိုးတစ်ခုထဲမှာ ဂျင်းနဲ့ကြက်သွန်ဖြူကို ဆီသတ်ပါ၊ ငရုတ်သီးစိမ်းကိုထည့်ပါ။ မီးကိုပိတ်လိုက်ပါ။ ကြော်ထားတဲ့ ပြည်ကြီးငါးတွေကို ထပ်ထည့်ပြီး ပန်းငရုတ်ပွ၊ ကြက်သွန်မြိတ်၊ ငြုပ်ကောင်းမှုန့်အနည်းငယ် ဖြူးပြီး မွှေလိုက်ရင် အရသာရှိရှိနဲ့ ပူစပ်ကြွပ်ရွတဲ့ ပြည်ကြီးငါးအစပ်ကြော် ရပါပြီ။

Source : Chef Ron

Share

Loading Next Article...
က္က