အယ်လ်ကိုဟော (အရက်) သောက်တာ ကောင်းတယ်လို့တော့ မဆိုလိုပါဘူး။ သောက်ချင်စိတ်ရှိလို့ သောက်မယ်ဆိုလည်း တိုင်းထွာချင့်ချိန်ပြီး သောက်ဖို့လိုပါတယ်။ ဘယ်သူကမှလည်း ရုပ်ပျက်ဆင်းပျက် မူးပြီးမှောက်သွားတာမျိုး မဖြစ်ချင်ကြဘူးလေ။ အကြောင်းအမျိုးမျိုးကြောင့် သောက်ဖို့ဖြစ်လာတဲ့အခါ ဇဝေဇဝါ ဖြစ်နေကြတဲ့ ယူဆချက်တွေရှိနေရင်တော့ ဒါတွေဖတ်ကြည့်ပါ။

 

၁။ ရောသောက်ရင် ပိုမူးတယ်

ဘီယာနဲ့ အရက်၊ ဝိုင်တွေကို ရောသောက်ရင် ပိုပြီးမူးတယ်လို့ ထင်နေကြတယ်။ အရက်နာကျလိမ့်မယ်လို့လည်း ထင်ကြတယ်။ တကယ်တော့ ဘီယာ၊ အရက်နဲ့ ဝိုင်တို့ကို ရောသောက်ခြင်းဟာ အရက်နာကျခြင်းကို ပိုဆိုးရွားစေတာမဟုတ်ကြောင်း သိပ္ပံပညာရှင်တွေက အတည်ပြုပြီးသားပါ။ ဘယ်လို အယ်လ်ကိုဟောအမျိုးအစားကို ဘယ်လောက်သောက်ခဲ့သလဲ ဆိုတာကသာ အရက်နာကျခြင်းရဲ့ အဓိကအချက်ဖြစ်ပါတယ်။

 

၂။ အယ်လ်ကိုဟောက ဦးနှောက်ကိုဆိုးကျိုးပဲပေးတယ်

တကယ်တော့ အယ်လ်ကိုဟောသောက်သုံးခြင်းဟာ ဦးနှောက်တင်မက အသည်းနဲ့ အစာအိမ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အလွန်အကျွံမဟုတ်ဘဲ ပမာဏ အနည်းငယ်လောက် သောက်ရင်တော့ စိတ်ခံစားချက်ကို ကောင်းစေပါတယ်။ အမျိုးသမီးတွေအနေနဲ့ အယ်လ်ကိုဟော ပမာဏအနည်းငယ်ကို သောက်သုံးတဲ့အခါ သွေးကြောတွေပွင့်ပြီး ခန္ဓာကိုယ်တွင်းမှာ သွေးလည်ပတ်မှု ကောင်းစေပါသတဲ့။

 

၃။ ဘီယာဆိုရင် ပုလင်းကပိုကောင်းတယ်

ဘီယာဆိုရင် စည်ထဲက၊ သံဘူးထဲကထက် ပုလင်းနဲ့လာတဲ့ဘီယာကမှ အရသာပိုကောင်းတယ်ဆိုတာလည်း မဟုတ်ပါဘူး။ သံဘူးတွေနဲ့ ထည့်တယ်ဆိုတာ သယ်ဆောင်ရလွယ်သလို သောက်မယ်ဆိုလည်း ဖွင့်ရလွယ်တယ်လေ။ ဘာနဲ့ပဲ ထည့်ထားပါစေ ဘီယာအားလုံးက အတူတူပါပဲလို့ ကော်လိုရာဒိုရှိ ဘီယာချက်လုပ်ရေးလုပ်ငန်း Ska Brewery က ပြောပါတယ်။

Source : Grunge

Share

Loading Next Article...
က္က