အိုးထဲကို ကြက်ဥထည့်ရင် ဖြည်းဖြည်းချင်းထည့်ဖို့ အရေးကြီးပါတယ်။
 

ကဲ.... ဒီကနေ့တော့ စွပ်ပြုတ်လုပ်သောက်ရအောင်ပါ။ ရာသီဥတုပူလို့ ထမင်းနဲ့ဟင်းကို မစားချင်သူတွေအတွက် ကြက်ဥမွှေစွပ်ပြုတ် ပြုလုပ်နည်းကို ဖော်ပြလိုက်ပါတယ်။ နေမကောင်းသူတွေရှိရင်လည်း ဆန်ပြုတ်အစား ကြက်ဥစွပ်ပြုတ်လေး တိုက်ရင် ပိုပြီး အာဟာရဖြစ်တာပေါ့။

 

ကြက်ဥစွပ်ပြုတ် တစ်ပွဲစာအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်ပြုတ်ရည်၊ ကြက်ဥ - ၃ လုံး၊ ကော်မှုန့် - ထမင်းစားဇွန်းတစ်ဝက်၊ ဆား ၊ ငြုပ်ကောင်းမှုန့်နဲ့ ကြက်သွန်မြိတ်တို့ပဲ ဖြစ်ပါတယ်။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။ ကြက်ဥကို ဖောက်ပြီး သေသေချာချာလေး မွှေထားရပါမယ်။ ဆားနဲ့ငြုပ်ကောင်းကိုလည်း ကြက်ဥထဲ ထည့်ပြီးခလောက်ထားပါ။ ကော်မှုန့်ကိုလည်း ရေဖျော်ထားပါ။

 

ဒါဆိုရင် ချက်လို့ရပါပြီ။ ကြက်ပြုတ်ရည်ကို မီးဖိုပေါ်မှာ ဆူအောင်တည်ထားရပါမယ်။ ပြုတ်ထားပြီးသားအရည်ဆိုတော့ ဆူလာတာနဲ့ ဖျော်ထားတဲ့ကော်ရည်ကို ဖြည်းဖြည်းချည်း ထည့်ရပါမယ်။ ကော်ရည်ခွက်ကို လက်တစ်ဖက်က ဖြည်းဖြည်းချင်းထည့်နေချိန်မှာ ကျန်လက်တစ်ဖက်က အိုးထဲကိုမွှေပေးနေမှ အရည်တွေ မခဲကုန်မှာဖြစ်ပါတယ်။ ထပ်ဆူလာအောင် စောင့်ပြီး မွှေထားတဲ့ကြက်ဥကိုလည်း စောနကအတိုင်း ထည့်ပေးရပါမယ်။ ဆူလာရင် အရသာကိုမြည်းပြီး ဆားနဲ့ ငြုပ်ကောင်းမှုန့် ထပ်ပါ။ မီးဖိုပေါ်က ချပြီးရင် စားခါနီးမှ ကြက်သွန်မြိတ်လေးဖြူးပြီး စားမယ်ဆို အရမ်းဆိမ့်ပြီး မွှေးပျံ့နေတဲ့ ကြက်ဥစွပ်ပြုတ်လေးကို ရပြီပေါ့။

Source : Seonkyoung Longest

Share

Loading Next Article...
က္က