အရွယ်အလိုက် လိုအပ်တဲ့အာဟာရခြင်း မတူညီပါဘူး။

အသက် ၂၀ ဝန်းကျင်

ဒီအသက်အရွယ်ဟာ မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ လှသွေးကြွယ်ဆုံးအရွယ်လို့ ဆိုရပါမယ်။ အသားအရေလေးကလည်း တင်းရင်းလှပနေမယ်၊ ပြင်တတ်ဆင်တတ်တဲ့အရွယ်လည်းဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း ရေရှည်ကိုမစဉ်းစားဘဲ ကျန်းမာရေးနဲ့အလှအပကိုထိခိုက်စေမယ့်အရာတွေ စားချင်သလိုစားတတ်ကြတယ်။ အစိမ်းရင့်ရောင် ဟင်းရွက်တွေ၊ အရောင်စုံဟင်းသီးဟင်းရွက်တွေနဲ့ အားဖြစ်စေမယ့် အသား၊ငါးတွေကို ပိုစားပေးပါ။ သောက်တာစားတာများနေရင်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အလှပျက်မှာ အသေအချာပဲမို့ အလွန်အကျွံမလုပ်ပါနဲ့။

အသက် ၃၀ ဝန်းကျင်

အသားအရေတင်းရင်းမှုက သိပ်မကောင်းတော့ဘူး။ ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုနှုန်းက စပြီးနှေးလာပြီ။ အသားအရေခြောက်သွေ့လာကာ ကိုယ်အလေးချိန်လည်း တက်လာပါပြီ။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကြွယ်ဝတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားရပါမယ်။ ဗီတာမင် C ကိုလည်း လုံလုံလောက်လောက် ရရှိဖို့ လိုပါတယ်။ Collagen ထုတ်လုပ်မှုကောင်းစေမယ့် အရာတွေကို စားပေးပါ။

အသက် ၄၀ ဝန်းကျင်

Collagen ထုတ်လုပ်မှုက ပိုပြီးနှေးကွေးလာတဲ့အရွယ်ပါ။ အရေပြားတွေက သိသိသာသာ လျော့တွဲလာပါတယ်။ အထူးသဖြင့် မျက်နှာမှာ အရေးအကြောင်းတွေပေါ်နေတာကို ဖုံးဖိလို့မရတော့ပါဘူး။ အီစထရိုဂျင်ပမာဏကျဆင်းလာလို့ ဖြစ်ပါတယ်။ ငယ်စဉ်က နေပူထဲလျှောက်သွားခဲ့မိတဲ့အကျိုးဆက်တွေကြောင့် အသားအရောင်ကလည်း မလှတော့ပါဘူး။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ချေဖျက်ပေးမယ့် အစားအစာတွေကို စားဖို့ လိုပါတယ်။ ရေဓာတ်မခမ်းအောင်လည်း ဂရုစိုက်ပါ။ ဟော်မုန်းပမာဏမျှတစေမယ့် ငါးကြီးဆီ၊ အခွံမာသီးနဲ့ အစေ့အဆံတွေကို စားပေးပါ။

အသက် ၅၀ ဝန်းကျင်

အရေပြားပေါ်မှာ အစက်လေးတွေ စပြီးပေါ်လာပါပြီ။ အထူးသဖြင့် လက်မောင်းနဲ့ လက်တွေမှာပါ။ အရေပြားတွေက လျော့တွဲလာသလို ပိုပြီးပါးလျလာပါတယ်။ ပရိုတိန်း(အသားဓာတ်)ကြွယ်ဝတဲ့ အစားအစာတွေ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို မျှတအောင် စားသုံးကာ ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်နဲ့ဟော်မုန်းဓာတ်တွေ မျှတအောင် ထိန်းထားရပါမယ်။ ဒီအရွယ်မှာ အသားအရေကောင်းနေချင်ရင်တော့ ဘီတာကယ်ရိုတင်း (betacarotene)ကြွယ်ဝတဲ့ အဝါရောင်/အနီရောင်ရှိ သီးနှံတွေကို စားပေးလို့ရပါတယ်။

 

အသက် ၆၀ ဝန်းကျင်

လက်မောင်းနဲ့ပေါင်က ကြွက်သားတွေ ပျော့တွဲနေပါပြီ။ ဇရာကို လွန်ဆန်လို့ မရတော့အရွယ်ဖြစ်ပါတယ်။ သွေးလည်ပတ်မှုကလည်း နှေးကွေးလာပါတယ်။ ကျန်းမာရေးအတွက် လိုအပ်တဲ့ အသားဓာတ်ကို ဆက်လက်စားသုံးပါ။ ဗီတာမင် D လုံလုံလောက်လောက် ရနေဖို့လည်း အရေးကြီးပါတယ်။ ငါး၊ ဥအမျိုးမျိုးနဲ့ လတ်ဆတ်တဲ့ သီးနှံတွေကို စားပေးသင့်ပါတယ်။

Source : Daily Mail

Share

Loading Next Article...
က္က