လျှို့ဝှက်တချို့ကိုတော့ ရှာတွေ့ထားပါတယ်။
 

အစားအသောက် ချက်ပြုတ်ပြင်ဆင်ရာမှာ ထည့်သုံးရတဲ့ အပင်တွေဟာ စားစရာရဲ့ အနံ့အရသာကို ပိုသွားစေကာ ပြီးပြည့်စုံသွားစေပါတယ်။ ခက်တာက သူတို့ကို အများကြီးဝယ်ထားပြီးရင် ကြာကြာသိမ်းလို့မရတာပဲ။ အထူးသဖြင့် နံနံပင်လို အပင်တွေဆို သိပ်မခံဘူးလေ။ ကြာကြာအထားခံမယ့် လျှို့ဝှက်တချို့ကိုတော့ ရှာတွေ့ထားပါတယ်။ ခါတိုင်းထက် နှစ်ဆလောက် ပိုပြီးအထားခံမယ့်နည်းတွေပေါ့။

 

မာကြောတဲ့ ဟင်းခတ်ပင်တွေ (ဥပမာ စမုန်ဖြူပင်)တို့ဟာ နံနံပင်လို ပျော့ပျောင်းတဲ့အပင်တွေနဲ့ အတူမထားသင့်ပါဘူး။ သိမ်းဆည်းနည်းကလည်း မတူဘူးလေ။ ဟင်းခတ်ပင်တွေဟာ နှစ်ရက်နဲ့ သုံးရက်လောက်ထိသာ အထားခံပါတယ်။ ပိုပြီးအထားခံချင်ရင်တော့ ယခုပြောမယ့်နည်းကို စမ်းကြည့်ပါ။

 

ပျော့ပျောင်းတဲ့ဟင်းခတ်ပင်တွေ (ပင်စိမ်း၊ ပူစီနံ၊ နံနံပင် စသည်)တို့ကို ဈေးကဝယ်ပြီး အိမ်ရောက်တာနဲ့ ဖန်ခွက်တစ်လုံးထဲ ထောင်ပြီးထည့်ကာ ရေ ၂.၅ စင်တီမီတာ (လက်တစ်လုံးခန့်)ထည့်ပြီး ရေခဲသေတ္တာထဲမှာသိမ်းရင် ပိုအထားခံပါတယ်။ မာကြောတဲ့ ဟင်းခတ်ပင်တွေကိုလည်း ပလတ်စတစ်အိတ်ထဲမှာ မသိမ်းပါနဲ့။ စက္ကူနဲ့ထုပ်ပြီး ဇစ်ပါတဲ့အိတ်ထဲမှာ ပြန်သိမ်းထားရပါတယ်။ ဒါမှမဟုတ်လည်း အရွက်တွေကို သံလွင်ဆီထဲစိမ်ပြီး ရေခဲသေတ္တာထဲမှာ ခဲထားလို့လည်း ရပါတယ်။

Source : GHK

Share

Loading Next Article...
က္က