အနံ့အရသာ လျော့သွားရုံတင်မက အခြားအသီးတွေကိုပါ ထိခိုက်စေတယ်။

သစ်သီးတွေကို များများစားစားလေး ဝယ်ထားပြီး ရေခဲသေတ္တာထဲမှာသိမ်းမယ်။ စားတဲ့အခါ အေးအေးလေးနဲ့ဆိုတော့ ပိုကောင်းတာပေါ့။ ရေခဲသေတ္တာထဲမှာထားရင် ပိုပြီးလည်း အထားခံလို့ တွေးမိကြတယ်။ သစ်သီးတိုင်းဟာ ရေခဲသေတ္တာထဲမှာ သိမ်းထားဖို့မသင့်ဘူးဆိုတာ သိပါရဲ့လား။

 

၁။ ဖရဲသီး

ရေခဲသေတ္တာထဲမှာထားရင် အနံ့၊အရသာ လျော့သွားပါတယ်။ အပြင်မှာပဲထားမယ်ဆို ဖရဲသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက နဂိုအတိုင်း ကျန်နေပါလိမ့်မယ်။

 

၂။ ပန်းသီး

တကယ်တော့ ပန်းသီးတွေကို ရေခဲသေတ္တာထဲမှာ မသိမ်းရတာမဟုတ်ပါဘူး။ သိမ်းဖို့ မလိုအပ်တာပါ။ ပန်းသီးတွေဟာ ရေရှည်အထားခံတဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသီးတွေက အီသိုင်လင်းတွေကို ထုတ်လုပ်ပေးတာကြောင့် အခြားသစ်သီးတွေနဲ့ ရောထားမယ်ဆို အသီးတွေ မြန်မြန်ဆန်ဆန် ရင့်မှည့်သွားပါလိမ့်မယ်။ ရေခဲသေတ္တာထဲမှာ ပန်းသီးတွေကို သိမ်းမယ်ဆို အခြားသစ်သီးတွေနဲ့ ရောမထားသင့်ဘူး။

 

၃။ ထောပတ်သီး

ထောပတ်သီးတွေကို ရေခဲသေတ္တာထဲမှာထားရင် မှည့်ဖို့ကြာသွားပါလိမ့်မယ်။ ဒီသစ်သီးမျိုးက မမှည့်ခင်ဝယ်ပြီး သိမ်းထား၊ မှည့်မှစားရတာမျိုးလေ။ အမှည့်ကိုဝယ်လာရင် ချက်ချင်းစားမှဖြစ်တာမဟုတ်လား။ နောက်ရက်မှစားမယ်ဆို အပြင်မှာပဲထားပြီး မှည့်စေလိုက်ပါ။

 

၄။ ဘယ်ရီသီးတွေ

စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ချယ်ရီသီးနဲ့ ဘယ်ရီသီးမျိုးနွယ်ဝင် သစ်သီးတွေဆိုရင်လည်း ရေခဲသေတ္တာထဲမှာ မသိမ်းသင့်တဲ့ သစ်သီးတွေပါ။ အပြင်မှာထားရင် အမှည့်မြန်တယ်ဆိုဦးတော့ အရသာကေ

 

၅။ ငှက်ပျောသီး

ငှက်ပျောသီးကို မြန်မြန်မှည့်ချင်ရင် ဆန်ပုံးထဲမှာသာထားလိုက်။ ရေခဲသေတ္တာထဲသိမ်းရင် တော်တော်နဲ့လည်း မမှည့်ဘူး။ မာဆတ်ဆတ်ကြီးဖြစ်သွားတယ်။ ရေခဲသေတ္တာထဲမှာ တစ်ရက်လောက်ထားပြီး နောက်နေ့ အပြင်မှာသိမ်းမယ်ဆိုရင်တောင်မှ ကောင်းကောင်းမမှည့်တော့ဘူး။

Source : Womans Day

Share

Loading Next Article...
က္က