ကော်ဖီနံ့လေးသင်းနေတဲ့ အဖျော်ယမကာလေးတွေဟာ စိတ်ကိုကြည်လင်လန်းဆန်းစေဖို့ အကောင်းဆုံးပါပဲ။


ကော်ဖီသောက်ရတာ လူတိုင်းနှစ်သက်ကြမယ်ထင်ပါတယ်။ မနက်ခင်းအိပ်ယာထချိန် ကော်ဖီနံ့မွှေးမွှေးလေးနဲ့နိုးထရတာကိုက ဘဝရဲ့နိဗ္ဗာန်ပါပဲ။ ကော်ဖီဆိုရင် ဘယ်လိုကော်ဖီ အမျိုးအစားပဲ ဖြစ်ဖြစ် တစ်ခွက်လောက်သောက်လိုက်ရရင်ကို စိတ်ဖိစီးမှုတွေကိုလျော့ကျစေတယ်လေ။

ကော်ဖီ ကော့တေးလ် (Coffee cocktail) တွေကို ဒီမှာတော့လူသိသိပ်မများသေးပါဘူး။ ဒါပေမယ့် စမ်းသောက်ကြည့်လိုက်ပါ။ သူ့ရဲ့အရသာကိုသင်စွဲလမ်းသွားပါလိမ့်မယ်။ အခုအောက်မှာ ဖော်ပြထားတဲ့ ကော်ဖီ ကော့တေးလ်တွေဟာ မနက်ခင်းသောက်သုံးဖို့ မသင့်တော်ဘူးဆိုပေမယ့် ညနေခင်းအချိန်တွေမှာ စိတ်ကိုကြည်လင်လန်းဆန်းစေဖို့အတွက်တော့ အကောင်းဆုံးပါပဲ။



၁။ ခပ်ရှရှအရသာနဲ့ထိုင်းကော်ဖီအေး (Spiked Thai Iced Coffee)

အရသာရှိတဲ့ဒီကော်ဖီအေးဖျော်စပ်နည်းလေးကတော့ ထိုင်းရိုးရာကော်ဖီအေးကို Amaretto အရက်နည်းနည်းရောလိုက်တာပါပဲ။ ချိုစိမ့်စိမ့်အရသာရှိတဲ့ ဒီကော်ဖီအေးလေးဟာ ကော်ဖီအရသာကို အရက်အရသာနည်းနည်းစွက်ထားတဲ့ အတွက် သောက်နေရင်းကုန်သွားမှာကိုတောင် နှမျောလာမှာပါ။

 

၂။ အုန်းနို့ခရင်မ် ရမ် ကော်ဖီအေး (Creamy Coconut Rum Iced Coffee)

အုန်းနို့အနှစ်တွေဖုံးလွှမ်းနေခြင်းက ဒီကော်ဖီကော့တေးလ်ကို တမူထူးခြားစေတဲ့အချက်ပါပဲ။ ကော်ဖီပြင်းပြင်းကို အုန်းနို့အချိုနဲ့ရောပြီး Malibu လိုရမ်နဲ့ရောလိုက်တာက မယုံနိုင်လောက်အောင်ထူးခြားတဲ့အရသာကို ဆောင်ကြဉ်းပေးမှာပါ။

 

၃။ ဂျင်မ် လာဗင်ဒါ လက်တေး (Gin Lavender Lattes)

မိန်းကလေးတွေသောက်ဖို့ ကော်ဖီကော့တေးလ် လှတပတလေးစပ်ပေးချင်တယ်ဆိုရင်တော့ ဒီကော်ဖီကော့တေးလ်လေးက အသင့်တော်ဆုံးပါပဲ။ ဖျော်စပ်နည်းကတော့ ဖော်ပြပါ ဗီဒီယိုထဲကအတိုင်း လာဗင်ဒါကော်ဖီတစ်ခွက်ဖျော်ပြီး ဂျင်မ်အရက်နည်းနည်းရောလိုက်တာပါပဲ။

 

၄။ အိုင်းရစ်ကော်ဖီကော့တေးလ် (Irishman Coffee Cocktail)

အိုင်းရစ်ကော်ဖီကတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ အက်ပရက်ဆိုကော်ဖီရဲ့ခါးသက်သက်အရသာနဲ့ အိုင်းရစ်ဝီစကီရဲ့ ရှတတအရသာကိုပေါင်းစပ်ထားတဲ့ အိုင်းရစ်ကော်ဖီဟာ ညနေခင်းရုံးဆင်းချိန်တွေမှာ တစ်ခွက်လောက်သောက်လိုက်ရုံနဲ့ စိတ်ကိုလန်းဆန်းကြည်လင်စေမှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က