မျက်လုံးကျန်းမာရေးနဲ့ အသားအရေအတွက် ကောင်းမွန်သလို အစာချေညက်မှုအတွက်လည်း အထောက်အကူပြုစေပါတယ်။
 

အသင့်စားခေါက်ဆွဲခြောက်တွေဟာ ငွေကုန်ကြေးကျလည်းသက်သာသလို စားသုံးရတာလည်း လျင်မြန်လွယ်ကူတာကြောင့် လူအများတွင်တွင်ကျယ်ကျယ်စားသုံးနေကြပြီဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေကြားမှာ စားသုံးမှုက ပိုမိုများပြားပါတယ်။ ဒါပေမယ့် ခေါက်ဆွဲခြောက်ထုပ်တွေစားတာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ပြောကြလေ့ရှိပါတယ်။ အထူးသဖြင့် ခေါက်ဆွဲခြောက်တွေမှာ ဗီတာမင်ဓာတ်ကြွယ်ကြွယ်ဝဝ မရှိတာ ဖြစ်ပါတယ်။ ကယ်လိုရီနဲ့ ကာဗွန်ဟိုက်ဒရိတ်က အများဆုံးပါဝင်တာ ဖြစ်ပါတယ်။ 



ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်အောင်စားလို့ရပါတယ်။ လုပ်ရမှာက ပင်ပင်ပန်းပန်းကြီးမဟုတ်ပါဘူး။ အသီးအရွက် ထည့်စားဖို့ပဲ ဖြစ်ပါတယ်။ ခရမ်းချဉ်သီး၊ မုန်ညှင်း၊ ဆလပ်ရွက်၊ ကန်စွန်းရွက် စတဲ့ အဆင်ပြေတဲ့ အသီးအရွက်တစ်မျိုးမျိုးကို ထည့်စားပေးရမှာဖြစ်ပါတယ်။ ခေါက်ဆွဲခြောက်ပန်းကန်ထဲမှာရှိတဲ့ တစ်ဝက်လောက်က အသီးအရွက်တွေပဲ ဖြစ်သင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - သွားတိုက်တံကို သုံးလတစ်ခါ မလဲရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးများ)

 

တရုတ်နိုင်ငံမှာ ရိုးရာအစဉ်အလာအရ ခေါက်ဆွဲပြုတ်ကိုစားတဲ့အခါ အသားတွေထက်၊ အသီးအရွက်ကို ပိုမိုဦးစားပေးထည့်သွင်းစားလေ့ရှိတယ်လို့ ဆိုပါတယ်။ အသီးအရွက်ဟာ ဈေးလည်းအဲ့လောက်မကြီးတာကြောင့် ခေါက်ဆွဲခြောက်ထုပ်ကြိုက်သူတွေ မီးဖိုချောင်မှာ အမြဲသိမ်းထားသင့်ပါတယ်။ အသီးအရွက်ထည့်စားခြင်းကနေ ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓာတ်နဲ့ အခြားသက်စောင့်ဓာတ်များစွာကို ရရှိမှာ ဖြစ်ပါတယ်။

မျက်လုံးကျန်းမာရေးနဲ့ အသားအရေအတွက် ကောင်းမွန်သလို အစာချေညက်မှုအတွက်လည်း လိုအပ်ပါတယ်။ ကြိုက်ရင်ကြိုက်သလောက် အသီးအရွက်တွေကို ထည့်သွင်းစားသုံးတဲ့အခါ ဗီတာမင်ချို့တဲ့မှုမျိုးမရှိတော့ဘဲ ကျန်းမာရေးနဲ့ ညီညွတ်လာမှာ ဖြစ်ပါတယ်။

Photos & Source: Articles of Health


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က