တစ်ခါတလေကျရင် ဝိတ်ချတယ်ဆိုတာ လေ့ကျင့်ခန်းလုပ်တာ၊ gym ဆော့တာတစ်ခုတည်းနဲ့မဆိုင်ဘဲ အစားအသောက်၊ အနေအထိုင် နဲ့လည်းဆိုင်ပါသေးတယ်။
 

လေ့ကျင့်ခန်းတွေ ဘယ်လောက်လုပ်လုပ် ဝိတ်မကျတာမျိုးဖြစ်ဖူးလား။ တစ်ခါတလေကျရင် ဝိတ်ချတယ်ဆိုတာ လေ့ကျင့်ခန်းလုပ်တာ၊ gym ဆော့တာတစ်ခုတည်းနဲ့မဆိုင်ဘဲ အစားအသောက်၊ အနေအထိုင် နဲ့လည်းဆိုင်ပါသေးတယ်။ တချို့အစားအသောက်တွေက တွဲဖက်စားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကျဆင်းစေပါတယ်တဲ့။ သိချင်ရင်အောက်မှာဆက်ဖတ်ကြည့်လိုက်ပါ။



၁။ ပြောင်းဖူးနဲ့ပဲသီး

1-51.jpg 

တနေ့တခြားပိုပိုပူလာတဲ့ ဝမ်းဗိုက်ကို တိုက်ဖျက်ဖို့အတွက်အကောင်းဆုံးအစားအစာတစ်မျိုးကတော့ ပြောင်းဖူးပါပဲ။ ပြောင်းဖူးချည်းပဲစားရင်လည်း ကိုယ်အလေးချိန်လျော့ကျစေပါတယ်။ ဒါကို ပဲသီးစေ့နဲ့ပေါင်းလိုက်ရင်တော့ ပိုမိုထိရောက်တဲ့အာနိသင်ကိုရရှိနိုင်ပြီပေါ့။ ဒီစားစရာအတွဲအစပ်လေးကို ပိုမိုအရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုလုပ်လို့ရလဲဆိုတော့ ငရုပ်သီးမှုန့် (သို့) ငရုပ်ကောင်းမှုန့်နည်းနည်းနဲ့ နံနံပင်နည်းနည်းကိုပါရောထည့်လိုက်ဖို့ပါပဲ။ ဒီပါဝင်ပစ္စည်းလေးတွေအားလုံးကို ရောစပ်လိုက်ရင်တော့ ကိုယ်အလေးချိန်ကျဆင်းစေတဲ့ အကောင်းဆုံးအစားအစာတစ်မျိုးကို ရရှိပြီပေါ့။

၂။ ထောပတ်ဆီနဲ့ ဟင်းနုနွယ်ရွက်

2-50.jpg 

ဟင်းနုနွယ်ရွက်ကို ထောပတ်သီးဆီလေးနည်းနည်းရောလိုက်တာက အလုပ်ရှုပ်လည်းသက်သာစေပြီး ခန္ဓာကိုယ်ထဲက အဆီပိုတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ထောပတ်သီးထဲမှာပါဝင်တဲ့ အဆီက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ကိုလက်စထရော တွေကို လျော့နည်းသွားအောင်တိုက်ထုတ်ပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ဟင်းနုနွယ်ရွက်ဟာ ကိုယ်အလေးချိန်ကျဆင်းစေရေး အတွက် အများကြီး အထောက်အကူပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟင်းနုနွယ်ရွက်က ခါးဆိုဒ်ပိုကျဉ်းသွားအောင်ကူညီနိုင်တဲ့ ရေဓာတ်ကြွယ်ဝစွာ ပါဝင်လို့ပါပဲ။

၃။ ပန်းသီးနဲ့ချောကလက်အမဲရောင်

3-49.jpg 

ချောကလက်စားရတာလည်းကြိုက်၊ ဝိတ်လည်းကျချင်တယ်ဆိုရင်တော့ ပုံမှန်အချိုဓာတ်များတဲ့ချောကလက်တွေအစား အမဲရောင်ချောကလက်ကို ပိုမိုစားသုံးပေးသင့်ပါတယ်။ ကိုကိုးထဲမှာပါဝင်တဲ့ များပြားလှတဲ့ antioxidant ပမာဏက သွေးထဲကသကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ နောက်ပြီး ပန်းသီးကိုချောကလက်အမဲရောင်နဲ့တွဲဖက်ပေးခြင်းက ဓာတ်ပြုခြင်းဖြစ်စဉ်တွေကို ပိုမိုမြန်ဆန်စေတော့ ဝိတ်မြန်မြန်ကျစေဖို့ကိုလည်း အထောက်အကူပြုပေးနိုင်ပါတယ်။

၄။ ကြက်ဥနဲ့ငရုပ်ပွသီး

4-48.jpg 

ကျွန်တော်တို့အားလုံး သိထားပြီးတဲ့အတိုင်းပဲ။ ငရုပ်သီးစားရင်ဝိတ်ကျစေပါတယ်။ ဒါပေမယ့်ကြက်ဥနဲ့တွဲလိုက်မယ်ဆိုရင်ကော။ တချို့ထင်ကြပါတယ်။ ကြက်ဥစားခြင်းက အားရှိစေတယ်ဆိုတော့ ဝိတ်လည်း တက်စေမလားဆိုပြီး။ အမှန်တော့ ကြက်ဥကို ငရုပ်ပွသီးနဲ့တွဲစပ်လိုက်ခြင်းဟာ ခင်ဗျားရဲ့ခန္ဓာကိုယ်အတွက် အလွန်ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ ကြက်ဥဟာခန္ဓာကိုယ်ထဲက ဇီဝဓာတုဖြစ်စဉ်တွေကို ပိုမိုမြန်ဆန်စေပြီး ငရုပ်ပွသီးတွေကတော့ ဗိုက်တာမင်စီ ရင်းမြစ်တစ်မျိုးဖြစ်ပါတယ်။ ဒီ (၂) မျိုးကိုတွဲလိုက်မယ်ဆိုရင် လူ့ခန္ဓာကိုယ်အတွက် ကောင်းမွန်စေပါတယ်။

၅။ ကော်ဖီနဲ့ သစ်ကြံပိုးခေါက်မှုန့်

5-49.jpg 

ကော်ဖီသောက်ခြင်းက ဝိတ်ကျစေတယ်ဆိုတာကိုတော့ ရှင်းပြဖို့မလိုတော့ပါဘူး။ ဒါဆိုရင် သစ်ကြံပိုးခေါက်မှုန့်ကရော။ သစ်ကြံပိုးခေါက်မှုန့်တစ်မျိုးတည်းသောက်မယ်ဆိုရင်တောင် ဝိတ်ကျစေဖို့အတွက် ကြီးမားစွာအထောက်အကူပြုနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကော်ဖီသောက်ခြင်းက ကျွန်တော်တို့ရဲ့စိတ်ကိုတက်ကြွလန်းဆန်းစေပါသေးတယ်။ ဒီနှစ်မျိုးကိုပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ထူးခြားအံ့သြဖွယ် ရလဒ်တွေကို ဆောင်ကြဉ်းနိုင်ပြီပေါ့။

အထက်ဖော်ပြပါ နည်းလမ်းလေးတွေကို စမ်းသပ်ကြည့်ပြီးပြီလား။ မစမ်းရသေးရင် စမ်းသပ်ကြည့်ဖို့ တိုက်တွန်းပါရစေနော်။

Source: Youngisthan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က