ပြုလုပ်ရတာလည်းလွယ်ကူပါတယ်။

French toast (ပေါင်မုန့်ကြက်ဥကြော်) တွေဟာ အကောင်းဆုံးမနက်စာတစ်မျိုးပါပဲ။ သူတို့ဟာ ပြုလုပ်ရတာလည်းလွယ်ကူတယ်။ ပါဝင်ပစ္စည်းနဲ့ ပြုလုပ်ချိန်လည်း နည်းပါးတယ်။ နောက်ပြီး စားရတာလည်း အရသာရှိပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ပေါင်မုန့်ကြက်ဥကြော်တွေဟာ ကျန်းမာရေးနဲ့ညီညွှတ်ဖို့လည်း လိုပါသေးတယ်။


 

အဆီအရမ်းများတဲ့ ပေါင်မုန့်ကြက်ဥကြော်တွေဟာ လူကိုဝိတ်တက်စေပြီး အဆီတွေလည်း ပိုများလာစေနိုင်ပါတယ်။ ဒီတော့ အောက်မှာ ကျန်းမာရေးနဲ့ကိုက်ညီမယ့် ပေါင်မုန့်ကြက်ဥကြော်လုပ်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Coconut Cinnamon French Toast (အုန်းသီး- သစ်ကြံပိုးခေါက်မှုန့်- ပေါင်မုန့်ကြက်ဥကြော်)

DSC_15152.jpg 

ဒီပေါင်မုန့်ကြက်ဥကြော် (French Toast) လေးကိုပြုလုပ်ဖို့ ပေါင်မုန့် (၁) ချပ်ရယ်၊ သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းရယ်၊ သကြားညို လက်ဖက်ရည်ဇွန်း (၁) ဇွန်းခွဲခန့်၊ ကြက်ဥတစ်လုံး၊ အုန်းနိုု့ (၁/၂) ခွက်နဲ့ ဆားအနည်းငယ်လိုအပ်ပါတယ်။

ပြုလုပ်နည်းကတော့ အရင်ဆုံး ပန်းကန်ပြားတစ်ချပ်ပေါ်မှာ အဆီနည်းတဲ့ထောပတ်ကိုသုတ်လိမ်းလိုက်ပြီး ပေါင်မုန့်ကို ပန်းကန်ပြားပေါ်မှာတင်လိုက်ပါ။ ထောပတ်သုတ်ပြီးရင် သစ်ကြံပိုးခေါက်မှုန့်နဲ့ သကြားညိုကို ပေါင်မုန့်ပေါ် ဖြူးပေးလိုက်ပါ။ ပြီးရင် ကြက်ဥရယ်၊ နို့ရယ်၊ ဆားရယ်ကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီး ရောသမမွှေလိုက်ပါ။

ရလာတဲ့အနှစ်ကို ပေါင်မုန့်ပေါ်ကိုလောင်းချပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ပြားအပေါ်ကနေ နောက်ထပ်ပန်းကန်ပြားတစ်ချပ် (သို့) အလူမီနီယမ်ခဲစက္ကူနဲ့အုပ်ပြီး (၁၅) မိနစ်လောက်ထားပေးလိုက်ပါ။ ပြီးရင် မိုက်ခရိုဝေ့ဖ် (microwave) မီးဖိုထဲထည့်ပြီး (၅) မိနစ်လောက် ထားလိုက်ရင် အရသာရှိတဲ့မနက်စာလေးတစ်နပ်ကိုရရှိပါပြီ။

၂။ Almond French Toast (အယ်လ်မွန်-ပေါင်မုန့်ကြက်ဥကြော်)

DSC_6424.jpg 

လိုအပ်တဲ့ပစ္စည်းတွေကတော့ ပေါင်မုန့်တစ်ချပ်၊ အယ်လ်မွန်ထောပတ် (သစ်စိမ့်ထောပတ်) (၂) ဇွန်း၊ သကြားညို တစ်ဇွန်းခွဲ၊ ကြက်ဥ (၁) လုံး၊ အယ်လ်မွန်နို့ (၁/၂) ခွက်နဲ့ ဆားအနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်းကတော့ ပန်းကန်ပြားတစ်ချပ်ပေါ်မှာ အဆီနည်းတဲ့ထောပတ်ကိုသုတ်လိမ်းလိုက်ပြီး ပေါင်မုန့်ကို ပန်းကန်ပြားပေါ်မှာတင်လိုက်ပါ။ ပြီးရင် သကြားညိုဖြူးလိုက်ပါ။ ပန်းကန်လုံးတစ်လုံးထဲမှာတော့ ကြက်ဥတစ်လုံး၊ အယ်လ်မွန်နို့၊ အယ်လ်မွန်ထောပတ်နဲ့ ဆားတို့ကို ပေါင်းထည့်ပြီး ဇွန်းတစ်ချောင်းနဲ့ ခလောက်လိုက်ပါ။

ပြီးရင်တော့ ပေါင်မုန့်ပေါ်ကိုဆမ်းပေးလိုက်ပါ။ သူ့ကိုလည်း အပေါ်က အလူမီနီယမ် စက္ကူနဲ့ (၁၅) မိနစ်လောက်ဖုံးထားပေးလိုက်ပါ။ ပြီးရင် မိုက်ခရိုဝေ့ဖ်မီးဖိုထဲထည့်ပေးလိုက်ပါ။ (၅) မိနစ်လောက်ကြာရင်တော့ အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်းသင့်တော်တဲ့ မနက်စာလေးတစ်နပ်ကို ရရှိပါပြီနော်။

၃။ Strawberry French Toast (စတော်ဘယ်ရီ ပေါင်မုန့်ကြက်ဥကြော်)

stuffed-french-toast-chipotle-potato-salad-039.jpg 

ပါဝင်ပစ္စည်းတွေကတော့ ပေါင်မုန့်တစ်ချပ်၊ သကြားညို (၁) ဇွန်းခွဲရယ်၊ ကြက်ဥတစ်လုံးရယ်၊ အုန်းနို့ (၁/၂) ခွက်ရယ်၊ စတော်ဘယ်ရီအနှစ် (၁/၄) ခွက်ရယ်၊ ဆားအနည်းငယ်ရယ်တို့ပဲဖြစ်ပါတယ်။

စတင်ပြုလုပ်တော့မယ်ဆိုရင် ထုံးစံအတိုင်း ပန်းကန်ပြားတစ်ချပ်ပေါ်မှာ အဆီနည်းတဲ့ထောပတ်ကိုသုတ်လိမ်းလိုက်ပြီး ပေါင်မုန့်ကို ပန်းကန်ပြားပေါ်မှာတင်လိုက်ပါ။ ပြီးရင် ပေါင်မုန့်ပေါ်မှာသကြားဖြူးလိုက်ပါ။ ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥ၊ အုန်းနို့၊ စတော်ဘယ်ရီအနှစ်နဲ့ ဆားတို့ကို ထည့်ပြီး ခလောက်ပေးလိုက်ပါ။

ပြီးရင်တော့ ပေါင်မုန့်ပေါ်ကို ဆမ်းပေးလိုက်ပါ။ အပေါ်ကနေ အလူမီနီယမ် ခဲစက္ကူနဲ့အုပ်ပြီး (၁၅) မိနစ်လောက်နပ်ထားပေးလိုက်ပါ။ ပြီးမှ မိုက်ခရိုဝေ့ဖ်မီးဖိုထဲထည့်ပြီး (၅) မိနစ်လောက်ထားပေးလိုက်ပါ။ ကျက်ပြီဆိုရင် စတော်ဘယ်ရီသီးလေးတွေပါ ခြမ်းပြီး အပေါ်ကတင်ပေးလိုက်ပါဦး။

Source: theindianspot


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က