AD
AD
AD

ခန္ဓာကိုယ်မှာ ရေဓာတ်လုံလုံလောက်လောက် ပြည့်နေဖို့ အရေးကြီးတယ်နော်။ ရေဓာတ်ဖြည့်တင်းပေးနိုင်ဖို့အတွက် ရေသောက်ရုံတင်မက ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကိုလည်း စားသုံးနိုင်ပါတယ်။ ရေဓာတ်လည်းဖြည့်ပေးနိုင်ပြီး ခေါင်းကြည်လန်းဆန်းစေမယ့် Green Juice ပြုလုပ်နည်းလေးကို ပြောပြလိုက်ပါတယ်။

play

 

ဒီဖျော်ရည်သောက်ရင် ခေါင်းကိုက်ပျောက်စေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ခေါင်းကိုက်တာကို ပျောက်စေတဲ့ အဓိက သတ္ထုဓာတ်တွေပါဝင်လို့ပါပဲ။ ပိုတက်ဆီယံ၊ ကယ်လ်ဆီယံနဲ့ မဂ္ဂနီဆီယံတို့က ခေါင်းကိုက်တာကို မြန်မြန်ပျောက်စေတယ်လေ။ အဲ့ဒီသတ္ထုဓာတ်တွေ ကြွယ်ဝတဲ့အရာတွေနဲ့ green juice လေး ဖျော်သောက်လိုက်ပါ။

play

 

အစိမ်းရောင်စပျစ်သီး ၁၅ ကျပ်သားခန့်၊ ဂျင်း ၁ ပြား၊ သံပရာသီး တစ်စိတ်၊ ပန်းသီးစိမ်း ၁ လုံးနဲ့ ဟင်းနုနွယ်ရွက် လက်တစ်ဆုပ်စာ၊ ပန်းငရုပ်ပွ ၂ တောင့်တို့ လိုပါတယ်။ အားလုံးကို blender ထဲထည့်ပြီး ရေနဲ့ရောဖျော်စပ်လိုက်ပါ။ အချိုကြိုက်တယ်ဆိုရင်တော့ သကြားရည်လေးထည့်သောက်နိုင်ပေမဲ့ ဒီအတိုင်းသောက်တာက ခေါင်းကိုက်ပျောက်တာမြန်စေပါတယ်။

play

 

အကုန်လုံးကလည်း သစ်သီးဝလံတွေပဲဆိုတော့ ဆိုးကျိုးလည်းမရှိဘူးနော်။ ကင်ဆာကာကွယ်တဲ့အစွမ်းတွေလည်း ပါဝင်တဲ့ green juice လေးလည်း ဖြစ်သလို ရေဓာတ်ပြည့်ပြီး ခေါင်းကိုက်တာလည်း သက်သာစေမယ့်ဖျော်ရည်လည်း ဖြစ်ပါတယ်။

Source : Magic of health

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD