နေ့တစ်နေ့ကိုအစပျိုးဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကော်ဖီကောင်းကောင်းတစ်ခွက်ပါပဲ။

နေ့တစ်နေ့ကိုအစပျိုးဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကော်ဖီကောင်းကောင်းတစ်ခွက်ပါပဲ။ အရည်အသွေးနိမ့်တဲ့ကော်ဖီတွေကို သောက်ရင် စိတ်ကျေနပ်မှုမရရှိတဲ့အပြင် ကောင်းမွန်တဲ့ mood လေးတွေတောင် ပျောက်သွားနိုင်ပါတယ်။



 

ကော်ဖီချစ်သူတစ်ယောက်အတွက်တော့ ကော်ဖီကောင်းကောင်းတစ်ခွက်ကို ကိုယ်တိုင်ဖျော်သောက်ခြင်းက စိတ်ကျေနပ်မှုကို ရရှိစေနိုင်ပါတယ်တဲ့။ ကော်ဖီ ကောင်းကောင်းတစ်ခွက်ကို ကိုယ်တိုင်ဖျော်တော့မယ်ဆိုရင် အောက်ပါအချက်လေးတွေကို သိထားဖို့တော့လိုပါတယ်။

၁။ ကော်ဖီကို ကိုယ်တိုင်လှော်ပါ

blake-richard-verdoorn-18687.jpg 

ကော်ဖီချစ်သူတွေအားလုံး တညီတညွတ်တည်းလက်ခံထားကြတဲ့ အချက်တစ်ချက်ကတော့ အကောင်းဆုံးကော်ဖီတစ်ခွက်ဆိုတာ လတ်လတ်ဆတ်ဆတ်လှော်ထား၊ ကြိတ်ထားတဲ့ ကော်ဖီမှုန့်က ရရှိတယ် ဆိုတာပါပဲ။ ကြိတ်ထားပြီး ထုတ်ပိုးရောင်းချတဲ့ ကော်ဖီမှုန့်တွေနဲ့တောင် အရသာကကွာခြားပါတယ်။

ကော်ဖီကို လတ်လတ်ဆတ်ဆတ်ကိုယ်တိုင်လှော်၊ ကိုယ်တိုင်ကြိတ်မယ်ဆိုရင် ကော်ဖီမှုန့်တွေဟာ ကော်ဖီစေ့ဘဝကနေ လတ်လတ်ဆတ်ဆတ်ထိတွေ့ဓာတ်ပြုခွင့်ရပြီး ထွက်လာတဲ့အနံ့၊အရသာကလည်း လတ်ဆတ်နေတော့ အထူးစပယ်ရှယ် ကော်ဖီအရသာကို ရရှိစေနိုင်ပါတယ်။

၂။ ရေနဲ့ ကော်ဖီမှုန့်အချိုးအစား မှန်ကန်ပါစေ

hands-coffee-smartphone-technology.jpg 

ကော်ဖီတစ်ခွက်ရဲ့အရသာကို အကောင်းဆုံးဖျက်ဆီးနည်းကတော့ မလျော်ကန်တဲ့ ရေနဲ့ ကော်ဖီမှုန့်အချိုးအစားသုံးလိုက်တာပါပဲ။ ရေများသွားရင် ကော်ဖီအရသာက ပေါ့ရွှတ်ပြီး သောက်လို့မကောင်းတော့သလို ရေနည်းပြီး ကော်ဖီများသွားပြန်ရင်လည်း ခါးတူးပြီး သောက်လို့အဆင်ပြေတော့မှာ မဟုတ်ပါဘူး။ အကောင်းဆုံးအချိုးအစားကတော့ ကော်ဖီ လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာမှာ ရေ (၆) အောင်စ ရောတာပါပဲ။

၃။ အသုံးပြုမယ့်ရေကို သေချာရွေးချယ်ပါ

fill-water-reservoir.jpg 

ကော်ဖီဖျော်ရာမှာအသုံးပြုမယ့်ရေကလည်း အလွန်အရေးကြီးပါတယ်။ ဘုံဘိုင်ခေါင်းထဲက ရေကို ကြိုချက်ပြီး သုံးတာက ကျန်းမာရေးနဲ့မညီညွှတ်ရုံသာမက ကော်ဖီအရသာကိုလည်း ပျက်ပြားစေပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ရေသန့်ကို သေချာပေါင်းခံကြိုချက်ပြီးမှ အသုံးပြုသင့်ပါတယ်။

၄။ အကောင်းဆုံုးကော်ဖီစေ့တွေကို ဝယ်ယူရွေးချယ်ပါ

original.jpg 

မလှော်ရသေးတဲ့ ကော်ဖီစေ့တွေကို ကော်ဖီမှုန့်ရောင်းတဲ့ဆိုင်တွေမှာပဲ ဝယ်ယူလို့ရပါတယ်။ မိမိရွေးချယ်တဲ့ကော်ဖီစေ့တွေက မိမိသောက်မယ့်ကော်ဖီအရသာ ကောင်းမကောင်းဆိုတဲ့အပေါ် ကြီးမားစွာ သက်ရောက်မှုရှိနေနိုင်ပါတယ်။ အပေါစားကော်ဖီစေ့တွေ ဝယ်မလား။ အရည်အသွေးကောင်းမွန်တဲ့ သေချာရွေးချယ်ထားတဲ့ ကော်ဖီစေ့တွေကို ဝယ်မလားဆိုတာတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်နိုင်ပါတယ်။

Source: lifeasmama


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က