လက်ဖက်ရည်သောက်ခြင်းဟာ အာရုံတွေကို နိုးကြားထက်မြက်စေပြီး လူကိုလန်းဆန်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

လက်ဖက်ရည်သောက်တယ်ဆိုတာ ကျွန်တော်တို့မြန်မာလူမျိုးတွေ ရှေးယခင်ကတည်းက စွဲစွဲမြဲမြဲလုပ်ဆောင်လာတဲ့ အရာတစ်ခုဖြစ်ပါတယ်။ လက်ဖက်ရည်သောက်ခြင်းဟာ အာရုံတွေကို နိုးကြားထက်မြက်စေပြီး လူကိုလန်းဆန်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။



 

တချို့စပယ်ရှယ်လက်ဖက်ရည်တွေကျတော့ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်းနဲ့ အရေပြားပြဿနာတွေကို ကုသပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ကမ္ဘာပေါ်မှာ လက်ဖက်ရည်အမျိုးကွဲပေါင်းများစွာရှိပေမယ့် အောက်မှာဖော်ပြထားတာကတော့ မဖြစ်မနေမြည်းစမ်းကြည့်သင့်တဲ့ လက်ဖက်ရည်အမျိုးအစားတွေပဲဖြစ်ပါတယ်။

၁။ လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea)

22-Benefits-Of-Green-Tea-That-You-Should-Definitely-Know.jpg 

နာမည်အကြီးဆုံး လက်ဖက်ရည်တစ်မျိုးကတော့ green tea ပါပဲ။ Green Tea ကို သူ့မှာပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကြောင့် တချို့သစ်သီးအရသာတွေနဲ့ပါ တွဲဖက်သောက်သုံးကြပါတယ်။ Green Tea ဟာ အဆစ်အမြစ်နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ ကြွက်သားနာကျင်ခြင်းတွေကို သက်သာစေပါတယ်။ နောက်ပြီး ရေဖျင်းစွဲခြင်းကိုလည်း သက်သာစေပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ Green Tea မှာပါဝင်တဲ့ EGCG ဆိုတဲ့ ဓာတ်တစ်မျိုးကြောင့်ပါပဲ။

၂။ ပူစီနံရွက် လက်ဖက်ရည်

Peppermint-Tea.jpg 

ပူစီနံရွက် လက်ဖက်ရည် (Peppermint Tea) ဟာ အကိုက်အခဲပျောက်စေတဲ့ ဂုဏ်သတ္တရှိလို့ လေအောင့်တာတို့၊ ဝမ်းဖောဝမ်းရောင်တာတို့အတွက်တော့ အကောင်းဆုံးပါပဲ။ နောက်ပြီး သူက ခေါင်းကိုက်ခေါင်းခဲခြင်းနဲ့ ဓမ္မတာလာပြီးနောက် ကိုက်ခဲခြင်းဝေဒနာတွေကို ကုသရာမှာလည်း အသုံးဝင်ပါတယ်။

၃။ ခေါင်ရမ်းပန်း လက်ဖက်ရည်

Hibiscus-Tea.jpg

ခေါင်ရမ်းပန်းတွေမှာတော့ antioxidant ကြွယ်ဝစွာပါဝင်ပါတယ်။ သူဟာ ဗိုက်တာမင် စီနဲ့ antioxidant ကြွယ်ဝမှုတို့ကြောင့် သွေးတိုးကျစေတယ်ဆိုပြီး နာမည်ကြီးပါတယ်။ နောက်တစ်ခုက ချွဲသလိပ် ဖြစ်စေတဲ့ အမြှေးပါးတွေကို ဖယ်ရှားပေးနိုင်မှုကြောင့် လည်ချောင်းနာခြင်း၊ သွားဖုံးရောင်ရောဂါနဲ့ ဆီးအိတ်ရောင်ရောဂါတို့ကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

၄။ အူးလွန်လက်ဖက်ရည် (Oolong Tea)

31358_monkeypickedoolongrtea_a.jpg 

အူးလွန်လက်ဖက်ရည်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ နှလုံးရောဂါ၊ သွေးအားနည်းရောဂါနဲ့ ကိုလက်စထရော များပြားခြင်းတွေကို လျှော့ချပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ မှတ်ဉာဏ်စွမ်းရည်နဲ့ တွေးခေါ်နိုင်စွမ်းကိုလည်း မြင့်မားကောင်းမွန်စေတဲ့အတွက် အူးလွန်လက်ဖက်ရည်ကို ကျောင်းသားအရွယ်တွေလည်း သောက်သုံးပေးသင့်ပါတယ်။

၅။ လက်ဖက်ရည်ကြမ်း (black tea)

Fun-Facts-of-Black-Tea-2.jpg 

လက်ဖက်ခြောက်ကို အမဲရောင်ဖြစ်အောင် နေပူလှမ်းထားပြီး ရေနွေးပူနဲ့ရောသောက်တဲ့ ဓလေ့ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ခေတ်စားပြီးသားပါ။ လက်ဖက်ခြောက်အမဲကိုပဲ ရေနွေးနဲ့ရောပြီး လက်ဖက်ရည်ကြမ်းအဖြစ် သောက်သုံးနိုင်သလို နို့ဆီ၊ သကြား၊ နို့ စတာတွေနဲ့ရောပြီး လက်ဖက်ရည်အချိုအဖြစ်လည်း သောက်သုံးနိုင်ပါတယ်။ (အချိုခြောက်၊ အခါးခြောက်ဆိုပြီး ကွဲပြားမှုတော့ ရှိပါတယ်။)

Black Tea သောက်ခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ဆာလောင်မွတ်သိပ်မှုကိုလည်း သက်သာစေပါတယ်။ နောက်ပြီး ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။ ခေါင်းကိုက်ခြင်း၊ ခြေလက်တုန်ခြင်းတွေဖြစ်တဲ့အခါ လက်ဖက်ရည်ကြမ်းသောက်သုံးပေးနိုင်ပါတယ်။

Source: Indianspot


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က