နာနတ်သီးလက်ဖက်ရည်ဆိုတာ နာနတ်သီးအခွံကို သန့်စင်အောင်ရေဆေးပြီး နာနတ်သီးအသားအနည်းငယ်နဲ့ ရောပြုတ်ထားတဲ့ လက်ဖက်ရည်တစ်မျိုးဖြစ်ပါတယ်။

နာနတ်သီးတွေက စားလို့ကောင်းပါတယ်။ ဒီတိုင်းပဲစားစား၊ ကိတ်မုန့်ပေါ်တင်ပြီးပဲစားစား၊ ဖျော်ရည်ပဲလုပ်သောက်သောက်၊ မီးကင်ပြီးပဲစားစား၊ နောက်ဆုံး ငပိချက်လုပ်စားရင်တောင် စားကောင်းပါတယ်။

နောက်တစ်ခုက နာနတ်သီးစားခြင်းက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အရိုးတွေကိုလည်း သန်မာစေပါတယ်။ မျက်စိအားကောင်းစေတဲ့ အသီးအနှံတစ်မျိုးလည်းဖြစ်လို့ လူကြီး၊ လူငယ်မရွေး နှစ်သက်ကြပါတယ်။

 

ဒါပေမယ့် လူတွေက နာနတ်သီးအသားကိုပဲ နှစ်သက်ကြတာပါ။ မျက်စိလို့ခေါ်တဲ့ အဖုအထစ်တွေနဲ့ ကြည့်ရဆိုးတဲ့ နာနတ်သီး အခွံကိုတော့ လွှင့်ပစ်တတ်ကြပါတယ်။ ဒါဟာမှားယွင်းတဲ့ အပြုအမူတစ်ခုပါပဲ။

တကယ်တမ်းကျတော့ နာနတ်သီးအခွံမှာလည်းး ကောင်းမွန်တဲ့အာနိသင်တွေရှိနေပါသေးတယ်။ နာနတ်သီးအခွံကို အသားနည်းနည်းနဲ့ရောပြီး ရေထည့်ပြီပြုတ်လိုက်မယ်ဆို၇င် ကျန်းမာရေးအာနိသင်တွေ အပြည့်ပါဝင်တဲ့ လက်ဖက်ရည်ကောင်း တစ်ခွက်ကို ရရှိပါတယ်။ အဲဒီနာနတ်သီးလက်ဖက်ရည်က ဘာတွေကောင်းမွန်လဲဆိုတော့...

၁။ ကင်ဆာရောဂါသည်တွေကို ကူညီပေးနိုင်တယ်

pediatric_cancer.jpg 

ကင်ဆာရောဂါကို ပျောက်ကင်းစေတယ်လို့ ပြောချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကင်ဆာရောဂါသည်တွေ chemotherapy လို့ခေါ်တဲ့ ဓာတုကုထုံးနဲ့ ကုသခြင်းကို ခံယူရတဲ့အခါ နာနတ်သီး လက်ဖက်ရည်သောက်ပေးမယ်ဆိုရင် chemotherapy ကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သက်သာစေပါတယ်။ ဒါပေမယ့် မသောက်သုံးခင် သက်ဆိုင်ရာဆရာဝန်နဲ့တော့ အရင်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

၂။ အရိုးအဆစ်ကိုက်ခဲခြင်းဝေဒနာကိုလည်း သက်သာစေပါတယ်

Osteoarthritis-Patients.jpg 

အရိုးအဆစ်ရောင်တယ်ဆိုတာ ခံစားရတာဆိုးဝါးတဲ့ ဝေဒနာတစ်မျိုးပါပဲ။ သွေးဖြူဥဆဲလ်တွေ ဖောက်လွှဲဖောက်ပြန်ဖြစ်ခြင်းကလည်း အရိုးအဆစ်ရောင်ရမ်းခြင်းဝေဒနာကို (၁၀) ဆ ပိုမိုဆိုးရွား စေပါတယ်။ ဒါကြောင့်လည်း အရိုးအဆစ်ရောင်ရမ်းခြင်းကို ကုသတဲ့ ကုထုံးအများစုဟာ ရောဂါလက္ခဏာထိန်းချုပ်ခြင်းကို ဦးတည်ကြတာပဲဖြစ်ပါတယ်။

ဒီလိုထိန်းချုပ်ရာမှာ အကောင်းဆုံုးအိမ်တွင်းဆေးမြီးတို တစ်မျိုးကတော့ နာနတ်သီးလက်ဖက်ရည်ပါပဲ။ နာနတ်သီးလက်ဖက်ရည်ဟာ ဒူးခေါင်း၊ လက်ဆစ်၊ တံတောင်အစရှိတဲ့ အရိုးအဆက်နေရာတွေနားက ရောင်ရမ်းခြင်းကို ထိန်းချုပ်ပေးပါတယ်။ နောက်ပြီး ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အရိုးအဆစ်ကိုက်ခဲခြင်းဝေဒနာကို ဖြစ်မလာအောင် တားဆီးပေးနိုင်ပါတယ်။

၃။ အတွင်းရေတိမ်ဖြစ်မလာအောင် ကာကွယ်ပေးနိုင်တယ်

no-see-ums-photo-blog-.jpg 

အသက်အရွယ်ရလာတာနဲ့အမျှ မိမိရဲ့ဘဝနေထိုင်မှုပုံစံကိုလိုက်ပြီး အတွင်းရေတိမ်စွဲခြင်း ဖြစ်လာနိုင်ပါတယ်။ ဥပမာ... ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ စိတ်ဖိစီးမှုများပြားခြင်း၊ ဆီးချိုရောဂါ၊ မျက်စိထိခိုက်မှု အစရှိတဲ့အကြောင်းအရာတွေကြောင့် မျက်စိရေတိမ်စွဲနိုင်ပါတယ်။ တချို့အကြောင်းတရားတွေကို ဖြစ်မလာအောင် တားဆီးလို့ရပေမယ့် အသက်အရွယ်ရလာခြင်းနဲ့ ဗိုက်တာမင်၊ သတ္ထုဓာတ်အားနည်းခြင်းတို့ကိုတော့ တားဆီးလို့မရပါဘူး။

ဒီလိုဆိုရင် ဘယ်လိုတားဆီးရမလဲ။ နာနတ်သီးလက်ဖက်ရည်လေးကိုသာ သောက်ပေးလိုက်ပါ။ ဗိုက်တာမင် စီကြွယ်ဝစွာပါဝင်တဲ့ နာနတ်သီး လက်ဖက်ရည်ဟာ မျက်စိကျန်းမာရေးကောင်းမွန်ဖို့နဲ့ အတွင်းရေတိမ်ဖြစ်မလာဖို့ ကူညီပေးနိုင်ပါတယ်။

၄။ သားသမီးမရနိုင်ခြင်းပြဿနာကိုလည်း ဖြေရှင်းပေးနိုင်တယ်

It-may-help-in-treating-infertility.jpg 

သားသမီးမရနိုင်ခြင်းဆိုတာ ရှုံးနိမ့်မှုတစ်ခုလို ခံစားရစေတဲ့အမှန်တရားတစ်ခုဖြစ်ပြီး ဘယ်သူမှ လွယ်လွယ်နဲ့ လက်လျှော့ အရှုံးမပေးလိုကြပါဘူး။ ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေသောက်နေချိန်၊ သူတို့ ညွှန်ကြားတဲ့ ဘဝနေထိုင်မှုပုံစံအတိုင်း နေနေချိန်မှာပဲ တစ်ဆက်တည်းမှာ နာနတ်သီးလက်ဖက်ရည်လေးသောက်ပေးခြင်းက အထောက်အပံ့ကောင်းတစ်ခု ဖြစ်စေနိုင်မှာပါ။

နာနတ်သီးအခွံထဲမှာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ အထူးကြွယ်ဝစွာပါဝင်ပြီး သူတို့က မျိုးပွားစနစ်ကို အထူးအားကောင်း စေပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ကြိုးစားနေတယ်ဆိုရင် နာနတ်သီးလက်ဖက်ရည်လေး တစ်ခွက်လောက် သောက်ပေးလိုက်တာ မမှားပါဘူး။

Source: stylecraze

Share

Loading Next Article...
က္က