တစ်ခါတလေမှာ အလုပ်တွေများလွန်းတဲ့အခါ ပြဿနာတစ်ခုခုကိုဖြေရှင်းနိုင်မယ့်နည်းလမ်းက ကိုယ့်မျက်စိရှေ့မှာရှိနေသလိုလိုနဲ့ လက်လှမ်းမမီအောင်ဖြစ်နေသလို ခံစားရတာက စိတ်ရှုပ်စရာ ကောင်းပါတယ်။

တစ်ခါတလေမှာ အလုပ်တွေများလွန်းတဲ့အခါ ပြဿနာတစ်ခုခုကိုဖြေရှင်းနိုင်မယ့်နည်းလမ်းက ကိုယ့်မျက်စိရှေ့မှာရှိနေသလိုလိုနဲ့ လက်လှမ်းမမီအောင်ဖြစ်နေသလို ခံစားရတာက စိတ်ရှုပ်စရာ ကောင်းပါတယ်။

 

ပြဿနာဖြေရှင်းနည်း

အဲဒီလို ပြဿနာကိုဖြေရှင်းမယ့်နည်းလမ်း ရှာမတွေ့တဲ့အခါ ခေါင်းကို ကီးဘုတ်နဲ့သွားဆောင့်မနေပါနဲ့။ အဲဒီအစား အလုပ်ကိုခနရပ်ပြီး နီးစပ်ရာဘားတစ်ခုခုကိုသာ သွားလိုက်ပါ။ အရက်ကို မူူးအောင်သောက်ဖို့ ပြောတာတော့မဟုတ်ပါဘူး။ အတိုင်းအထွာနဲ့ ချင့်ချိန်သောက်တတ်ရင် အရက်က ဦးနှောက်ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။

ဖန်တီးဉာဏ်ကို နှိုးဆွခြင်း

how-much-is-too-much-IE161206A-760x506.jpg 

သြစတြီးယားလူမျိုး သုတေသီတွေကတော့ ဒီနည်းလမ်းကို "ဖန်တီးဉာဏ်ကို နှိုးဆွခြင်း" လို့ခေါ်ပါတယ်တဲ့။ သူတို့ရဲ့လေ့လာမှုအရ အယ်လ်ကိုဟောဟာ ခင်ဗျားရဲ့တီထွင်ဖန်တီးဉာဏ်နဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်တဲ့။

သုတေသန

new-years-eve.jpg 

Consciousness and Cognition ဂျာနယ်ထဲမှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုရဲ့အဆိုအရတော့ လေ့လာမှုမှာပါဝင်ကူညီကြတဲ့ ပါဝင်သူအားလုံးကို ဘီယာတစ်ဂျားပေးပြီး သောက်ခိုင်းထားပြီး ထိန်းချုပ်မယ့် အဖွဲ့ကိုတော့ အယ်လ်ကိုဟောမပါတဲ့ ဖျော်ရည်ကိုပဲ သောက်ခိုင်းခဲ့ပါတယ်။

နောက်ပြီးတော့ သုတေသီတွေဟာ တစ်ယောက်ချင်းစီကို ဆက်စပ်မှုမရှိတဲ့ စကားလုံးတွေ ချပြခဲ့ပြီး သူတို့ကြားက ဆက်နွယ်မှုကို ရှာဖွေဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီမှာ ဘီယာသောက်ထားတဲ့အုပ်စုက ဘီယာသောက်မထားတဲ့အုပ်စုထက် ပြဿနာ ဖြေရှင်းနိုင်စွမ်းမှာ ပိုသာနေတာကို တွေ့ရှိခဲ့ရပါတယ်။

တခြားစမ်းသပ်မှုတွေမှာလည်း အလားတူရလဒ်တွေပဲ ထွက်လာခဲ့ပါတယ်။ စမ်းသပ်မှုတစ်ခုမှာဆိုရင် ပါဝင်သူအားလုံးကို နေ့စဉ်သုံးပစ္စည်းလေးတွေကို တီထွင်ဖန်တီးဉာဏ်နဲ့ သူများနဲ့မတူအောင် အသုံးချပြဖို့ တောင်းဆိုခဲ့ရာမှာ အရက်ကို အချိန်အဆနဲ့သောက်ထားတဲ့သူတွေမှာ တီထွင်ဖန်တီးနိုင်စွမ်းပိုရှိနေတာကိုပဲ စစ်ဆေးတွေ့ရှိရပါတယ်။

 

အရက်လေးထွေထွေနဲ့ အိမ်ပြန်ဖူးတဲ့သူတိုင်း ဒီခံစားချက်ကို သိနေကြပါတယ်။ Dr. Mathias Benedek က Independent ကို ပြောကြားခဲ့တာကတော့... "ပြဿနာတစ်ခုကို ဖြေရှင်းဖို့ တကယ်အာရုံစိုက် နေချိန်မှာ ဦးနှောက်ရဲ့အာရုံစိုက်မှုက တစ်နေရာတည်းမှာ သံမှိုစွဲထားသလိုရောက်နေတတ်ပါတယ်။ အယ်လ်ကိုဟော (အရက်) က ဦးနှောက်ကိုရီဝေဝေဖြစ်စေပေမယ့် အာရုံစိုက်မှုကိုတော့ တည်မြဲအောင် လုပ်ဆောင်ပေးတဲ့အတွက် ပြဿနာဖြေရှင်းနိုင်စွမ်းမှာ ပိုမိုကောင်းမွန်လာပါတယ်။" ဆိုပြီး ဖြစ်ပါတယ်။

နောက်ပြီးတော့ သူက "အယ်လ်ကိုဟောဟာ သင့်ရဲ့မသိစိတ်ထဲကို လှုံ့ဆော်ပေးနိုင်ပြီး မတူကွဲပြားတဲ့ စိတ်ကူးသစ်၊ အကြံဉာဏ်သစ်တွေ ထွက်ပေါ်လာအောင်လည်း ကူညီပေးနိုင်ပါတယ်။" လို့လည်း ဆိုခဲ့ပါသေးတယ်။

ဒါပေမယ့် တစ်ခုသတိထားရမှာက ဒီတွေ့ရှိချက်တွေက တစ်ညတည်းနဲ့ တစ်ပုလင်းလုံးကုန်အောင်သောက်ဖို့ အကြံပြုနေတာတော့ မဟုတ်ပါဘူး။ ဘာအရာမဆို တန်ဆေး၊ လွန်ဘေး ပါပဲ။ တစ်ခါတလေ ကောင်မလေးနဲ့ ဒိတ်ဖြစ်တဲ့ညမှာ ဝိုင်လေးတစ်ခွက်တစ်လေ သောက်တာတို့၊ အလုပ်တွေရှုပ်၊ ခေါင်းတွေပူနေချိန်မှာ ဘီယာလေးတစ်ခွက်တစ်ဖလား သောက်တာတို့ကတော့ ဦးနှောက်ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ဟာသဉာဏ်ကိုရွှင်စေမှာပါ။

Source: Reader's Digest

Share

Loading Next Article...
က္က