စိုစွတ်မှုကြောင့် စိတ်ရှုပ်ရတာကလွဲရင် မိုးရာသီကို လူတော်တော်များများနှစ်သက်ကြပါတယ်။ အပူပိုင်းဒေသတစ်ခုဖြစ်တာနဲ့ အားလျော်စွာ နွေဆိုရင် အသေပူတဲ့ နိုင်ငံတစ်နိုင်ငံမှာ နေထိုင်နေရတဲ့အတွက် မိုးရာသီကို ကျွန်တော်တို့တွေ ချစ်ခင်နှစ်သက်ကြတာပါ။

play

 

ဒါပေမယ့် ကျွန်တော်တို့ချစ်တဲ့ မိုးရာသီဟာ ကျန်းမာရေးကို ဆိုးရွားစေတဲ့ ဘက်တီးရီးယားပိုးမွှား ကူးစက်မှုတွေကိုလည်း ယူဆောင်လာပါသေးတယ်။ ဥပမာ.. ကြက်ငှက်တုပ်ကွေးတို့၊ H1N1 တို့ဟာ မိုးရာသီနဲ့အတူ ပါလာတဲ့ တုပ်ကွေးရောဂါတွေပါပဲ။ ဒါကြောင့် မိုးရာသီမှာ သင့်တင့်မျှတတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးတတ်ဖို့လည်း လိုအပ်ပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ မိုးရာသီမှာ မဖြစ်မနေစားသုံးပေးသင့်တဲ့ ဟင်းသီးဟင်းရွက်တွေပါပဲ။

၁။ ဘူးသီး

play
 

ဘူးသီးကို မိုးရာသီမှာ စားသုံးဖို့အသင့်တော်ဆုံး ဟင်းသီးဟင်းရွက်တစ်မျိုးအဖြစ် အသိအမှတ်ပြုထားကြတာ ကြာပါပြီ။ အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တဲ့ ဘူးသီးဟာ ကျန်းမာတဲ့ အစာခြေလမ်းကြောင်း တစ်ခုကိုလည်း ဖြစ်ပေါ်လာအောင် ကူညီပေးနိုင်ပါတယ်။ သံဓာတ်၊ ဗိုက်တာမင် ဘီနဲ့ စီတို့လည်း ကြွယ်ဝပြီး antioxidant အဖြစ်လည်း လုပ်ဆောင်ပေးကြပါတယ်။ ကယ်လိုရီလည်း နည်းပါးတဲ့ အသီးအနှံ တစ်မျိုးဖြစ်လို့ ဝမ်းဗိုက်လေး ချပ်ချပ်ရပ်ရပ်ဖြစ်အောင်လည်း ကူညီပေးနိုင်ပါတယ်။

၂။ ကြက်ဟင်းခါးသီး

play
 

အခါးအရသာကို မကြိုက်တဲ့သူတွေအတွက်တော့ ကြက်ဟင်းခါးသီးဟာ စားလို့ကောင်းတဲ့ ဟင်းလျာထဲမှာပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့မှာများပြားလှတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ပါရှိပါတယ်။ ဗိုက်တာမင် စီကြွယ်ဝတဲ့အတွက် ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါကြောင့် ခုလိုတုပ်ကွေးရာသီနဲ့တော့ အလိုက်ဖက်ဆုံးပါပဲ။ ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ဗိုင်းရပ်စ်ပိုးမွှားတွေကို ခုခံတိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ပါရှိပါတယ်။

၃။ ရွှေဖရုံသီး

play
 

ရွှေဖရုံသီးဟာ ကျန်းမာရေးအတွက် ကောင်းမွန်ရုံတစ်ခုတည်းသာမက စားရတာလည်း အရသာရှိပါတယ်။ ရွှေဖရုံသီးဟင်း၊ ရွှေဖရုံသီးဖျော်ရည် အစရှိသဖြင့် မျိုးစုံလုပ်စားလို့လည်း ရပါတယ်။ ဗိုက်အောင့်ခြင်း၊ အက်ဆစ်များခြင်း၊ နှလုံးနာကျင်ခြင်းတို့ကို ကာကွယ်ပေးတဲ့ ဓာတ်တွေလည်းပါရှိသလို အစာခြေလမ်းကြောင်းကိုလည်း ချောမွေ့စေပါတယ်။ အမျှင်ဓာတ်လည်း ကြွယ်ဝတဲ့အတွက် အူလမ်းကြောင်းရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၎။ အာလူးနဲ့ ကန်စွန်းဥ

play
 

အာလူးနဲ့ ကန်စွန်းဥဟာလည်း မိုးရာသီမှာ စားသုံးပေးသင့်တဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ပါဝင်ပါတယ်။ အရသာရှိသလို ဘက်တီးရီးယားပိုးမွှားပေါက်ဖွားမှုတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့ အာလူးကို ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက်နိုင်ပါတယ်။ ကန်စွန်းဥကတော့ မီးလေးဖုတ်ပြီး နှမ်းဆီမွှေးမွှေးလေးနဲ့ တို့စားရင် အလွန်အရသာရှိတဲ့ သရေစာတစ်မျိုးပါ။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးတဲ့အတွက် ဗိုင်းရပ်စ်ပိုးမွှားတွေ ကိုယ်ထဲဝင်မလာအောင်လည်း တားဆီးပေးပါတယ်။

Source: food.ndtv

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video