လက်ဖက်ရည်ဟာ ရေပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် လူသောက်အများဆုံး အဖျော်ယမကာတစ်မျိုးပါပဲ။

လက်ဖက်ရည်ဟာ ရေပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် လူသောက်အများဆုံး အဖျော်ယမကာတစ်မျိုးပါပဲ။ ကမ္ဘာပေါ်မှာလည်း လက်ဖက်စိမ်း (green Tea)၊ လက်ဖက်ရည်ကြမ်း (black tea) အစရှိသဖြင့် လက်ဖက်ရည်အမျိုးအစားပေါင်းလည်း များစွာရှိပါတယ်။

 

တစ်ခါသုံးလက်ဖက်ခြောက်ထုပ်တွေ ဘာကြောင့်လိုအပ်

closeup-artistic-studio-tea-bag-wide.jpg 

လက်ဖက်ရည်သောက်ခြင်းဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့ ယဉ်ကျေးမှုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ရှေးတုံးကဆိုရင် လက်ဖက်ရည်ကို ခရားအိုးအကြီးကြီးတွေနဲ့ တည်ကြပါတယ်။ တစ်ခွက်စာလောက်ရဖို့အတွက် ရေနွေးတစ်အိုးစာမှာ လက်ဖက်ခြောက်တွေအများကြီး ထည့်တည်တော့ ဆုံးပါးမှုတွေဖြစ်လာရပါတယ်။

ဒီလိုနဲ့ တစ်ခါသောက် လက်ဖက်ခြောက်ထုပ်လေးတွေ ပေါ်ပေါက်လာရတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ လက်ဖက်ခြောက်ထုပ်တွေကို ဘာကြောင့်လိုအပ်တာလဲ။

လက်ဖက်ခြောက်ထုပ်တွေကို တီထွင်ခဲ့ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ပိုမိုအဆင်ပြေချောမွေ့မှုရှိဖို့ပါပဲ။ လက်ဖက်ရည်တစ်ခွက် သောက်ချင်လာတိုင်း လက်ဖက်ခြောက်တွေထည့်ပြီး လက်ဖက်ရည် တစ်အိုးကြီး တည်မယ့်အစား တစ်ခွက်စာ လက်ဖက်ခြောက် ထုပ်လေးတွေနဲ့ တည်လိုက်တာက ပိုမိုအဆင်ပြေသလို အလေအလွင့်လည်း နည်းပါးပါတယ်။

လက်ဖက်ခြောက်ထုပ်တွေ ပေါ်ပေါက်လာမှုကြောင့် ရုံးခန်းတွေထဲမှာ၊ လေယာဉ်ပေါ်မှာ လက်ဖက်ရည်ဖျော်နိုင်လာကြပါတယ်။ နောက်ပြီး အရသာကောင်းမွန်စေဖို့အတွက် လက်ဖက်ရည်ဖျော်ပြီးတာနဲ့ လက်ဖက်ခြောက်ဖတ်တွေကိုလည်း ဖယ်ရှားပစ်ရပါမယ်။ လက်ဖက်ခြောက်ထုပ်တွေက အထုပ်လေးနဲ့ဆိုတော့ စစ်ထုတ်မယ့်ဇကာမလိုအပ်တော့ပါဘူး။

ဒီတော့ လက်ဖက်ခြောက်ထုပ်ရဲ့ အသုံးဝင်မှု၊ လူကြိုက်များမှုနဲ့ လက်ဖက်ရည်ဖျော်တဲ့ပုံစံမှာ ကျွန်တော်တို့ရဲ့အပြုအမူတွေ ပြောင်းလဲသွားမှုတို့ဟာ ငြင်းခုန်နေရမယ့့် အကြောင်းအရာတစ်ရပ် မဟုတ်တော့ပါဘူး။ ဆွေးနွေးစရာရှိလာတာက အဲဒီ လက်ဖက်ခြောက်ထုပ်ကို ဘယ်သူတီထွင်ခဲ့လဲဆိုတာပါပဲ။

လက်ဖက်ခြောက်ထုပ်ကို ဘယ်သူတီထွင်ခဲ့လဲ

 

ဒီမေးခွန်းရဲ့နောက်ကွယ်မှာ လူသိများတဲ့နောက်ခံဇာတ်ကြောင်း နှစ်ခုရှိပါတယ်။ လူသိအများဆုံးကတော့ လက်ဖက်ခြောက်ထုပ်ကို တီထွင်ခဲ့တာ နယူးရော့ခ်မြို့က လက်ဖက်ခြောက်ကုန်သည် Thomas Sullivan ဆိုတာပါပဲ။ ၁၉၀၈ ခုနှစ်တုံးက သူဟာ သူ့ရဲ့ပုံမှန်ဖောက်သည်တွေဆီကို လက်ဖက်ခြောက်ဖတ်လေးတွေကို ပိုးသားအိတ်ငယ်လေးတွေထဲမှာ ထည့်သွင်းပြီး ပို့လွှတ်ခဲ့ပါတယ်။

အဲဒီမှာ သူ့ရဲ့ဖောက်သည်တွေက ပိုးအိတ်ထဲက လက်ဖက်ခြောက်ဖတ်တွေကို ခွက်ထဲလောင်းထည့်ပြီး မဖျော်ဘဲ ပိုးအိတ်တွေကို ရေနွေးထဲထည့်စိမ်ပြီး ဖျော်ခဲ့ကြပါတယ်။ ဒီလိုတွေဖြစ်နေတာကို Thomas က အစတုံးက သတိမပြုမိဘဲ နောက်ပိုင်းကျမှ ဖောက်သည်တွေက လက်ဖက်ခြောက်တွေကို အိတ်ငယ်လေးတွေနဲ့ ထည့်မပို့လို့ဆိုပြီး ကွန်ပလိန်းတွေတက်ကြတော့မှ သိပါတယ်။

ဒီလိုနဲ့ နောက်ပိုင်းကျတော့ သူဟာလက်ဖက်ခြောက်ထုပ်တွေကို စီးပွားဖြစ်ပြုလုပ်ရောင်းချဖို့ အကြံရလာပါတော့တယ်။ ပိုးထည်က ဈေးကြီးတဲ့အတွက် နောက်ပိုင်းမှာ ပိတ်စကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ လက်ဖက်ခြောက်ထုပ်တွေဟာ မတော်တဆ ပေါ်ပေါက်လာတယ်လို့လည်း ပြောလို့ရပါတယ်။

ဇာတ်လမ်းနောက်တစ်ပုဒ်

il_fullxfull.580054610_eilj.jpg 

ဒါပေမယ့် လက်ဖက်ခြောက်ထုပ်ပေါ်ပေါက်လာတာနဲ့ ပတ်သက်ပြီး နောက်ထပ်ဇာတ်လမ်းတစ်ပုဒ် ရှိပါသေးတယ်။ ၁၉၀၁ ခုနှစ် တုံးက Thomas Sullivan လက်ဖက်ခြောက်ထုပ်ကို မတော်တဆ မတီထွင်မိခင်ကတည်းက ဝစ်ကွန်ဆင်ပြည်နယ်က Roberta C. Lawson နဲ့ Mary Molaren ဆိုတဲ့ အမျိုးသမီးနှစ်ယောက်က လက်ဖက်ရွက်ထည့်အိတ်ဆိုတဲ့ ပစ္စည်းတစ်မျိုးအတွက် မူပိုင်ခွင့် တင်ခဲ့ပါတယ်။

အဲဒီပစ္စည်းက ယနေ့ခေတ်မှာ ကျွန်တော်တို့အသုံးပြုနေတဲ့ လက်ဖက်ခြောက်ထုပ်တွေနဲ့ တော်တော်ဆင်တူပါတယ်တဲ့။ သူတို့က လက်နဲ့ချုပ်ထားတဲ့ ဇကာကွက်ပုံစံ အဝတ်စနဲ့ ဒီဇိုင်းဆွဲပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့အိုင်ဒီယာကတော့ လက်ဖက်ရည်အလေအလွင့် လျော့ပါးဖို့နဲ့ လက်ဖက်ခြောက်တွေကို တစ်နေရာထဲမှာစုထားရင် လက်ဖက်ရည်ခြောက်ဖတ်တွေကို ခွက်ထဲမှာ မျောမနေစေဖို့ပါပဲ။ (လက်ဖက်ခြောက်ဖတ်တွေ ခွက်ထဲမျောနေရင် သောက်နေရင်း ပါးစပ်ထဲ လက်ဖက်ခြောက်ဖတ်တွေ ဝင်လာနိုင်တယ်လေ။)

အဲဒီပုံပြင်တွေ၊ နောက်ခံဇာတ်လမ်းတွေ ဘယ်လောက်ထိ အချက်အလက်ခိုင်မာမှုရှိလဲဆိုတာကတော့ ခုချိန်ထိ ငြင်းခုန်နေရတုံးပါပဲ။ လူသိများတဲ့ Sullivan ရဲ့ဇာတ်လမ်းကျတော့ စာရွက်စာတမ်း သက်သေမရှိသလို Molaren နဲ့ Lawson တို့ကျပြန်တော့လည်း မူပိုုင်ခွင့်တင်ခဲ့ပေမယ့် စီးပွားရေးအရ အောင်မြင်မှုရှိခဲ့ပုံမပေါ်ပါဘူး။ ဘယ်သူပဲ တီထွင်ခဲ့သည်ဖြစ်ပါစေ။

ဒီလို အံ့သြဖွယ်အကြံဉာဏ်ကို ဖော်ထုတ်ခဲ့တဲ့အတွက် သူတို့ကို ကျွန်တော်တို့ ကျေးဇူးတင်ရမှာပါပဲ။ လက်ဖက်ခြောက်ထုပ်တွေက ကျွန်တော်တို့ရဲ့ဘဝတွေကို ပိုုမိုလွယ်ကူစေခဲ့တာလည်း အမှန်ပါပဲ။ ၁၉၂၀ ခုနှစ်လောက်မှာတော့ လက်ဖက်ခြောက်ထုပ်တွေဟာ လက်ဖက်ရည် သောက်သုံးမှုပုံစံအသစ်အဖြစ် လုံးဝဥဿုံပြောင်းလဲသွားခဲ့ပါတယ်။

Source: Food.Ndtv

Share

Loading Next Article...
က္က