AD
AD
AD

ရာမင် (Ramen) ဆိုတာ ဂျပန်ရိုးရာ ခေါက်ဆွဲတစ်မျိုး ဖြစ်ပါတယ်။ ခေါက်ဆွဲ၊ အသား သို့မဟုတ် ငါးပြုတ်ရည်ကို အခြေခံပြီး ချက်ထားတာပါ။ ရာမင်ရဲ့အရသာက ချိုမြမြလေးနဲ့ စားကောင်းပါတယ်။ ရာမင်ခေါက်ဆွဲခြောက်ထုပ်တွေလည်း ဈေးကွက်မှာ အလွယ်တကူ ဝယ်နိုင်ပါတယ်။ ကိုယ်တိုင်ချက်မယ်ဆိုရင်တော့ ခေါက်ဆွဲခြောက်ထုတ်ကိုပဲ ပြန်လည်ပြင်ဆင်ချက်ပြုတ်ရအောင်ပါ။

ကြက်ရင်ပုံသား၊ ဘဲဥတစ်လုံး၊ ကြက်သွန်မြိတ်တစ်ပင်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်ပြုတ်ရည်၊ ငြုပ်ကောင်းမှုန့်၊ ဆား၊ ရှာလကာရည်၊ ပဲငံပြာရည်အကြည်တို့ လိုအပ်ပါတယ်။ ဆီကိုသုံးမယ့်အစား ထောပတ်ကို သုံးကြည့်ရအောင်လေ။ ဘဲဥကတော့ ပြုတ်ပြီး အခွံခွာ ထက်ခြမ်းခြမ်းထားကြတာပေါ့။

play

 

ကြက်သွန်ဖြူနဲ့ဂျင်းကို ရောထောင်းထားပါ။ ကြက်သွန်မြိတ်ကိုလည်း အရွယ်တော်လှီးထားပါ။ ရာမင်တစ်ပွဲစာအတွက် ကြက်ရင်ပုံသား ၁၀ ကျပ်သားလောက်ကို အတုံးလိုက် ငြုပ်ကောင်း၊ ဆားတို့နဲ့ နယ်ပေးထားရပါမယ်။ အိုးကိုမီးပေါ်တင်ပြီး ပူလာရင် ထောပတ်လေးနည်းနည်းထည့်ကာ ကြက်ရင်ပုံသားကို အပူပေးရပါမယ်။ နှစ်ဘက်လုံး အညိုရောင်သမ်းရင် ဖယ်ထားလိုက်ပါ။ ဒါက မကျက်သေးဘူးနော်။ အနံ့ပိုမွှေးသွားအောင်လို့ oven ထဲမှာ မီးအသင့်အတင့်နဲ့ မိနစ် ၂၀ ကြာ ထပ်အပူပေးလိုက်ပါဦး။ အချိန်စေ့ရင် ကြက်သားကိုထုတ်ပြီး လှီးထားရပါမယ်။

play

 

ဟင်းရည်စချက်ပါတော့မယ်။ စောနကလိုပဲ အိုးကို ထောပတ်လေးသုတ်ပြီး ဂျင်း၊ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်အနည်းငယ်တို့ ရောထည့်ပါ။ အနံ့မွှေးလာရင် ပဲငံပြာရည်နဲ့ ရှာလကာရည်ကိုထပ်ထည့်ပါ။ ကြက်ပြုတ်ရည်ကို ထပ်ထည့်၊ နှမ်းဆီလေးနည်းနည်းထည့်လိုက်ရင် ဟင်းရည်ရပါပြီ။ စားမယ့်ပန်းကန်လုံးထဲကို ခေါက်ဆွဲပြုတ်ထားတာထည့်၊ အပေါ်က ဟင်းရည်လောင်းထည့်ပြီးရင် ကြက်သား၊ ဘဲဥ၊ ကြက်သွန်မြိတ်တို့ဖြည့်စွက်ကာ သုံးဆောင်ကြည့်ပါနော်။ အစပ်ကြိုက်ရင် ငြုပ်သီးစိမ်းလေးလည်း ညှပ်ထည့်ကာ စားနိုင်ပါတယ်။

Source : Marin Parro YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD