အသီးအနှံတွေကို စားချင်တဲ့အချိန်မှာ စားချင်သလို စားရုံနဲ့ အာဟာရတန်ဖိုးတွေကို အပြည့်ရပြီလား။

ဝိတ်ကျချင်ပါသလား။ အသီးစားပါ။ အရေပြားခြောက်သွေ့နေပါသလား။ အသီးစားပါ။ သွေးတိုးနေပါသလား။ အသီးစားပါ။ ကျွန်တော်တို့ရဲ့အာဟာရနဲ့၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ကိစ္စ တော်တော်များများကို အသီးအနှံစားခြင်းနဲ့ပဲ ဖြေရှင်းခိုင်းနေတာကို တွေ့မြင်ရပါလိမ့်မယ်။ ဒါဟာလည်း အသီးအနှံတွေမှာပါဝင်တဲ့ အာဟာရတန်ဖိုးနဲ့ မရှိမဖြစ်လိုအပ်တဲ့ သတ္ထုဓာတ်တွေ၊ ဗိုက်တာမင်တွေကြောင့်ပါပဲ။

 

ဒါပေမယ့် အသီးအနှံတွေကို စားချင်တဲ့အချိန်မှာ စားချင်သလို စားရုံနဲ့ အာဟာရတန်ဖိုးတွေကို အပြည့်ရပြီလား။ ဒါမှမဟုတ် တစ်နေ့တာရဲ့အချိန်တစ်ခုခုမှာ မှီဝဲပေးမယ်ဆိုရင် အာဟာရတန်ဖိုး အပြည့်ရနိုင်လား။ ဒါမှမဟုတ် အသီးအနှံ လုံးဝမစားသင့်တဲ့ အချိန်ကောရှိနေမလား။

ဘယ်အချိန်ဟာ အသီးအနှံတွေကို စားသုံးပေးဖို့ အချိန်ကောင်းလဲ

Fruit.jpg 

ကမ္ဘာတဝှမ်းလုံးက အာဟာရပညာရှင်တွေဟာ တစ်နေ့တာအချိန်တလျှောက်မှာ အသီးအနှံ စားနိုင်သမျှ များများစားပေးဖို့ အကြံပြုနေကြချိန်မှာ တချို့ အာဟာရပညာရှင်တွေနဲ့ သုတေသီတွေကတော့ အသီးအနှံတွေရဲ့ အာနိသင်ကို အပြည့်ဝဆုံး ရယူနိုင်မယ့် အချိန်တွေကို ညွှန်းဆိုထားပါတယ်။ အဲဒီထဲမှာ မနက်ခင်းအချိန် ဗိုက်ထဲမှာ ဘာမှမရှိသေးတဲ့အချိန်မှာ အသီးအနှံတွေကို သောက်ရေတစ်ခွက်နဲ့ တွဲဖက်စားသုံးခြင်းကိုတော့ အများဆုံး အကြံပြုထားကြပါတယ်။

အသီးအနှံတွေကို မနက်စာအဖြစ် စားသုံးပေးခြင်းဟာ နေ့တစ်နေ့ကို အစပြုဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်မျိုးအဖြစ် လက်ခံထားကြသလို ပိုးမွှားကူးစက်ခြင်းနဲ့ ကျန်းမာရေးအန္တရာယ်တွေ ဖြစ်မလာအောင် တားဆီးပေးနိုင်တဲ့ နည်းလမ်းတစ်သွယ်အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။

 

နေ့လည်စာစားပြီးချိန်နဲ့ ညစာမစားခင်အချိန်တွေကြားမှာ သစ်သီးဝလံတွေစားပေးတာကိုုလည်း အာဟာရပြည့်ဝစေဖို့အတွက် အကောင်းဆုံးအလေ့အထတစ်ခုလို့ သတ်မှတ်ထားကြပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်က အစာခြေစနစ်ပိုမိုမြန်ဆန်စွာ အလုပ်လုပ်ဆောင်နိုင်ပြီး အင်ဇိုင်းမျိုးစုံကလည်း စိမ့််ထွက်လာပြီး အသီးအနှံတွေကို အစာခြေနိုင်တဲ့ အချိန်ဖြစ်နေလို့ပါပဲ။ တကယ်လို့ အဲဒီလိုအချိန်မျိုးမှာ အသီးအနှံစားပေးတာပဲဖြစ်ဖြစ်၊ ဗိုက်ထဲမှာ ဘာအစာမှ ရှိနေချိန်မှာ စားပေးတာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ထဲကို အာဟာရဓာတ်တွေ၊ အမျှင်ဓာတ်တွေနဲ့ သကြားဓာတ်တွေ အညီအမျှ ဖြန့်ဝေပေးနိုင်ဖို့ အခွင့်အရေးပိုများပါလိမ့်မယ်။

 

ဒါပေမယ့် လေ့လာသူတွေက အသီးအနှံစားချိန်နဲ့ နေ့လည်စာ/ညစာဆို အစားကြီးစားချိန်ကြားမှာ မိနစ် (၃၀) လောက်တော့ ခြားထားသင့်တယ်လို့ ဆိုပြန်ပါတယ်။ ဆီးချိုရောဂါသည်တွေအတွက်ဆိုရင် အစာစားပြီး (၂) နာရီကျော်နဲ့ နောက်တစ်ခါ အစာမစားခင် တစ်နာရီအလိုအချိန်တွေမှာ အသီးစားပေးသင့်ကြောင်း ညွှန်ကြားထားပါတယ်။ အစာမကြေဖြစ်နိုင်တဲ့အတွက် အစာစားပြီးနောက်မှ အသီးစားတာကိုတော့ ကျွမ်းကျင်သူတွေက recommend မပေးပါဘူး။

အသီးစားပေးဖို့ အကောင်းဆုံးအချိန် နောက်တစ်ချိန်ကတော့ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လေ့ကျင့်ခန်းလုပ်ပြီး အချိန်တွေပါပဲ။ လေ့ကျင့်ခန်းမလုပ်ခင် (gym မဆော့ခင်) အသီးအနှံစားပေးတာက အားသွန်ခွန်စိုက်လုပ်ရမယ့် ကိုယ်ကာယလေ့ကျင့်ခန်းတွေအတွက် လိုအပ်တဲ့အားအင်ကို ပေးစွမ်းနိုင်ပါတယ်။ နောက်ပြီး လေ့ကျင့်ခန်းလုပ်လိုက်လို့ ကုန်ခမ်းသွားတဲ့ အားအင်တွေကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။

ဘယ်အချိန်ဟာ အသီးအနှံတွေကို စားသုံးပေးဖို့ မကောင်းတဲ့အချိန်လဲ

fruits_625x350_61466677538.jpg 

မကောင်းတဲ့အချိန်မဟုတ်ရင်တောင် အသီးအနှံတွေကို စားသုံးပေးဖို့ မသင့်လျော်တဲ့အချိန်တစ်ခုရှိပါတယ်။ အဲဒါကတော့ အိပ်ယာဝင်ခါနီးအချိန်ပါပဲ။ နာမည်ကျော် အာဟာရဗေဒပညာရှင် Pooja Makhija က "အိပ်ယာဝင်ခါနီးဆိုရင် အသီးအနှံတင် မဟုတ်ပါဘူး။ ဘာကိုမှ မစားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်ပြီး နောက်တစ်နေ့မှာ မလန်းမဆန်းနဲ့ နိုးထလာစေနိုင်လို့ပါပဲ" လို့ ဆိုပါတယ်။ အိပ်ယာဝင်ချိန်ဆို ခန္ဓာကိုယ်ကို အနားပေးရမယ့်အချိန်မှာ အသီးစားပြီး ခွန်အားယူလိုက်တဲ့အတွက် ခန္ဓာကိုယ်က လုပ်ဆောင်မှုတွေ ပြောင်းဆန်ပြီး နှေးကွေးကုန်ပါတယ်။

Source: Food.ndtv

Share

Loading Next Article...
က္က