လူလုပ်သကြားနဲ့ အချိုမှုန့်တွေမှာ ကယ်လိုရီအမြောက်အများပါဝင်ပြီး အဝလွန်ရောဂါဆီ ဦးတည်နိုင်ပါတယ်။

ကျွန်တော်တို့အားလုံး သိထားတဲ့အချက်တစ်ချက်ကတော့ သကြား (အချိုဓာတ်) ဟာ ကျန်းမာရေးအတွက် အသင့်တော်ဆုံး ပစ္စည်းတစ်မျိုးတော့ မဟုတ်ပါဘူး။ နောက်ပြီး သူ့ရဲ့ဘေးထွက်ဆိုးကျိုးတွေဟာ အချိုအစားများလို့ မောပန်းနွမ်းနယ်ခြင်းတို့၊ သွားပိုးပေါက်ဖြစ်ခြင်းတို့ထက် အများကြီးပိုပါတယ်။

 

လူလုပ်သကြားနဲ့ အချိုမှုန့်တွေမှာ ကယ်လိုရီအမြောက်အများပါဝင်ပြီး အဝလွန်ရောဂါဆီ ဦးတည်နိုင်ပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ ကျန်းမာရေးအတွက် သင့်လျော်တဲ့ သကြားအစားထိုး သဘာဝပစ္စည်းလေးတွေဖြစ်ပါတယ်။

၁။ ပျားရည်

Honey-Dippers.jpg 

ပျားရည်ဟာ ရှေးယခင်နှစ်ပေါင်းများစွာကတည်းက သဘာဝအတိုင်း အချိုဓာတ်ကိုပေးစွမ်းနိုင်တဲ့ အချိုရည်တစ်မျိုးဖြစ်ပါတယ်။ သူ့မှာ fructose ကြွယ်ဝစွာပါဝင်ပြီး antioxidant ၊ ဇင့်၊ ဆီလီနီယမ်နဲ့ ဗိုက်တာမင်ဓာတ်တွေလည်း ပြည့်စုံကြွယ်ဝစွာ ပါဝင်ပါတယ်။ တာရှည်ခံဆေးတွေ၊ ရောနှောပစ္စည်းတွေလည်း မပါဝင်ပါဘူး။ ရှုပ်ထွေးတဲ့သကြားဓာတ် ပါဝင်မှုလည်း နည်းပါးတာကြောင့် ခန္ဓာကိုယ်မှာ ကယ်လိုရီနည်းနည်းပဲ ကျန်ခဲ့စေမှာပါ။

၂။ ထန်းလျက်ခဲ

sugar-jaggery-Burmese-snacks.jpg 

ထန်းလျက်ခဲကတော့ ရေနွေးကြမ်းနဲ့ မြည်းရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သရေစာတစ်မျိုးပါပဲ။ သူ့ရဲ့အကျိုးအာနိသင်တွေထဲမှာ ခန္ဓာကိုယ်တွင်း သန့်စင်စေတဲ့ ဂုဏ်သတ္တိ၊ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတို့ ပါဝင်သလို အစားအစာတွေကိုလည်း ပိုမိုကျန်းမာစေတဲ့ နည်းလမ်းနဲ့ ချိုမြိန်စေပါတယ်။

နောက်ပြီး သူ့မှာ သတ္ထုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီလို ကျန်းမာရေးအကျိုးကျေးဇူးတွေ ပါဝင်သလို ထန်းလျက်ခဲက အရေပြားနဲ့ သွေးသားကျန်းမာရေးကိုလည်း ကောင်းမွန်စေလို့ သကြားအစားထိုး အချိုရည်ကောင်းတစ်မျိုး ဖြစ်တာတော့ အမှန်ပါပဲ။

၃။ သစ်သီးဖျော်ရည်

Bowl_Fruit_Salad1.jpg 

သကြားနေရာမှာ အစားထိုးနိုင်တဲ့ အချိုရည်ထဲမှာ သဘာဝသစ်သီးတွေကရတဲ့ အချိုရည်တွေကိုလည်း မေ့ထားလို့မရပြန်ပါဘူး။ လတ်ဆတ်တဲ့ သဘာဝသစ်သီးလေးတွေဟာ သဘာဝအတိုင်းဖြစ်တဲ့ အချိုရည်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သူတို့မှာ ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။

သကြားလိုမဟုတ်ဘဲ အဆီဓာတ်နဲ့ ကယ်လိုရီပါဝင်မှုလည်း နည်းပါးပါသေးတယ်။ သကြားပါဝင်မှုများတဲ့ သရေစာတွေစားမယ့်အစား အသီးအနှံများများစားပေးတာက ကိုယ်အလေးချိန်နဲ့ သွေးပေါင်ချိန်တက်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါသေးတယ်။

၄။ ချောကလက်အမဲရောင်

the-new-viagra.jpg 

သကြားအစားထိုး စားစရာတွေထဲမှာ အကောင်းဆုံးကတော့ ချောကလက်အမဲရောင်ပါပဲ။ စိတ်ဖိစီးမှုတွေများနေချိန်မှာ ချောကလက်အမဲရောင်လေး စားပေးလိုက်ရင် စိတ်တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။ အများကြီး စားမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါပေမယ့် အတိုင်းအထွာနဲ့ ချိန်ဆစားမယ်ဆိုရင်တော့ အထဲမှာပါဝင်တဲ့ ကိုကိုး (cocoa) က ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

Source: Youngisthan

Share

Loading Next Article...
က္က