ဗြိတိန်အခြေစိုက် ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ Muslim Aid အဖွဲ့က ဒီစမူဆာကြီးကို ဖန်တီးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

UK အခြေစိုက် လူသားချင်းစာနာထောက်ထားရေး ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ Muslim Aid ဟာ အလေးချိန် (၁၅၃.၁) ကီလိုဂရမ် ရှိတဲ့ ကမ္ဘာ့အကြီးဆုံးစမူဆာကို ဖန်တီးပြုလုပ်နိုင်ခဲ့တဲ့ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းတင်ခဲ့ပါတယ်။

 

အာရှတိုက်ရဲ့ ရိုးရာမုန့်တစ်မျိုးဖြစ်တဲ့ စမူဆာရဲ့ဆိုဒ်ကြီးပုံစံတူကို အဖွဲ့အစည်းက စေတနာ့ဝန်ထမ်း (၁၂) ယောက်အားနဲ့ ပြုလုပ်ခဲ့ရပြီး စတင်ပြုလုပ်တဲ့အချိန်ကနေ ပြီးစီးသည်အထိ အချိန်စုုစုပေါင်း (၁၅) နာရီကြာခဲ့ပါတယ်။

စမူဆာကို အထူးပြုလုပ်

Largest-samosa-header_tcm25-489935.jpg 

Muslim Aid အဖွဲ့သားတွေဟာ ဒီလိုစမူဆာကြီးကို ကြော်ဖို့ အထူးပြုလုပ်ထားတဲ့ ဒယ်အိုးကြီးကိုလည်း မှာယူခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ မိုးဗြဲဒယ်လို ဒယ်အိုးကြီးထဲမှာတောင် အခုလိုကြီးမားလေးလံတဲ့ စမူဆာသားကို ထည့်ကြော်ဖို့ မလွယ်ကူလို့ပါပဲ။

အခုလိုပြုလုပ်ခဲ့မှုကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဗြိတိန်နိုင်ငံ (UK)၊ လန်ဒန်မြို့အရှေ့ပိုင်းက ဗလီတစ်လုံးမှာပြုလုပ်ခဲ့ပြီး တရားဝင် ဂင်းနစ်မှတ်တမ်းတင်ခြင်းကို စစ်ဆေးဆုံးဖြတ်သူ Pravin Patel က အကဲဖြတ် အမှတ်ပေးခဲ့ပါတယ်။ "စမူဆာဆိုတော့ တြိဂံပုံဖြစ်ရမယ်။ ဂျုံမှုန့်၊ အာလူး၊ ကြက်သွန်နဲ့ ပဲတွေ ပါရမယ်။ ကြော်ပြီးသားဖြစ်ရမယ်။ နောက်ပြီး ကျက်သွားချိန်မှာလည်း မူရင်းပုံသဏ္ဍာန်ကို ထိန်းသိမ်းနိုင်ရမယ်။ ဒီအချက်တွေနဲ့ ကိုက်ညီမှ စမူဆာအင်္ဂါရပ်နဲ့ ကိုက်ညီတယ်လို့ ဆုံးဖြတ်လို့ရပါတယ်" လို့လည်း သူက ပွဲကြည့်ပရိသတ်ကို ရှင်းပြခဲ့ပါတယ်။

"ဒီဟာက စမူဆာနဲ့ ပုံသဏ္ဍာန်တူရမှာဖြစ်သလို တကယ့် ရောင်းတန်းဝင် စမူဆာတွေလိုပဲ စားလို့ရရမှာ ဖြစ်ပါတယ်။ အလှပြရုံသက်သက်လည်း မဖြစ်ရပါဘူး"

Pravin က အဖွဲ့ရဲ့ကြိုးပမ်းမှုကို ဂင်းနစ်မှတ်တမ်းဝင်ကြောင်း ဆုံးဖြတ်ပြီးသွားတဲ့အခါ အဖွဲ့သားတွေက အဲဒီစမူဆာကြီးကို ကိတ်မုန့်ခွဲသလို ခွဲစိတ်ပြီး ဘေးနားက အိမ်ခြေရာမဲ့လေးတွေကို ဝေမျှပေးခဲ့ပါတယ်။ ဒီစမူဆာကြီးထဲမှာတောာ့ အာလူး (၁၀၀) ကီလိုဂရမ်၊ ကြက်သွန်နီ (၂၅) ကီလိုဂရမ်၊ ပဲစေ့ (၁၅) ကီလိုဂရမ်၊ ဂျုံမှုန့်နဲ့ အိန္ဒိယရိုးရာ ဟင်းခတ်မှုန့် (၄၄) ကီလိုဂရမ် ပါဝင်ပါတယ်။

 

Muslim Aid အဖွဲ့ရဲ့အခုလို ကြိုးပမ်းမှုဟာ အရင်တုံးက ဗြိတိန်နိုင်ငံ၊ ဘရတ်ထ်ဖို့ထ်ကောလိပ်မှာ ပြုလုပ်ခဲ့တဲ့ မှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ အဲဒါက ၂၀၁၂ ခုနှစ်တုံးက ၁၁၀.၈ ကီလိုဂရမ် အလေးချိန်ရှိတဲ့ စမူဆာတစ်ခုကို ပြုလုပ်ခဲ့တဲ့ မှတ်တမ်းကို ချိုးဖောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Source: Guinnessworldrecords

 

Share

Loading Next Article...
က္က