ဆီးဖြူသီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဆံပင်ကို ကြီးမားစွာအကျိုးပြုနိုင်ပါတယ်။

ဆံပင်ကျွတ်ကျတာတွေ၊ ကြမ်းတမ်းတဲ့ဆံပင်တွေကို စိတ်ကုန်နေပြီလား။ ဒါဆိုရင်တော့ မြန်မာနိုင်ငံမှာ အလေ့ထပေါက်ရောက်တဲ့ အသီးအနှံတစ်မျိုးကို မိတ်ဆက်ပေးပါရစေ။ အဲဒါကတော့ ဆီးဖြူသီးပါပဲ။ ဆီးဖြူသီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဆံပင်ကို ကြီးမားစွာအကျိုးပြုနိုင်ပါတယ်။ ဆီးဖြူသီးရဲ့ဆံကေသာအပေါ်သက်ရောက်နိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့...

၁။ ဆံပင်သန်စေတယ်

hair-loss.jpg 

ဆီးဖြူသီးမှာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ဦးရေပြားကိုုကျန်းမာစေပြီး ဆံပင်သန်စေဖိုု့အတွက်လည်း ကောင်းကောင်းအထောက်အကူပေးနိုင်ပါတယ်။

၂။ သဘာဝဆံပင်ပေါင်းဆေး

ဆီးဖြူသီးဟာ ဆံပင်တစ်ချောင်းချင်းစီကို အာဟာရဖြည့်ပေးခြင်း၊ အားဖြည့်ပေးခြင်း၊ အစိုဓာတ်ပြန်လည်ထိန်းသိမ်းပေးခြင်းဖြင့် ဆံသားကို ပိုမိုတောက်ပြောင်စေသလို ဆံလုံးလည်း ပိုတုတ်လာစေပါတယ်။

၃။ ဗောက်ပျောက်စေတယ်

winter-hair-fall.jpg 

ဗောက်တွေဆိုတာ ဦးရေပြားနဲ့ ဆံသားခြောက်သွေ့မှုကြောင့် ဖြစ်လာရတာပါ။ ဆီးဖြူသီးမှာပါဝင်တဲ့ ဗိုက်တာမင်စီဟာ ဦးရေပြားခြောက်သွေ့မှုကို ကုသပေးနိုင်တဲ့အတွက် ဗောက်တွေဖြစ်မလာအောင်လည်း တားဆီးပေးပါတယ်။

၄။ ဦးရေပြားသန့်ရှင်းပေးတယ်

ဆီးဖြူသီးဖျော်ရည်ဟာ ဦးရေပြားကို သန့်ရှင်းစေတဲ့အရာတစ်မျိုးလည်းဖြစ်ပါတယ်။ ၎င်းဟာ ဦးရေပြားကို အာဟာရဖြည့်ပေးတဲ့အတွက် ခေါင်းပေါ်က မလိုလားအပ်တဲ့ အမှိုက်တွေနဲ့ ဘက်တီးရီးယားတွေကို ရှင်းလင်းပေးပါတယ်။

၅။ ဆံပင်အရောင်ကိုလည်း အားကောင်းစေတယ်

beautiful-asian-girl-wallpaper-6.jpg 

ဆံပင်အရောင်ဆိုးဆေးအများစုမှာ ဆီးဖြူသီးပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆီးဖြူသီးဟာ ဆံပင်အရောင်ကိုထိန်းသိမ်းပေးနိုင်တဲ့ ဓာတ်သတ္တိတစ်မျိုး ပါဝင်လို့ပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆီးဖြူသီးကို တခြားဓာတ်တွေနဲ့ ရောစပ်လိုက်ရင် ဆံပင်အရောင်ကျွတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

၆။ ဆံပင်ဖြူတွေကိုလည်း လျော့နည်းစေတယ်

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းဟာ ခန္ဓာကိုယ်ထဲမှာ တေဇောဓာတ်များပြားမှုကြောင့် ဖြစ်လာရပါတယ်။ တေဇောဓာတ်များပြားခြင်းရဲ့ လက္ခဏာတွေထဲမှာ အရေပြားအနီကွက်ထခြင်း၊ အပူလောင်ခြင်း၊ အစာအိမ်အနာ၊ အပူများခြင်းနဲ့ နှလုံးအောင့်ခြင်းတို့ ပါဝင်ပါတယ်။ သဘာဝအအေးစာတစ်မျိုးဖြစ်တဲ့ ဆီးဖြူသီးကတော့ တေဇောဓာတ်များခြင်းကို ကုသပေးနိုင်တဲ့အတွက် ဆံပင်ဖြူခြင်းကိုလည်း လျော့နည်းစေပါတယ်။

Source: food.ndtv

Share

Loading Next Article...
က္က