ဒီသတင်းသာအမှန်ဆိုရင်တော့ အစပ်ကြိုက်တဲ့သူတွေအတွက် ဝမ်းမြောက်စရာပါပဲ။

အစပ်ကြိုက်တဲ့သူတွေရှိပါသလား။ ဒီသတင်းသာအမှန်ဆိုရင်တော့ အစပ်ကြိုက်တဲ့သူတွေအတွက် ဝမ်းမြောက်စရာပါပဲ။ အစပ်များတဲ့ အစားအသောက်တွေဟာ ခန္ဓာကိုယ်အတွက် ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရှိပါသတဲ့။ ဥပမာ... သစ်ကြံပိုးခေါက်တို့၊ နနွင်းမှုန့်တို့၊ ငရုပ်သီးတို့လို အစပ်များတဲ့ အသီးအနှံတွေမှာ ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရှိပါတယ်။

 

တကယ်လို့ ခင်ဗျားဟာ အစပ်လုံးဝမကြိုက်သူတစ်ဦးဖြစ်နေမယ်ဆိုရင်တော့ ဒီဆောင်းပါးဖတ်ပြီးရင် မနက်ခင်းအချိန်မှာစားတဲ့ မုန့်ဟင်းခါးပန်းကန်ထဲကို ငရုပ်သီးမှုန့်နည်းနည်းတော့ ထည့်စားချင်လာပါလိမ့်မယ်။

၁။ အသက်ရှည်စေတယ်

china-portrait-old-man.jpg 

အစပ်ပါတဲ့အစားအသောက်တွေကို တစ်နေ့တစ်ကြိမ်လောက် စားပေးခြင်းက သေဆုံးနိုင်ခြေကို (၁၄) ရာခိုင်နှုန်းလောက် လျော့ကျစေပါတယ်လို့ ၂၀၁၅ ခုနှစ်တုံးက ပြုလုပ်ခဲ့တဲ့ ဟားဗတ်တက္ကသိုလ်နဲ့ တရုပ်နိုင်ငံဆိုင်ရာ ရောဂါထိန်းချုပ်ကာကွယ်ရေး ပရိုဂရမ်ရဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

၂။ ဇီဝကမ္မလုပ်ဆောင်မှုတွေကို ပိုမိုမြန်ဆန်စေတယ်

ဇီရာစေ့၊ သစ်ကြံပိုးခေါက်၊ နနွင်းမှုန့်၊ ငရုပ်ကောင်းမှုန့်နဲ့ ငရုပ်သီးတို့လို အစပ်များတဲ့အရာတွေက ဇီဝကမ္မလုပ်ဆောင်မှုနှုန်းကို မြန်ဆန်စေပြီး ဆာလောင်ခြင်းကိုလည်း လျော့ကျစေကြောင်း လေ့လာမှုများစွာက ဖော်ပြထားပါတယ်။ လေ့လာမှုတစ်ခုမှာဆိုရင် နနွင်းမှုန့်က ကြွက်တွေမှာရှိတဲ့ အဆီတစ်ရှူးတွေကြီးထွားလာမှုကို ဖိနှိပ်ထားနိုင်တယ်လို့ ဆိုပါတယ်။ သက်ရောက်မှုက နည်းတော့ နည်းပါးပါတယ်။ ဒါပေမယ့် အချိန်တစ်ခုပေးပြီးလုပ်ဆောင်လိုက်မယ်ဆိုရင် ကိုယ်အလေးချိန်ကျဆင်းစေရေးအတွက် အထောက်အကူပြုပေးနိုင်မှာပါ။

၃။ ရောင်ရမ်းခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်

445131_orig.jpg 

နနွင်းမှုန့်ထဲမှာပါဝင်တဲ့ curcumin ဟာ ခန္ဓာကိုယ်တွင်းမှာ ဖြစ်စေတဲ့ ရောင်ရမ်းခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းဆေးတွေမှာ ဂျင်း၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်တို့လို အစပ်သဘာဝ ပါဝင်ပြီး ရောင်ရမ်းခြင်းကိုလျှော့ချနိုင်တဲ့ သစ်ဥသစ်ဖုတွေကို အဆစ်အမြစ်ရောင်ရောဂါတို့၊ လေးဖက်နာရောဂါတို့၊ ခေါင်းကိုက်ရောဂါတို့ကို ကုသရာမှာ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

၄။ ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်ခြေရှိပါတယ်

ငရုပ်သီးမှာပါဝင်တဲ့ capsaicin ဆိုတဲ့ဓာတ်တစ်မျိုးဟာ ကင်ဆာဆဲလ်တွေကို နှေးကွေးစေပြီး တိုက်ဖျက်ပစ်နိုင်တယ်လို့ အဆိုရှိပါတယ်။ UCLA ကပြုလုပ်တဲ့ သုတေသနတစ်ခုမှာဆိုရင် capsaicin ဟာ ကြွက်တွေမှာရှိတဲ့ သည်းခြေအိတ်ကင်ဆာ ဆဲလ်တွေကို တိုက်ဖျက်ပေးပြီး ကောင်းမွန်တဲ့ဆဲလ်တွေကိုတော့ ချန်ထားခဲ့တယ်လို့ သိရပါတယ်။

၅။ ဘက်တီးရီးယားပိုးတွေကိုလည်း သေစေတယ်

dollarphotoclub_65932226.jpg 

ဇီရာစေ့နဲ့ နနွင်းမှုန့်တို့မှာ စွမ်းအားမြင့် antioxidant နဲ့ အဏုဇီဝပိုးမွှားငယ်လေးတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်း ပါရှိပါတယ်။ ဒါကြောင့် သူတို့ကို မှီဝဲပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက ဘက်တီးရီးယား ပိုးမွှားငယ်လေးတွေကို သေစေနိုင်ပါတယ်။

Source: healthline

Share

Loading Next Article...
က္က