သက်တမ်း (၁၀၆) နှစ်ရှိပြီဖြစ်ပေမယ့် အခုအချိန်ထိ ပုံမပျက်သေးဘဲ စားလို့ရနေသေးပုံပေါ်ပါသတဲ့။

ရေခဲတွေနဲ့ဖုံးလွှမ်းနေတဲ့ အန္တာတိကတိုက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ သဘာဝပတ်ဝန်းကျင်တစ်ခု ဖြစ်ပါတယ်။ အဲဒီလို အန္တာတိယတိုက်မှာ ရှေးဟောင်းအမွေအနှစ်တွေကိုု လိုက်လံရှာဖွေနေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Antarctic Heritage Trust (အန္တာတိကတိုက် အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့) ဟာ သက်တမ်း (၁၀၆) နှစ်ရှိပြီဖြစ်တဲ့ ဗြိတိသျှသစ်သီးကိတ်တစ်ချပ်ကို တွေ့ရှိခဲ့ပါတယ်။

ကပ္ပတိန်စကော့ရဲ့ သစ်သီးကိတ်

_97305324_fruitcake.jpg 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေဟာ ဒီသစ်သီးကိတ်ကို အဒဲ အငူ (Cape Adare) နားမှာတွေ့ရှိခဲ့ကြပြီး ဗြိတိန်လူမျိုး စူးစမ်းရှာဖွေသူ ရောဘတ် ဖယ်လ်ကွန် စကော့ (Robert Falcon Scott) ရဲ့ သစ်သီးကိတ်လို့ ယူဆထားကြပါတယ်။ ထည့်ထားတဲ့ သံဘူးက သံချေးတက်နေပြီဖြစ်ပေမယ့် အထဲကကိတ်ကတော့ အကောင်းပကတိအတိုင်းရှိနေသေးသလို အနံ့အရလည်း စားလို့ကောင်းနေသေးဟန် တူပါသတဲ့။

တွေ့ရှိရာနေရာ

_97305328_scotteating.jpg 

အဖွဲ့ဝင်တွေဟာ နော်ဝေးလူမျိုး စူးစမ်းလေ့လာသူ Carsten Borchgrevink ရဲ့အဖွဲ့ ၁၈၉၉ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့၊ အန္တာတိကတိုက်ရဲ့ သက်တမ်းအရှည်ကြာဆုံး အဆောက်အအုံတစ်ခုလည်းဖြစ်တဲ့ တဲတစ်လုံးထဲမှာ ဒီသစ်သီးကိတ်ကို တွေ့ရှိခဲ့တာပါ။ အဲဒီတဲကို ၁၉၁၁ ခုနှစ်တုံးက ကပ္ပတိန်စကော့ အသုံးပြုခဲ့တယ်လို့ ယူဆရပါတယ်။ ရှာဖွေတွေ့ရှိခဲ့တဲ့ သစ်သီးကိတ်ကို ဗြိတိန်ဘီစကစ် ကုမ္မဏီ Huntley & Palmers က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်တုံးကတော့ အင်္ဂလန်လူမှုအသိုင်းအဝိုင်းမှာ သစ်သီးကိတ်က လူကြိုက်များတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ နောက်ပြီး ဒီနေ့ခေတ်ထိလည်း လူကြိုက်များနေတုံးပါပဲ" လို့ အဖွဲ့ရဲ့ လူမှုဆက်ဆံရေးမန်နေဂျာ Lizzie Meek က National Geographic မဂ္ဂဇင်းကို ပြောကြားပါတယ်။ "အန္တာတိကလို ရေခဲနေတဲ့ပတ်ဝန်းကျင်မှာ နေထိုင်အလုပ်လုပ်ကိုင်ရတာဟာ အဆီပိုတွေ၊ အချိုများတဲ့ အစားအသောက်တွေကို လိုအပ်လာပြီး သစ်သီးကိတ်တွေက ဒီလို လိုအပ်ချက်တွေကို ကောင်းကောင်းဖြည့်ဆည်း ပေးနိုင်နေပါတယ်။ ပြီးတော့ သူတို့က လက်ဖက်ရည်ပူပူလေးတစ်ခွက်နဲ့လည်း လိုက်ဖက်ညီပါတယ်"

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေဟာ ၂၀၁၆ မေလကတည်းက တဲအိုထဲမှာ ရှေးဟောင်းပစ္စည်းတွေကို တူးဖော်ခဲ့ကြပြီး ပစ္စည်းအမျိုးပေါင်း (၁၅၀၀) ကျော်လောက်ကို တူးဖော်နိုင်ခဲ့ကြပါတယ်။ အဲဒီထဲမှာ အဝတ်အစားတွေ၊ ပစ္စည်းကိရိယာတွေ ပါဝင်သလို အသားပုပ်၊ ငါးပုပ်တွေ၊ ပုံမပျက်သေးတဲ့ သစ်သီးယိုတွေလည်း ပါဝင်ပါတယ်တဲ့။

Source: BBC

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က