ဖန်ခွက်ရှည်တစ်ခွက်ထဲ ထည့်ထားတဲ့ ဖျော်ရည်အေးအေးလေးတစ်ခွက်ကို မနှစ်သက်တဲ့သူ ဘယ်သူရှိမလဲ။

ဖန်ခွက်ရှည်တစ်ခွက်ထဲ ထည့်ထားတဲ့ ဖျော်ရည်အေးအေးလေးတစ်ခွက်ကို မနှစ်သက်တဲ့သူ ဘယ်သူရှိမလဲ။ ဒါပေမယ့် သစ်သီးဖျော်ရည်တိုင်းကတော့ ကျန်းမာရေးအတွက် ကောင်းမွန်တာတော့ မဟုတ်ပါဘူး။

 

တချို့သစ်သီးဖျော်ရည်တွေဆိုရင် ကျန်းမာရေးအတွက် ထိခိုက်စေနိုင်ပါသေးတယ်။ ဒါပေမယ့် ယေဘုယျခြုံကြည့်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တဲ့ သစ်သီးဖျော်ရည်တွေ ရှိပါသေးတယ်။

၁။ သလဲသီးဖျော်ရည်

17-Best-Benefits-Of-Pomegranate-Juice-For-Skin-Hair-And-Health.jpg 

တစ်နေ့ကို သစ်သီးဖျော်ရည်တစ်ခွက် သောက်မယ်ဆိုရင် မိမိအတွက် အာဟာရတန်ဖိုး အပြည့်အဝဖန်တီးပေးနိုင်မယ့် ဖျော်ရည်ကိုရွေးတာ အကောင်းဆုံးပါပဲ။ ဒါဆိုရင် ဘယ်လိုသစ်သီးဖျော်ရည်မျိုးက တစ်ငုံချင်းစီမှာ အာဟာရတန်ဖိုး ပေးစွမ်းနိုင်တာကို သိဖို့လိုလာပါပြီ။ အဲဒီထဲမှာ သလဲသီးဖျော်ရည်က ထိပ်ဆုံးကစွဲပါတယ်။

သူ့မှာ သကြားနဲ့ ကယ်လိုရီတွေ များတာမှန်ပေမယ့် antioxidant လိုမျိုး အာဟာရတန်ဖိုးတွေလည်း ကြွယ်ဝနေတော့ ခန္ဓာကိုယ်အတွက် အထူးကောင်းမွန်ပါတယ်။ အချက်အလက်တွေအရဆိုရင် သလဲသီးဖျော်ရည်မှာပါဝင်တဲ့ antioxidant ရဲ့လုပ်ဆောင်နိုင်စွမ်းဟာ ဝိုင်နီတို့၊ လက်ဖက်စိမ်းရေနွေးကြမ်းတို့ထက် ပိုများပါတယ်။

၂။ ခရမ်ဘယ်ရီသီးဖျော်ရည်

20-Best-Benefits-Of-Cranberry-Juice-For-Skin-Hair-And-Health-1024x477.jpg 

ခရမ်ဘယ်ရီသီးဖျော်ရည်မှာ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်က လိုအပ်တဲ့ ဗိုက်တာမင်စီ အပြည့်အဝ ပါဝင်ပါတယ်။ အချိုဓာတ် ရောနှောမထားတဲ့ ခရမ်ဘယ်ရီသီး သန့်သန့်တစ်ခွက်မှာဆိုရင် ဆီးလမ်းကြောင်းတလျှောက်မှာ ခိုကပ်နေနိုင်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို ရှင်းလင်းပစ်နိုင်တဲ့အတွက် ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းရောဂါ ဝေဒနာရှင်တွေအတွက် သောက်သုံးရန် အထူးသင့်တော်ပါတယ်။

၃။ အဆိုင်ဘယ်ရီသီးဖျော်ရည်

Acai-Berry.jpg 

အဆိုင်ဘယ်ရီသီး (Acai Berry) ဟာ တောင်အမေရိကတိုက်မှာ ပေါက်ရောက်တဲ့ ဘယ်ရီသီးနွယ်ဝင် အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ အဆိုင်ဘယ်ရီသီးအနှစ်မှာ ခရမ်ဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ စတော်ဘယ်ရီသီးနဲ့ ဘလူးဘယ်ရီသီးတို့လို တခြားဘယ်ရီသီးမှာ ပါဝင်တဲ့ antioxidant ပမာဏတွေထက် ပိုမိုသိပ်သည်းတဲ့ antioxidant ပမာဏကို ပိုင်ဆိုင်ထားပါတယ်။

၄။ စပျစ်နီသီးဖျော်ရည်

Red-grape-lavender-soda.jpg 

ဝိုင်နီကို အတိုင်းအထွာနဲ့သောက်မယ်ဆိုရင် နှလုံးကျန်းမာရေးအတွက်ကောင်းတယ်ဆိုတဲ့ သတင်းတွေ ဖတ်ဖူးကြမှာပေါ့။ အယ်လ်ကိုဟောမပါတဲ့ စပျစ်နီသီးဖျော်ရည်ဆိုရင် ပိုမကောင်းဘူးလား။ အဓိကသော့ချက်ကတော့ ဝိုင်နီမှာရော၊ စပျစ်နီသီး ဖျော်ရည်မှာကော စပျစ်သီးတစ်သီးလုံးရဲ့ ပါဝင်ပစ္စည်းတွေအကုန် ပါဝင်နေတာပါပဲ။

စပျစ်သီးရဲ့ ကျန်းမာရေးအကျိုး ကျေးဇူးတွေအပြင် ဖျော်ရည်ဖောက်ခြင်းက ရရှိလာတဲ့ ထပ်ပေါင်းအကျိုးကျေးဇူးတွေကိုပါ ရရှိနိုင်တာမို့ မနက်တိုင်း တစ်ခွက်စီသောက်ပေးသင့်ပါတယ်။

၅။ ဆီးသီးဖျော်ရည်

07-soda-alternatives-prune-juice.jpg 

ဆီးသီးဟာ ဝမ်းချုပ်ရောဂါအတွက် ကောင်းတယ်လို့ လက်ခံယုံကြည်ထားကြတာကြာပါပြီ။ ဆီးသီးမှာ အမျှင်ဓာတ်နဲ့ sorbitol လို့ခေါ်တဲ့ သဘာဝဝမ်းနုတ်ဆေးတစ်မျိုး ပါဝင်တဲ့အတွက် ဝမ်းနုတ်ဆေးအဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဆီးသီးဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေက ဒီလောက်နဲ့ ရပ်မသွားသေးပါဘူး။ ဆီးသီးဖျော်ရည်ထဲမှာ antioxidant သံဓာတ်နဲ့ ပိုတက်စီယမ်တို့လည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။

Source: Webmd

 

Share

Loading Next Article...
က္က