ဒီနေ့ခေတ်လို လျှပ်စစ်ပစ္စည်းတွေနဲ့ နပန်းလုံးနေရတဲ့ ခေတ်ကြီးထဲမှာ မျက်စိကျန်းမာရေး ကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကို ပိုမိုမှီဝဲပေးဖို့ လိုလာပါတယ်။

လူသားတွေမှာ အာရုံ (၅) ပါးရှိတဲ့အနက် အမြင်အာရုံ (စက္ခုအာရုံ) ဟာ အရေးအပါဆုံးပါပဲ။ ဒါကြောင့်လည်း အိမ်ကအမေတွေဟာ ငယ်ငယ်လေးတည်းက သားသမီးတွေကို အမြင်အာရုံကို အားကောင်းစေမယ့် အသား၊ ငါးတွေ၊ သစ်သီးဝလံတွေကို ကျွေးကြတာဖြစ်နိုင်ပါတယ်။

 

ဒီနေ့ခေတ်လို လျှပ်စစ်ပစ္စည်းတွေနဲ့ နပန်းလုံးနေရတဲ့ ခေတ်ကြီးထဲမှာ မျက်စိကျန်းမာရေး ကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကို ပိုမိုမှီဝဲပေးဖို့ လိုလာပါတယ်။ အဲဒါတွေကတော့...

၁။ ရှောက်၊ သံပုုရာနွယ်ဝင်အသီးများ

Citrus-Fruits.jpg 

Citrus Fruits (ရှောက်၊ သံပုုရာနွယ်ဝင်အသီး) တွေဟာ ဗိုက်တာမင် စီကြွယ်ဝတဲ့ သစ်သီးတွေဖြစ်ပြီး မျက်စိကျန်းမာရေး ကောင်းမွန်လိုသူတွေအတွက် နေ့စဉ်စားသုံးပေးသင့်တဲ့ သစ်သီးဝလံတွေပဲ ဖြစ်ပါတယ်။ အရည်လည်းရွှမ်းပြီး အရသာလည်း ကောင်းမွန်တဲ့ သစ်သီးတွေလည်း ဖြစ်တဲ့အတွက် စားရတာလည်း အဆင်ပြေကြမှာပါ။

ရှောက်၊ သံပုုရာနွယ်ဝင်အသီးတွေထဲမှာ ပါဝင်တဲ့ ဗိုက်တာမင် စီဟာ အမြင်အာရုံကို ထက်မြက်စေရုံသာမက ကြွက်သားယိုယွင်းခြင်းကိုလည်း တားဆီးပေးတဲ့အတွက် အထွေထွေကျန်းမာရေးအတွက်လည်း စားသုံးပေးသင့်တာအမှန်ပါပဲ။

၂။ ဘယ်ရီသီးတွေ

Berries.jpg 

ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီသီးတွေကို ဘာလို့စားပေးသင့်တာလဲ။ သူတို့ဟာလည်း သဘာဝအတိုင်း ဗိုက်တာမင် စီကြွယ်ဝတဲ့ သစ်သီးတွေဖြစ်ပါတယ်။ ဘလူးဘယ်ရီသီး (၁၀၀) ဂရမ်မှာ ဗိုက်တာမင် စီ (၉) မီလီဂရမ်ပါဝင်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ဗိုက်တာမင် စီ (၇၅-၉၀) မီလီဂရမ် စားသုံးပေးသင့်တယ်ဆိုတော့ ဘယ်ရီသီးတွေဟာ အသင့်တော်ဆုံး ရွေးချယ်မှုထဲမှာ ပါဝင်နေမှာပါနော်။

ဘယ်ရီသီးတစ်ပန်းကန်ကို သံပုရာ (သို့) ရှောက်ရည်နည်းနည်းဆမ်းပြီး စားပေးမယ်ဆိုရင် တစ်နေ့စာအတွက် လုံလောက်တဲ့ ဗိုက်တာမင် စီကတော့ ပြည့်စုံသွားပါပြီ။ ဘယ်ရီသီးတွေဟာ အမြင်အာရုံကောင်းမွန်စေရုံတင်မကပါဘူး။ မျက်စိတဝိုက်က အရေပြားကိုလည်း ကျန်းမာစေပါတယ်။ ဒါကြောင့် မျက်ကွင်းညိုတာတွေ ဘာတွေလည်း မဖြစ်တော့ဘူးပေါ့။

၃။ ငါး

Fish.jpg 

ငယ်ငယ်က ငါးစားရတာကို အရိုးနွှင်ရတာ အလုပ်ရှုပ်လို့ မကြိုက်တဲ့သူတွေ ရှိလား။ ဒါဆိုရင်တော့ နှစ်ခါပြန်စဉ်းစားကြည့်ပါဦး။ ငါးတွေမှာ omega-3 ဖက်တီးအက်ဆစ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အထူးသဖြင့် မွေးမြူရေးငါးထက် ရေငန်ငါးတွေမှာ omega-3 ဖက်တီးအက်ဆစ် ပိုမိုကြွယ်ဝပါတယ်။ သုတေသနတစ်ခုရဲ့အဆိုအရဆိုရင် omega-3 ဖက်တီးအက်ဆစ်ဟာ မျက်ခမ်းစပ်ရောဂါနဲ့ အမြင်အာရုံ မှုန်ဝါးခြင်းဝေဒနာတို့ကို ကုသရာမှာ အသုံးဝင်ပါသတဲ့။

၄။ တရုပ်ဆီးသီး

Apricots.jpg 

တရုပ်ဆီးသီးတွေဟာလည်း မျက်စိနဲ့ အာရုံကြောအတွက် ကောင်းမွန်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာပါဝင်တဲ့ beta- carotene ဆိုတဲ့ ရောင်ခြယ်တစ်မျိုးဟာ ခန္ဓာကိုယ်ထဲရောက်ရင် ဗိုက်တာမင် အေအဖြစ် ပြောင်းလဲနိုင်ပြီး မျက်စိကျန်းမာရေးမှာ အထောက်အကူပြုနိုင်လို့ပါပဲ။ လေ့လာမှုတစ်ခုရဲ့အဆိုအရဆိုရင် တရုပ်ဆီးသီးမှာပါဝင်တဲ့ beta- carotene ဟာ ဗိုက်တာမင် စီ၊ အီး၊ ဇင့်ဓာတ်တို့နဲ့ တွဲဖက်လိုက်ချိန်မှာ မျက်စိနာရောဂါ၊ တိမ်စွဲရောဂါတို့လို မျက်စိရောဂါလက္ခဏာတွေကိုတောင် သက်သာပျောက်ကင်းစေပါတယ်တဲ့။

၅။ ကီဝီသီး

Kiwi.jpg 

ဗိုက်တာမင် အေ၊ ဗိုက်တာမင် စီ၊ လူတိန်း၊ ဇီဇန်သင်းနဲ့ beta- carotene တို့ဟာ ကီဝီသီးထဲမှာပါဝင်တဲ့ ဓာတ်တွေပဲဖြစ်ပါတယ်။ နောက်ပြီး အဲဒါတွေဟာ မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ လူတိန်းဓာတ်ဟာဆိုရင် anti-oxidant တစ်မျိုး ဖြစ်ပြီး မျက်စိကို ခရမ်းလွန်ရောင်ခြည်သင့်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ဇီဇန်သင်းကတော့ လူသားမျက်စိ မျက်ကြည်လွှာထဲမှာ တွေ့ရတဲ့ အဝါရောင်အစက်အပြောက်လေးမှာရှိတဲ့ ရောင်ခြယ်တစ်မျိုး ဖြစ်ပြီး မျက်စိကို စမတ်ဖုန်းတွေ၊ လျှပ်စစ်ပစ္စည်းတွေကထွက်တဲ့ အပြာရောင်အလင်း (blue light) ကနေ ကာကွယ်ပေးပါတယ်နော်။ အဆိုပါ ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင် ကီဝီသီးရဲ့ ထူးခြားတဲ့အရသာကလည်း မဖြစ်မနေစားသုံးပေးသင့်တဲ့ အကြောင်းရင်းတစ်ခုပါပဲ။

Source: Stylecraze

 

Share

Loading Next Article...
က္က