စိတ်အလိုလိုက်ပြီး အဆီအစိမ့်များတဲ့ အစားအသောက်တွေကို တနင့်တပိုးစားမိရင် နေမထိထိုင်မသာ ခံစားရတတ်ပါတယ်။

အာရုံ (၅) ပါးထဲမှာ လူတွေအသုံးအများဆုံးက အရသာခံတဲ့ အာရုံပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်နော်။ ကျွန်တော်တို့အားလုံးဟာ အသက်ရှင်ဖို့အတွက် စားနေကြရတာဆိုပေမယ့် စားဖို့အတွက် အသက်ရှင်နေကြရတယ်ဆိုရင်လည်း မမှားပါဘူး။ ချက်ပြုတ်နည်းအမျိုးမျိုး၊ အရသာအဖုံဖုံကို အလွယ်တကူရနိုင်တဲ့ ခေတ်ကြီးထဲမှာ အရာရာတိုင်းကိုလည်း လက်လှမ်းမီနိုင် နေပါတယ်။

 

တစ်ခါတလေမှာ စိတ်အလိုလိုက်ပြီး အဆီအစိမ့်များတဲ့ အစားအသောက်တွေကို တနင့်တပိုးစားမိရင် နေမထိထိုင်မသာ ခံစားရတတ်ပါတယ်။ အဲဒီကမှတဆင့် အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ သွေးတိုးခြင်း တွေကိုလည်း ခံစားရတတ်ပါတယ်။ အဆီအစိမ့်တွေ အလွန်အကျွံစားပြီးရင် လုပ်ဆောင်ပေးသင့်တဲ့ အချက်လေးတွေကတော့...

၁။ ရေနွေးသောက်ပေးပါ

Green-Tea-and-Bowels.jpg 

အရမ်းပူတဲ့ ရေနွေးမျိုးမဟုတ်ဘဲ ကြက်သီးနွေးရုံလောက် ရေနွေး (၂) ခွက်ခန့်ကို သောက်ပေးပါ။ အဲဒီလိုသောက်သုံးပေးခြင်းဖြင့် သူငယ်ချင်းတို့ရဲ့ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့ အဆီများတဲ့ အစားအစာတွေကို ရွှေ့ပြောင်းပေးရာမှာ ကြီးမားစွာအထောက်အကူ ဖြစ်လာနိုင်လို့ပါပဲ။ နောက်ပြီး ရေနွေးသောက်ခြင်းဟာ အဆီတွေကြောင့်ဖြစ်တဲ့ ဒဏ်ရာတွေ အူ၊ အစာအိမ်နဲ့ အသည်းတို့ကို ထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၂။ အစာစားပြီး ချက်ချင်းမအိပ်ပါနဲ့

things-making-you-tired-besides-lack-of-sleep.jpg 

အဆီအစိမ့်တွေစားပြီးရင် သွေးတွေလေးပြီး အိပ်ချင်လာတတ်တာ သဘာဝပါ။ ဒါပေမယ့် အဆီအစိမ့်တွေ စားပြီးပြီးချင်း အဲဒီလို လှဲအိပ်မိလိုက်တာထက် အန္တရာယ်များတာ မရှိတော့ပါဘူး။ အစာစားပြီးချိန်နဲ့ တရေးတမောအိပ်ချိန်ကြားထဲမှာ အနည်းဆုံး (၂) နာရီလောက်တော့ ခြားထားပါ။ အဆီအစိမ့်တွေကြောင့် ခန္ဓာကိုယ်ထဲမှာဖြစ်တည်လာတဲ့ ကယ်လိုရီတွေဟာ အသုံးမပြုရသေးဘဲ ကျန်နေတဲ့အတွက် အဆီပိုတွေစုဆောင်းမိခြင်းဆီ ဦးတည်လာနိုင်လို့ပါပဲ။

၃။ လေ့ကျင့်ခန်းလုပ်ပါ

အစာ စားပြီးပြီးချင်းတော့ မဟုတ်ပေမယ့် အစာစားပြီး (၂) နာရီလောက်ကြာရင် လေ့ကျင့်ခန်းပြန်လုပ်ပေးခြင်းက အဆီအစိမ့်များတဲ့ အစားအသောက်တွေကြောင့်ဖြစ်တဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေမှာပါ။ လေ့ကျင့်ခန်းဆိုတာလည်း အရမ်းလေးလံပြင်းထန်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းကြီးတွေကို ဆိုလိုတာမဟုတ်ပါဘူး။ သာမန်ပေါ့ပေါ့ပါးပါး လမ်းလျှောက်ပေးရင် ရပါတယ်။

၄။ ပျားရည်ကို ရေနွေးလေးနဲ့ ဖျော်သောက်ပါ

raw-honey.jpg 

အဆီအစိမ့်များတဲ့ အစားအစာတွေကို စားပြီးရင် ပျားရည်ကို ရေနွေးလေးနဲ့ ပြန်ဖျော်သောက်ပေးခြင်းက အကောင်းဆုံးပါပဲ။ ပျားရည်ဟာ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံး သဘာဝဆေးမြီးတိုတစ်မျိုးပါပဲ။

၅။ ရေခဲမုန့်လိုမျိုး အေးခဲနေတဲ့ အစားအသောက်တွေကိုရှောင်ပါ

This-Japanese-Ice-Cream-Will-Never-Melt_302137160_finallast-760x506.jpg 

တချို့တွေက ထင်တတ်ကြပါတယ်။ အဆီအစိမ့်တွေကိုစားပြီး အီစိမ့်နေပြီဆိုရင် ရေခဲမုန့်လေးစားလိုက်ရင် သက်သာလိမ့်မယ်လို့။ အမှန်တကယ်တော့ အဲဒီအယူအဆက မှားနေပါတယ်။ အဆီအစိမ့်၊ အပူအစပ်တွေ စားပြီးပြီးချင်း ရေခဲမုန့်သွားစားတာက အစာအိမ်နဲ့ အသည်းကို တိုက်ရိုက်ထိခိုက်စေပါတယ်။

၆။ နောက်တစ်နပ်ကို အသီးအနှံတွေချည်းစားပါ

Kiwi.jpg 

နေ့လည်စာမှာ အဆီအစိမ့်တွေ အများကြီးစားမိတယ်ဆိုရင် ညစာကို သစ်သီးဝလံတွေချည်း များများစားပေးပါ။ အထူးသဖြင့် အရည်ရွှမ်းတဲ့အသီးအနှံတွေကို စားပေးပါ။ နောက်ပြီး မမေ့ဖို့တစ်ခုက ရေကိုလည်း များများသောက်ပေးပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် အူတွင်းကလီစာတွေနဲ့ အစာခြေစနစ်ကို ပြန်လည်သန့်ရှင်းစေနိုင်မှာပါ။

Source: Youngisthan

 

Share

Loading Next Article...
က္က