အခုဆိုရင် ပန်းရောင်ချောကလက် တည်ရှိနေပြီဖြစ်ပြီး မကြာခင်မှာ ဈေးကွက်ထဲကိုု ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

အဖြူရောင်ချောကလက်ရှိတယ်။ အနက်ရောင် ချောကလက်ရှိတယ်။ နို့နဲ့ချည်းပဲ လုပ်ထားတဲ့ ချောကလက်လည်းရှိတယ်။ ဒါပေမယ့် ပန်းရောင်ချောကလက်ကော ရှိနေလိမ့်မယ်လို့ ထင်ပါသလား။ အခုဆိုရင် ပန်းရောင်ချောကလက် တည်ရှိနေပြီဖြစ်ပြီး မကြာခင်မှာ ဈေးကွက်ထဲကိုု ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

 

ဆွစ်ဇာလန်လူမျိုး ထုတ်လုပ်ရောင်းချသူ ကုမ္မဏီ Barry Callebaut ဟာ ပတ္တမြားချောကလက်လို့ခေါ်တဲ့ ပန်းရောင်အဆင်းရှိတဲ့ ကိုကိုးမှုန့်တစ်မျိုးကို တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီချောကလက်ကို ပြုလုပ်ရာဖြစ်တဲ့ Ruby cocoa beans (ပတ္တမြား ကိုကိုးစေ့) တွေကြောင့် ချောကလက်ရဲ့အရသာဟာ ဘယ်ရီသီးအရသာထွက်နေမှာဖြစ်ပါတယ်။ ပတ္တမြား ကိုကိုးစေ့တွေဟာ အီကွေဒေါ၊ ဘရာဇီး၊ အိုင်ဗရီကို့စ် အစရှိတဲ့နိုင်ငံတွေမှာ ပေါက်ရောက်ပြီး အထူးပြုလုပ်ထားတဲ့ ထုတ်လုပ်မှုနည်းပညာကြောင့်သာ ဒီလို တမူထူးခြားတဲ့ ချောကလက်လေးကို ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

သင် ဘာကြောင့် single ဖြစ်နေရတာလဲ 

"ဒီချောကလက်ဟာ လုံးဝကွဲပြားတဲ့ အရသာသစ်တစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ ခါးတာလည်းမဟုတ်၊ ချိုတာလည်းမဟုတ်၊ နို့များတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်ရီသီးအရသာနဲ့ ချောမွေ့တဲ့ ခံစားမှုကြားမှာ လွန်ဆွဲနေတဲ့ အရသာသစ်မျိုးပါ" လို့ Barry Callebaut က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထုတ်ပြန်ပြောကြားသွားခဲ့ပါတယ်။ "ဒီ ပတ္တမြားချောကလက်ကိုဖန်တီးဖို့ ဘယ်ရီသီး (သို့) ဘယ်ရီသီးအရသာ (သို့) အရောင်ခြယ်မှုန့် ဘာကိုမှ ထည့်သွင်းထားခြင်း မရှိပါဘူး" လို့လည်း ဆိုပါတယ်။

 

လွန်ခဲ့တဲ့ နှစ်ပေါင်း (၈၀) လောက်က Nestle က သူ့ရဲ့အော်ရီဂျင်နယ် အဖြူရောင်ချောကလက်ကို မိတ်ဆက်ပေးခဲ့ဖူးပါသေးတယ်။ အဲဒါဟာ သဘာဝချောကလက်သစ်တစ်မျိုးကို ဖန်တီးပြုလုပ်ခဲ့တာ နောက်ဆုံးအကြိမ်ပါပဲ။ Barry Callebaut က ဒီ ပတ္တမြား ချောကလက်ပြုလုပ်ဖို့အတွက် ကိုယ်ပိုင်နည်းလမ်းကို ဆယ်စုနှစ်တစ်ခုကြာအောင် အချိန်ပေးပြီး သုတေသန ပြုလုပ်ခဲ့ရတာပါလို့ ကုမ္မဏီရဲ့ အမှုဆောင်အရာရှိချုပ် Antoine de Saint-Affrique က Bloomberg ကို ပြောကြားပါတယ်။

 

"ဒါဟာ သဘာဝအတိုင်း အရောင်အသွေးစုံလင်သလို ပျော်ရွှင်မှုကိုလည်းပေးစွမ်းနိုင်ပါတယ်။ တမူထူးကဲတဲ့ အရောင်၊ အနံ့၊ အရသာရှိတယ်ဆိုပေမယ့်လည်း ချောကလက်ရဲ့ဟန်ပန်နဲ့ ဂုဏ်သတ္တိကိုလည်း ထိန်းသိမ်းထားနိုင်ပါတယ်" လို့ Saint-Affrique က ဆိုပါတယ်။ "ယနေ့ခေတ်လူငယ်တွေကို ထင်ဟပ်တဲ့ အငွေ့အသက်တွေကိုလည်း ချောကလက်ထဲမှာ ထည့်သွင်းထားပါတယ်"

ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ဒီချောကလက်ကို နီးစပ်ရာကုန်စုံဆိုင်တွေမှာ ဝယ်နိုင်ဖို့က (၂) နှစ်နီးပါးလောက်တော့ ကြာမြင့်ပါလိမ့်ဦးမယ်။

Source: Reader's Digest

 

Share

Loading Next Article...
က္က