ရုတ်တရက် ဘာလက္ခဏာမှပြမှာမဟုတ်ပေမယ့် ရေရှည်မှာကျန်းမာရေးအတွက် မသင့်တော်တဲ့ အစားအသောက် တွဲစပ်မှုလေးတွေပဲ ဖြစ်ပါတယ်။

အစားအသောက်ဆိုတာ တွဲဖက်စားသုံးသင့််တဲ့ အစားအသောက်ရှိသလို တွဲဖက်စားသုံးဖို့မသင့်တဲ့ အစားအသောက်တွေလည်း ရှိပါတယ်။ တချို့အစားအသောက်တွေက သူ့ချည်းပဲစားရင် ဘာမှမဖြစ်ပေမယ့် တွဲဖက်စားသုံးမိတဲ့အခါ အော့အန်တာ၊ မူးဝေတာ၊ ဝမ်းလျှောတာ၊ အခန့်မသင့်ရင် သေဆုံးတာတို့ ဖြစ်စေနိုင်ပါတယ်။

အောက်မှာဖော်ပြထားတဲ့ အစားအသောက်တွဲဖက်မှုတွေကတော့ ရုတ်တရက် ဘာလက္ခဏာမှပြမှာမဟုတ်ပေမယ့် ရေရှည်မှာကျန်းမာရေးအတွက် မသင့်တော်တဲ့ အစားအသောက်တွဲစပ်မှုလေးတွေပဲ ဖြစ်ပါတယ်။

၁။ ကိုကိုးမှုန့်နဲ့ နွားနို့

15812960-8917010-1-0-1503666447-1503666455-0-1504191055-0-1504255696-1504255699-650-1-1504255699-650-8432011f67-1504301005.jpg 

ကိုကိုးမှုန့်မှာ oxalic acid ကြွယ်ဝပြီး ၎င်းက ကယ်လ်ဆီယမ်စုပ်ယူမှုကို ပိတ်ဆို့တားဆီးထားပါတယ်။ ဒါကြောင့် ကိုကိုးမှုန့်ကို ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ နွားနို့လို အစားအသောက်မျိုးနဲ့ ရောလိုက်တဲ့အခါ oxalate crystal လို့ခေါ်တဲ့ အစိုင်အခဲတွေ ဖြစ်လာစေပါတယ်။

ဒါဟာ ကျောက်ကပ်ကျန်းမာရေးအတွက် သိပ်ကောင်းတဲ့အရာတွေတော့ မဟုတ်ပါဘူး။ (ကျောက်တည်စေနိုင်ပါတယ်။) တစ်ပတ်ကို တစ်ခွက်လောက်သောက်တာ ပြဿနာမရှိပေမယ့် ကျောက်ကပ်မကောင်းတဲ့ သူတွေဆိုရင် သတိပြုရှောင်ကြဉ်သင့်ပါတယ်။

၂။ အသီးအရွက်သုပ်နဲ့ သံပုရာရည်/ ရှာလကာရည်

15813010-8915960-2-0-1503666464-0-1503735075-0-1503925014-1503925019-0-1504191695-0-1504255587-1504255591-650-1-1504255591-650-5400c216aa-1504301005.jpg 

အစိမ်းရောင်ဟင်းရွက်တွေနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ တွေ့ရှိရတဲ့ Carotenoid လိုမျိုး ဗိုက်တာမင်နဲ့ တန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ထဲကို လွယ်ကူစွာစိမ့်ဝင်နိုင်ဖိုု့အတွက် အဆီဓာတ်တွေ လိုအပ်ပါတယ်။ ဒါပေမယ့် အသီးအရွက်သုပ် (salad) တွေကို သံပုရာရည်/ ရှာလကာရည်လောင်းပြီးပဲ သုပ်မယ်ဆိုရင်တော့ ကျန်းမာရေးအတွက် သိပ်ပြီး သင့်တော်မှုတော့ မရှိပါဘူး။ ဒါကြောင့် ဟင်းသီးဟင်းရွက်ဆီနဲ့ပဲ သုပ်ပေးသင့်ပါတယ်။

၃။ ချိစ် pasta ခေါက်ဆွဲနဲ့ ခရမ်းချဉ်သီး

15813060-8917960-3-0-1503666477-1503666485-0-1504191902-0-1504255732-1504255739-650-1-1504255739-650-8432011f67-1504301005.jpg 

အီတလီခေါက်ဆွဲ pasta ဟာ ချိစ်နဲ့ပြုလုပ်ထားပြီး ကစီဓာတ်တွေ၊ ကာဘိုဟိုက်ဒရိတ်တွေ သိပ်များတာကြောင့် အစာကြေဖို့ရာ ခဲယဉ်းပါတယ်။ ကျွန်တော်တို့ရဲ့တံတွေးထဲမှာပါဝင်တဲ့ ptyalin ဆိုတဲ့ ဓာတ်တစ်မျိုးကြောင့် ခုလိုဖြစ်ရတာပါ။ ခရမ်းချဉ်သီးမှာတော့ malic, oxalic နဲ့ citric acid တွေ ကြွယ်ဝတဲ့အတွက် ကစီခြေဖျက်ခြင်းကို တားဆီးပိတ်ပင်နိုင်ပါတယ်။ ချိစ် (ဒိန်ခဲ) ထဲမှာပါဝင်တဲ့ ပရိုတိန်းဓာတ်တွေက အခြေအနေကို ပိုမိုဆိုးရွားစေပါလိမ့်မယ်။

၄။ ကြက်ဥနဲ့ ဝက်ပေါင်ခြောက်

15813110-8918110-4-0-1503666492-1503666496-0-1504192022-0-1504255774-1504255777-650-1-1504255777-650-8432011f67-1504301005.jpg 

ဥရောပမနက်စာတွေမှာ ပါဝင်တဲ့ ကြက်ဥနဲ့ ဝက်ပေါင်ခြောက်အတွဲဟာ ပေါင်မုန့်တို့၊ ကော်ဖီတို့နဲ့ ပေါင်းစပ်လိုက်ရင် စားရတာအရသာရှိပြီး ပရိုတိန်းဓာတ်လည်း ကြွယ်ဝပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ ကျန်းမာရေးအတွက် သိပ်မကောင်းဘူးလို့ ဆိုထားပါတယ်။ အဲဒီအတွဲကို အစာခြေနိုင်ဖို့အတွက် ကျွန်တော်တို့ခန္ဓာကိုယ်ဟာ စွမ်းအင်တွေအများကြီးကို အသုံးပြုရပါတယ်။ မနက်ခင်းအချိန်လို အားအင်ပြည့်ဝနေရမယ့်အချိန်မှာ အစားတစ်လုပ်အတွက်နဲ့ စွမ်းအင်အများကြီး အသုံးပြုပစ်တော့မလို့လား။

၅။ ပီဇာနဲ့ ဆိုဒါ

15813260-8919010-6-0-1503666520-1503666523-0-1504192282-0-1504255898-1504255902-650-1-1504255902-650-8432011f67-1504301005.jpg 

ကာဘိုဟိုက်ဒရိတ်၊ ပရိုတိန်းနဲ့ ကစီဓာတ်တွေကို ပေါင်းစပ်ခြင်းဟာလည်း ခန္ဓာကိုယ်အတွက် စွမ်းအင်တော်တော်များများကို အစာခြေဖို့ရန် အသုံးပြုပါတယ်။ နောက်ပြီး ဆိုဒါထဲမှာပါတဲ့ အချိုဓာတ်က အစာအိမ်လုပ်ဆောင်မှုတွေကို နှေးကွေးစေပါတယ်။ ဒီလိုနဲ့ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနဲ့ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်းတို့ဆီ ဦးတည်နိုင်ပါတယ်။ ဒါကြောင့် ဒီ (၂) မျိုးကို ပေါင်းစပ်လိုက်မယ်ဆိုရင် အစာအိမ်ပြဿနာတွေအများကြီး ကြုံတွေ့ရနိုင်ပါတယ်။

Source: Brightside

 

Share

Loading Next Article...
က္က