AD
AD
AD

လူတစ်ယောက် အသက်ရှင်နေထိုင်နိုင်ဖို့အတွက် နေ့စဉ်အစားအသောက်ဟာလည်း အလွန်အရေးကြီးပါတယ်။ မိမိစားသုံးတဲ့ နေ့စဉ်အစားအသောက်ပေါ် မူတည်ပြီး မိမိရဲ့ကျန်းမာရေးအခြေအနေဟာ ပြောင်းလဲနေမှာဖြစ်ပါတယ်။ လူတိုင်းလူတိုင်းအတွက် မဖြစ်မနေလိုက်နာသင့်တဲ့ အစားအသောက်ဆိုင်ရာ စည်းမျဉ်းလေးတွေကတော့...

၁။ စည်သွပ်ထားတဲ့ အစားအသောက်တွေကို မစားသုံးပါနဲ့

play
 

လတ်ဆတ်တဲ့ အစားအစာတွေနဲ့ အသီးအနှံတွေကို ပိုစားပေးပါလို့ ဆိုလိုချင်တာပါ။ စည်သွပ်ထားတဲ့ အစားအစာတွေက တာရှည်ခံအောင် ဓာတုပစ္စည်းတွေနဲ့ ပေါင်းစပ်ထားတဲ့အတွက် ကျန်းမာရေးအတွက် မကိုက်ညီပါဘူး။ အထူးသဖြင့် ဆိုဒီယမ်တို့၊ သကြားတို့ အထူးကြွယ်ဝစွာ ပါဝင်ပါတယ်။

နောက်ပြီး အချိန်ကြာမြင့်စွာ ထားထားရတဲ့ အစားအစာတွေဟာ မှိုတက်နိုင်ခြေနဲ့ ဘက်တီးရီးယားခိုကပ်နိုင်ခြေလည်း ပိုများပါတယ်။ အဲဒါတွေကိုလည်း လူသားမျက်စိနဲ့ အလွယ်တကူမမြင်ရတဲ့အတွက်  ဂရုစိုက်သင့်ပါတယ်။

၂။ နေ့စဉ်အစားအသောက်မှာ အသီးအရွက်ကို အမြဲထည့်သွင်းပါ

play
 

ဟင်းသီးဟင်းရွက်သုပ်တွေ၊ အရွက်ကြော်တွေ၊ အသီးဖျော်ရည်တွေ၊ ဟင်းချိုတွေ အစရှိတဲ့ အသီးအနှံတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကို မိမိရဲ့ နေ့စဉ်အစားအသောက်မှာ တစ်ဝက်လောက်ပါအောင် ထည့်သွင်းပေးပါ။ တကယ်တော့ ဟင်းသီးဟင်းရွက်တွေမှာ သတ္ထုဓာတ်၊ ဗိုက်တာမင်၊ မိုက်ခရို အာဟာရဓာတ်တို့လို လူ့ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။

နောက်ပြီး ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားပေးသူနဲ့ မစားသူဟာလည်း ကျန်းမာရေးအရ ကွာခြားပါတယ်။ အသီးအရွက်တွေ ပိုစားပေးသူဟာ အမျှင်ဓာတ်နဲ့ ရေဓာတ်လည်း ပိုမိုကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်တွေကိုလည်း ပြည့်ဝစေပါတယ်။

၃။ အမျှင်ဓာတ်က အရေးကြီးပါတယ်

play

ယနေ့ခေတ်မှာ အာဟာရနဲ့ပတ်သက်ပြီး သီအိုရီပေါင်းစုံ ပေါ်ထွက်နေပေမယ့် ပညာရှင်အားလုံး တစ်ညီတစ်ညွှတ်တည်း ထောက်ခံကြတဲ့အချက်တစ်ချက်ကတော့ အမျှင်ဓာတ်က ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာပါပဲ။ အမျှင်ဓာတ်ဟာ အစာခြေလမ်းကြောင်းတလျှောက်မှာ ရှင်းရှင်းလင်းလင်းရှိစေဖို့အတွက် တံမြက်စည်းတစ်ချောင်းလို လုပ်ဆောင်ပေးသလို ကယ်လိုရီ၊ ဂလူးကို့စ် လိုအပ်ချက်တွေကိုလည်း လျော့နည်းစေပါတယ်။ အမျှင်ဓာတ်ကို ရရှိနိုင်တဲ့ရင်းမြစ်တွေကတော့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အစေ့အဆန်တွေပဲ ဖြစ်ပါတယ်။

 

၎။ ပရိုတိန်းဓာတ်ကိုလည်း ဖြည့်ပေးပါ

အသား၊ ငါးထဲကရတဲ့ ပရိုတိန်းဓာတ်ကလည်း အရေးကြီးပါတယ်။ ပင်လယ်စာ၊ ကြက်ဥ၊ ဘဲဥ၊ အသားနဲ့ နို့ထွက်ကုန်ပစ္စည်းတွေ ထဲမှာပါဝင်တဲ့ ပရိုတိန်းဓာတ်တွေကလည်း လူ့ကျန်းမာရေးအတွက် အရေးပါ အရာရောက်တဲ့ အရာတွေပါ။ ဒါကြောင့် လတ်ဆတ်တဲ့ အသား၊ ငါး၊ ကြက်ဥ၊ နွားနို့တို့ကိုလည်း နေ့စဉ်အစားအသောက်တွေထဲမှာ တတ်နိုင်သမျှ ထည့်သွင်းပေးသင့်တာ အမှန်ပါပဲ။

၅။ ရေများများသောက်ပါ

play
 

အာဟာရပညာရှင်တိုင်းကလည်း ပြောပါတယ်။ ရေထက်ပိုကောင်းတဲ့ သဘာဝဆေးဝါးမရှိသေးပါဘူးဆိုတာကို။ တစ်နေ့ကို ပုံမှန် ရေ (၃) လီတာလောက် သောက်ပေးသူဟာ ယေဘုယျအားဖြင့် ကျန်းမာရေး ကောင်းမွန်နေမှာပါ။ အသားအရေ စိုပြေမှု၊ ခန္ဓာကိုယ်အချိုးအစား၊ မျက်နှာကြည်လင်မှု အစရှိတာတွေဟာလည်း မူရင်းထက် ပိုမိုကောင်းမွန်လာမှာပါ။ နောက်ပြီး ရေများများသောက်ရင် ဗိုက်က ကားနေတဲ့အတွက် လွယ်လွယ်နဲ့လည်း ဗိုက်ဆာတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချရေးအတွက်လည်း အထူးအသုံးဝင်လာမှာပါ။

Source: afoodieworld

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD