ရိုးရိုးရှင်းရှင်း ကိုရီးယားစတိုင်လ် ကြက်ဥလိပ်တွေက အရသာရှိတဲ့ မနက်စာတစ်နပ်ကို လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်တဲ့ နည်းလမ်းတစ်မျိုးပါပဲနော်။ ပြုလုပ်ရတာ လွယ်ကူရုံ တစ်ခုတည်းတင်မကပါဘူး။ ပါဝင်ပစ္စည်းတွေကလည်း အနီးအနားမှာ အလွယ်တကူရရှိနိုင်တဲ့ အရာတွေပါ။

 

နောက်တစ်ခုကတော့ ဒီကိုရီးယားစတိုင်လ် ကြက်ဥလိပ်လေးက အာဟာရတန်ဖိုးလည်း ပြည့်ဝ၊ စားရတာလည်း အဆင်ပြေတဲ့အတွက် ရုံးပိတ်ရက်လေးမှာ အိမ်ရှင်မတွေအတွက်ကော၊ တစ်ကိုယ်တည်း နေတဲ့သူတွေအတွက်ပါ အဆင်ပြေစေမှာပါ။

ပါဝင်ပစ္စည်းများ

P1230076.jpg 

ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥ (၃) လုံး၊ နွားနို့ (၁) ဇွန်းခွဲ၊ ကြက်သွန်နီ (၂) လုံး၊ မုန်လာဥနီ၊ နံနံပင် (သို့) ကြက်သွန်မြိတ်၊ ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာ၊ ဆားအနည်းငယ်၊ ဟင်းသီးဟင်းရွက်ဆီ အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်ပုံ အဆင့်ဆင့်

 

အရင်ဆုံး ပန်းကန်လုံးတစ်လုံးကိုယူပြီး ကြက်ဥ (၃) လုံးကို ဖောက်ထည့်လိုက်ပါ။ ပြီးရင် ကြက်ဥထဲကို ဆားနဲ့ နွားနို့ ရောပြီး သမအောင် ရောမွှေ ခလောက်ပေးလိုက်ပါ။ ပြီးရင် နုတ်နုတ်စင်းထားတဲ့ မုန်လာဥနီရယ်၊ ကြက်သွန်နီရယ်၊ နံနံပင်ရယ်ကို ကြက်ဥအနှစ်ရည်ထဲမှာ ရောမွှေပေးလိုက်ပါ။ ပြီးရင်တော့ အပေါ်ကနေ ငရုပ်ကောင်းမှုန့်နည်းနည်း ဖြူးပေးလိုက်ပါဦး။ အဲဒါပြီးရင်တော့ ကြက်ဥကြော်ဖို့ ပြင်ဆင်နိုင်ပါပြီ။

ကြက်ဥကြော်ဖို့အတွက် ဒယ်အိုးပြားတစ်လုံးထဲမှာ ဟင်းသီးဟင်းရွက်ဆီအနည်းငယ်ကို လောင်းထည့်ပြီး အပူပေးလိုက်ပါ။ ကြက်ဥလိပ် လိပ်လို့ရတဲ့ ပမာဏရရှိစေဖို့အတွက် မိမိအသုံးပြုမယ့် ဒယ်အိုးပြားဟာ အနည်းငယ် (၁၀) လက်မ ပတ်လည်ရှိရပါမယ်။ ကြော်မယ့်ဆီကို ပဲပိစပ်ဆီ သုံးလို့လည်းရပါတယ်နော်။

 

ဆီပူပြီဆိုတာနဲ့ စောစောက အသင့်ပြင်ထားတဲ့ ကြက်ဥအနှစ်ရည်ထဲက တစ်ဝက်ခန့်ကို ဒယ်အိုးပြားထဲ လောင်းထည့်ပြီး ဒယ်အိုးပြားတစ်ခုလုံးမှာ ညီသွားအောင် ညှိပေးလိုက်ပါ။ ခဏလောက်ကြော်ပြီးရင် ကြက်ဥကြော်ကို အစွန်းကနေ ဇွန်းနဲ့ကော်ပြီး တစ်ဝက်လောက်က လိပ်ထားပေးလိုက်ပါ။ ဒီလိုလုပ်ခြင်းဖြင့် ဒယ်အိုးပြားရဲ့ဧရိယာတစ်ဝက်လောက် လွတ်သွားပြီး ကျန်နေသေးတဲ့ ကြက်ဥအနှစ်ကိုကြော်ဖိုု့ နေရာရသွားစေပါတယ်။ ပြီးရင်တော့ ကျက်ပြီးသားကြက်ဥကြော်ကို ဆယ်ထုတ်လိုက်ပါ။

လွတ်သွားတဲ့နေရာမှာ ဟင်းသီးဟင်းရွက်ဆီ နည်းနည်းထပ်ထည့်ပြီး ကျန်နေသေးတဲ့ ကြက်ဥအနှစ်ရည်ကို လောင်းထည့်လိုက်ပါ။ ကျက်သွားပြီဆိုရင်တော့ စောစောကအတိုင်း တစ်ဖက်ကို လိပ်ပေးလိုက်ပါဦး။ ပြီးရင်တော့ ကြက်ဥလိပ်လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။

ပြီးရင် ရလာတဲ့ ကြက်ဥကြော်ကို ပန်းကန်ပြားတစ်ချပ်ထဲ ဂရုတစိုက်ထည့်ပြီး လိပ်ပေးလိုက်ပါ။ အလိပ်လေးတွေရပြီဆိုရင် အအေးခံပြီးမှ တစ်ကိုက်စာ အတုံးလေးတွေဖြစ်အောင် လှီးဖြတ်ပေးလိုက်ပါ။ ပြီးရင်တော့ အရသာလည်းရှိ၊ အာဟာရတန်ဖိုးလည်း ပြည့်ဝတဲ့ ကိုရီးယားကြက်ဥလိပ်လေးကို ရရှိပါပြီ။ ထမင်းနဲ့ တွဲဖက်စားသုံးနိုင်သလို ပေါင်မုန့်တို့၊ ကော်ဖီတို့နဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

Source: indianspot

 

Share

Loading Next Article...
က္က