ပူပြင်းတဲ့ရာသီဥတုအောက်မှာ အရည်ရွှမ်းပြီး ချိုမြတဲ့ဖရဲသီးလေးတစ်စိတ် စားလိုက်ရတာလောက် ကောင်းတဲ့အရသာ ရှိမှာမဟုတ်ပါဘူး။

ပူပြင်းတဲ့ရာသီဥတုအောက်မှာ အရည်ရွှမ်းပြီး ချိုမြတဲ့ဖရဲသီးလေးတစ်စိတ် စားလိုက်ရတာလောက် ကောင်းတဲ့အရသာ ရှိမှာမဟုတ်ပါဘူး။ ဒါဟာ ပူပြင်းတဲ့ဥတုကြောင့် ချွေးတွေထွက်လွန်းပြီး ခန္ဓာကိုယ်ထဲက ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက်လည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ လူတွေသိပ်မသိသေးတဲ့ ဖရဲသီးရဲ့ အကျိုးကျေးဇူးတွေကတော့...

၁။ တစ်နေ့တာလိုအပ်တဲ့ ရေဓာတ်ပြည့်ဝစေတယ်

watermelon-salad_625x350_61432815570.jpg 

အာဟာရဗေဒပညာရှင်တွေက မနက်စာတိုင်းမှာ ဖရဲသီးကိုပါဝင်အောင် ထည့်သွင်းသင့်တယ်လို့ အကြံပြုထားကြပါတယ်။ ဘာလို့လဲဆိုတော့ ဖရဲသီးက သင့်ကို တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေအောင် ကူညီပေးနိုင်လို့ပါပဲ။ အားလုံးသိထားကြတဲ့အတိုင်း ဖရဲသီးတစ်လုံးကို ရေဓာတ် (၉၂) ရာခိုင်နှုန်းပါဝင်လို့ပါပဲ။

၂။ ကယ်လိုရီလောင်ကျွမ်းစေတယ်

ဖရဲသီးဟာ ကယ်လိုရီပါဝင်မှုမရှိတဲ့ အသီးအနှံတစ်မျိုးဖြစ်တဲ့အပြင် အစာခြေနေချိန်မှာ နဂိုရှိပြီးသားကယ်လိုရီတွေ လောင်ကျွမ်းသွားအောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဒီ သစ်သီးကို မိမိရဲ့ နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းပေးမယ်ဆိုရင် သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးရအောင် Gym တွေသွားပြီး ပင်ပန်းတကြီးဆော့နေရတဲ့ နေ့ရက်တွေ ကုန်ဆုံးစေမှာပါ။

၃။ ဗိုက်တာမင် အေနဲ့ စီကြွယ်ဝတယ်

watermelon_625x350_81432814642.jpg 

ဖရဲသီးမှာ ပိုတက်စီယမ်ပမာဏ အနည်းငယ်ပဲပါဝင်ပြီး ဗိုက်တာမင်အေနဲ့ စီကတော့ အပြည့်ပါဝင်ပါတယ်။ ဗိုက်တာမင် အေကော၊ စီကောဟာ ခန္ဓာကိုယ်စွမ်းအင်ပြုလုပ်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗိုက်တာမင်တွေဖြစ်တဲ့အတွက် ဖရဲသီးကို နေ့စဉ်စားပေးရင် လိုအပ်တဲ့ ဗိုက်တာမင်တွေကိုလည်း ပြည့်ဝစေမှာပါ။

See Also: 

၄။ မျက်စိအားကောင်းစေတယ်

ဖရဲသီးမှာပါဝင်တဲ့ အနီရောင်ဟာ lycopene လို့ခေါ်တဲ့ အာဟာရဓာတ်တစ်မျိုးက ရရှိပြီး အဲဒီအာဟာရဓာတ်ကို အနီရောင် အဆင်းရှိတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တိုင်းမှာ တွေ့ရှိရပါတယ်။ အဲဒီ အာဟာရဓာတ်ဟာ မျက်စိကျန်းမာရေးနဲ့ စက္ခုအာရုံအတွက် အထူးကောင်းမွန်ပါတယ်။ ဒါတင်မကသေးပါဘူး။ ၎င်းဟာ နှလံုံးကျန်းမာရေးကိုလည်း အထောက်အကူ ပြုစေနိုင်ပါတယ်။

၅။ ကြွက်သားနာကျင်မှုတွေကို သက်သာစေတယ်

watermelon-seeds_625x350_61432814747.jpg 

လေ့လာမှုတွေရဲ့အဆိုအရ ဖရဲသီးမှာပါဝင်တဲ့ ဓာတ်တွေဟာ ကြွက်သားနာကျင်မှုတွေကိုလည်း သက်သာလျော့ပါးစေပါတယ်တဲ့။ ဒါကြောင့် gym မှာ ကာယလေ့ကျင့်ခန်း လုပ်ပြီးချိန်ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ကို ပင်ပင်ပန်းပန်းအလုပ်တွေ ခိုင်းပြီးထားချိန်မှာပဲဖြစ်ဖြစ် ဖရဲသီးဖျော်ရည်တစ်ခွက်ကို သောက်ပေးမယ်ဆိုရင် ကြွက်သားနာကျင်မှုကို သက်သာလျော့ပါးစေမှာပါ။

Source: Food.ndtv

 

Share

Loading Next Article...
က္က