စပျစ်သီးကို ဝိုင်ဖောက်ရာမှာ အဓိကအသုံးပြုကြပေမယ့် သူ့မှာပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအကြောင်းကိုတော့ လူသိပ်မသိကြသေးပါဘူး။

အချိုပွဲအဖြစ် စားမလား။ တခြားပါဝင်ပစ္စည်းတွေနဲ့ရောပြီး အရသာပိုမိုကောင်းမွန်အောင် လုပ်မလား။ ဝိုင်ဖောက်မလား စသဖြင့် နေရာတိုင်းမှာ သုံးနိုင်တဲ့ အသီးတစ်မျိုးကတော့ စပျစ်သီးပါပဲ။ ဘယ်ရီသီး မျိုးနွယ်ဝင်တစ်မျိုးဖြစ်တဲ့ စပျစ်သီးဟာ အစိမ်း၊ အနီ၊ အပြာ၊ ခရမ်းနဲ့ အနက်ရောင်ဆိုပြီး အရောင်အလိုက် မျိုးကွဲအမျိုးမျိုးရှိပါတယ်။



 

စပျစ်သီးကို ဝိုင်ဖောက်ရာမှာ အဓိကအသုံးပြုကြပေမယ့် သူ့မှာပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအကြောင်းကိုတော့ လူသိပ်မသိကြသေးပါဘူး။ အဲဒါတွေကတော့...

၁။ antioxidant ကြွယ်ဝစွာပါဝင်တယ်

grapes_625x350_61443376353.jpg

စပျစ်သီးတွေဟာ antioxidant ကြွယ်ဝတဲ့ သစ်သီးတွေဖြစ်ပါတယ်။ စပျစ်သီးထဲမှာ carotenoid တို့ polyphenol တို့လို အပင်ကထွက်တဲ့ အာဟာရဓာတ်တွေလည်း စုံလင်စွာပါရှိပါတယ်။ လေ့လာမှုတွေအရဆိုရင် စပျစ်သီးမှာပါဝင်တဲ့ အဲဒီအာဟာရ ဓာတ်တွေဟာ ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးနိုင်ပြီး နှလုံးကျန်းမာရေးထိန်းသိမ်းဖို့လည်း အထောက်အကူပြုစေနိုင်ပါတယ်။

အဲဒီ အာဟာရဓာတ်တွေထဲမှာမှ reseratrol ဆိုတဲ့ ဓာတ်တစ်မျိုးဟာ ကင်ဆာဆဲလ်တွေဖြစ်စေတဲ့ free radical တွေကို တားဆီးပေးသလို သွေးတိုးရောဂါမဖြစ်စေဖို့အတွက် သွေးကြောအကျဉ်းအကျယ်ကိုလည်း ထိန်းညှိပေးပါတယ်။ အာနိသင်အပြည့်အဝရချင်ရင်တော့ အစေ့တွေကို ထွေးမထုတ်ဘဲ တစ်လုံး လုံးဝါးစားသင့်ပါတယ်။

၂။ အရေပြားပြဿနာတွေကို တားဆီးပေးတယ်

skin-625_625x350_41462352100.jpg 

စပျစ်သီးထဲမှာပါဝင်တဲ့ resveratrol ဓာတ်ဟာ အိုမင်းရင့်ရော်ခြင်းနဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို တားဆီးပေးပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီတွေ ပြုလုပ်တဲ့ သုတေသနတစ်ခုအရဆိုရင် reesveratrol ကို benzoyl peroxide ဆိုတဲ့ ဆေးဝါးတစ်မျိုးနဲ့ ပေါင်းစပ်လိုက်ရင် ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ခိုက်ချေမှုန်းပေးနိုင်တယ်လို့ ဆိုပါတယ်။

၃။ ပိုတက်စီယမ်ပမာဏ မြင့်မားစွာပါဝင်တယ်

စပျစ်သီး (၁၀၀) ဂရမ်မှာ ပိုတက်စီယမ် (၁၉၁) မီလီဂရမ်ပါဝင်ပါတယ်။ လူတစ်ယောက်ဟာ ခန္ဓာကိုယ်ထဲကို ဆိုဒီယမ်ပမာဏ နည်းနည်းပါ ထည့်သွင်းပြီး ပိုတက်စီယမ်ကို များများပိုထည့်သွင်းမယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရရှိနိုင်ပါတယ်။

နောက်တစ်ခုက ပိုတက်စီယမ်ဟာ ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကိုလည်း တိုက်ဖျက်နိုင်ပါသေးတယ်။ ခန္ဓာကိုယ်ထဲမှာ ပိုတက်စီယမ် များပြားနေရင် ကိုလက်စထရောတက်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်းနဲ့ နှလုံးသွေးကြောကျဉ်းခြင်းတို့ကို ဖြစ်မလာအောင် တားဆီးပေးပါတယ်။

သမီးရည်းစားတွေ လမ်းခွဲပြတ်စဲရတဲ့ အကြောင်းရင်းများ 

၄။ အမြင်အာရုံအတွက်ကောင်းတယ်

eyes_625x350_51461653564.jpg 

မီယာမီတက္ကသိုလ်မှာ ပြုလုပ်တဲ့ သုတေသနတစ်ခုအရဆိုရင် စပျစ်သီးဟာ အောက်ဆီဂျင်ဓာတ်ပြုခြင်းကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ပေးခြင်းဖြင့် မျက်စိကျန်းမာရေးကို တိုးတက်စေပါတယ်။ ဒါကြောင့် နေ့စဉ်အစားအသောက်ထဲမှာ စပျစ်သီးကို ထည့်သွင်းစားသုံးပေးခြင်းဟာ ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ပရိုတိန်းပမာဏလျော့ကျစေသလို မြင်လွှာထဲမှာ အကာအကွယ်ပေးနိုင်တဲ့ ပရိုတိန်းတွေလည်း တိုးတက်လာစေနိုင်ပါတယ်။

၅။ ဦးနှောက်ရဲ့လုပ်ဆောင်မှုကိုလည်း မြှင့်တင်ပေးတယ်

grapes_625x350_41443376718.jpg 

ုသုတေသနအချို့ကဖော်ပြနေတာက စပျစ်သီးမှာပါဝင်တဲ့ resveratrol ဟာ ဦးနှောက်ဆီကို သွေးစီးဆင်းမှုကို ပိုမိုမြန်ဆန်စေတဲ့အတွက် အယ်လ်ဇိုင်းမားရောဂါလိုမျိုး ဦးနှောက်နဲ့ပတ်သက်တဲ့ ရောဂါ ဝေဒနာ ခံစားနေသူတွေအတွက် အကျိုးရှိစေပါတယ်။ နောက်ပြီး ဆွစ်ဇာလန်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရဆိုရင် စပျစ်သီးက ဦးနှောက်ကိုထိခိုက်စေတဲ့ free radical တွေကိုလည်း ဖယ်ရှားပေးပါတယ်တဲ့။

Source: food.ndtv

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က