ရှေးဟောင်းဂရိ သမားတော်ကြီး Paracelsus က ဘာပြောခဲ့လဲဆိုတော့ " ဘီယာနည်းနည်းသောက်လိုက်ခြင်းဟာ နတ်ဆေးတစ်ခွက်သောက်လိုက်ရသလိုပါပဲ" တဲ့။

ဘီယာဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံးနဲ့ လူကြိုက်အများဆုံး အဖျော်ယမကာတွေထဲက တစ်ခုဖြစ်ပါတယ်။ ရှေးဟောင်းဂရိ သမားတော်ကြီး Paracelsus က ဘာပြောခဲ့လဲဆိုတော့ " ဘီယာနည်းနည်းသောက်လိုက်ခြင်းဟာ နတ်ဆေးတစ်ခွက်သောက်လိုက်ရသလိုပါပဲ" တဲ့။

 

အမှန်တကယ်လည်း တစ်ပတ်တာ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ဖို့ အကောင်းဆုံးအရာတစ်မျိုးကတော့ ဘီယာအေးအေးလေးတစ်လုံး (သို့) တစ်ခွက်ကို ခင်မင်သူမိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့အတူ ထိုင်သောက်လိုက်တာပါပဲ။

ဒါပေမယ့် လူတွေနှစ်ပေါင်းများစွာ မေးလာကြတဲ့ မေးခွန်းတစ်ခုကတော့ ဘီယာက ကျွန်တော်တို့အတွက် ကောင်းလား။ ဆိုးလား။ သေချာတာကတော့ အရာရာတိုင်းမှာ အကောင်းနဲ့အဆိုး ဆိုတာ ဒွန်တွဲနေတတ်တာပါပဲ။

ဘီယာသောက်ခြင်းရဲ့ကောင်းကျိုးများ

two-pints-beer-main.jpg 

ဘီယာထဲမှာ မဂ္ဂနီစီယမ်လို သတ္ထုဓာတ်တွေနဲ့ ဗိုက်တာမင်ဘီအုပ်စုထဲက ဗိုက်တာမင်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ နောက်ပြီး ဘီယာထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဘာလီပြောင်းစေ့တို့၊ မုယောစပါးတို့ထဲမှာ အစွမ်းထက် antioxidant တစ်မျိုးဖြစ်တဲ့ flavonoid လည်း ပါဝင်နေပါသေးတယ်။ နောက်တစ်ခုကတော့ ဘီယာကိုု ပမာဏနည်းနည်းနဲ့ ဆေးဖြစ်ဝါးဖြစ်သဘောလောက်ပဲ သောက်ပေးမယ်ဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေပါတယ်။

သမီးရည်းစားတွေ လမ်းခွဲပြတ်စဲရတဲ့ အကြောင်းရင်းများ 

ဘီယာကို အတိုင်းအထွာနဲ့ ပမာဏနည်းနည်းသောက်သုံးခြင်းက ကောင်းမွန်တဲ့ ကိုလက်စထရော ထုတ်လွှတ်မှုကိုလည်း မြင့်တက်လာစေနိုင်ပါတယ်။ ဒီနည်းနဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို ချေဖျက်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ဘီယာသောက်သုံးသူတွေဟာ ကျောက်ကပ်မှာ ဆီးကျောက်တည်နိုင်ခြေ (၄၀) ရာခိုင်နှုန်း ပိုမိုလျော့နည်းပါတယ်။

နောက်ဆုံးကောင်းကျိုးကတော့ ဂျပန်သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တာပါ။ ဘီယာသောက်ခြင်းဟာ ဓာတ်ရောင်ခြည်သင့်ခြင်းကြောင့် ဖြစ်တဲ့ရောဂါတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်တဲ့။

ဘီယာသောက်ခြင်းရဲ့ဆိုးကျိုးများ

man-with-belly-holding-beer-mug-in-one-hand.jpg 

လူသိများတဲ့ ဆိုးကျိုးနံပါတ်တစ်ကတော့ ဘီယာဗိုက်ပါပဲ။ ဘီယာကိုအလွန်အကျွံသောက်သုံးခြင်းက ဘီယာဗိုက်လို့ အခေါ်များတဲ့ ဝမ်းဗိုက်အဆီစုပြုံခြင်းကို ဖြစ်စေပါတယ်။ နောက်တစ်ခုကတော့ ဘီယာမှာ အစာအိမ်အချဉ်ရည်နဲ့ သည်းခြေရည်တို့ကို နှိုးဆွပေးတဲ့ဓာတ်တွေ ပါဝင်တဲ့အတွက် အစာအိမ်အချဉ်ပေါက်ခြင်းနဲ့ ရင်ဘတ်အောင့်ခြင်းတို့ကိုလည်း ဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး။ ဘီယာကို တစ်နေ့ (၄၀) ဂရမ်ထက် ပိုသောက်ရင် သွေးတိုးနိုင်ခြေပိုများလာစေနိုင်ပါသေးတယ်။

ဘယ်လောက်ပဲ အေးမြပြီး သောက်လိုက်ချိန်မှာ ရေငတ်ပြေတယ်ပြောပြော... ဘီယာဟာလည်း အယ်လ်ကိုဟောတစ်မျိုးပဲ ဖြစ်ပါတယ်။ အယ်လ်ကိုဟောတွေဟာ ခန္ဓာကိုယ်ထဲက ရေဓာတ်တွေကို ခမ်းခြောက်စေပြီး အာရုံကြောမကြီးစနစ်ရဲ့ လုပ်ဆောင်ပုံတွေကို လျှော့ချပေးတဲ့ အရာတစ်မျိုးလည်းဖြစ်ပါတယ်။ ဘီယာအများကြီးသောက်မယ်ဆိုရင် ရေငတ်ခြင်း၊ အဆိပ်ဖြစ်ခြင်းနဲ့ အရက်နာကျခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။

Source: hubpages

 

Share

Loading Next Article...
က္က