AD
AD
AD

ဆူရှီ (sushi) ဆိုတာ နာမည်ကျော် ဂျပန်အစားအစာတစ်မျိုးဖြစ်သလို ကျွန်တော်တို့အားလုံးရဲ့ အနှစ်သက်ဆုံးစားစရာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ဘော်ဒါတွေစုမိလို့ မုန့်သွားစားမယ်ဆိုရင် (၁၀) ယောက်မှာ (၅) ယောက်လောက်က "ဆူရှီသွားစားမယ်" လို့ပဲ ဖြေတတ်ကြမှာပါ။ ကျွန်တော်တို့နှစ်သက်တဲ့ ဆူရှီကို အရသာ တမူထူးခြားအောင် သစ်သီးဝလံတွေနဲ့ ပြောင်းလဲပြုလုပ်လို့လည်း ရပါသေးတယ်။

play

 

အဲဒီ သစ်သီးဆူရှီလေးဟာ ပုံမှန်ဆူရှီနဲ့ ဓာတ်မတည့်တဲ့သူတွေ၊ ဆူရှီအရသာဆန်းဆန်းလေးကိုမှ မြည်းစမ်းချင်ပါတယ်ဆိုတဲ့ သူတွေအတွက် အထူးသင့်တော်သလို ပွဲလမ်းသဘင်တွေမှာ သရေစာအဖြစ် ထည့်သွင်းလို့လည်း မျက်နှာပန်းလှပါတယ်။ အောက်မှာ သစ်သီးဆူရှီပြုလုပ်နည်းလေးကို ဖော်ပြထားပါတယ်။

ပါဝင်ပစ္စည်းများ

 

ဆူရှီလုပ်ဖို့ ရှမ်းဆန် (သို့) ဂျပန်ဆန် (၁ ၁/၂) ခွက်၊ ရေ (၂) ခွက်၊ သကြား (၃) ဇွန်း၊ ဆားအနည်းငယ်၊ အုန်းနို့ (၁) ခွက်၊ ဗနီလာ extract ရည် (၁ ၁/၂) ဇွန်း၊ မိမိနှစ်သက်ရာသစ်သီးအနည်းငယ် (နာနတ်သီး၊ ကီဝီသီး၊ သရက်သီး၊ ငှက်ပျောသီး၊ စတော်ဘယ်ရီသီး စသဖြင့်) တို့ပဲဖြစ်ပါတယ်။

 

ပြုလုပ်နည်း

play
 

အရင်ဆုံး ဇလုံတစ်လုံးထဲမှာ ဆန်တွေကိုထည့်ပြီး ရေနဲ့ရောပြီး ဆန်ဆေးပေးလိုက်ပါ။ သုံးလေးရေလောက် ကျင်းပြီးရင်တော့ ဇကာတစ်လုံးနဲ့စစ်ပြီး ဆန်ဆေးရည်တွေကို ဖယ်ရှားလိုက်ပါ။

ပြီးရင် ထမင်းပေါင်းအိုးထဲမှာ ရေရယ်၊ ဆန်ရယ်၊ ဆားရယ်၊ သကြားရယ်ကို ထည့်ပြီး ထမင်းတည်လိုက်ပါ။ (၁၅) မိနစ်လောက် ဆိုရင်တော့ ထမင်းကျက်လောက်ပါပြီ။ ပြီးရင်တော့ ထမင်းအပေါ်ကနေပြီး အုန်းနို့ (၁) ခွက်လောင်းထည့်လိုက်ပါဦး။ အုန်းနို့ရယ်၊ ထမင်းရယ်သမအောင်မွှေပြီး စေးပျစ်ပျစ်လေးဖြစ်သွားတဲ့ ထမင်းကို ကျောက်ကပ်ထည့်တဲ့ လင်ပန်းလိုမျိုး လင်ပန်းတစ်ချပ်ထဲမှာ ပြောင်းထည့်ပြီး အအေးခံထားလိုက်ပါ။

မိမိနှစ်သက်ရာ သစ်သီးဝလံ (၃) (၄) မျိုးလောက်ကို ပုံပါအတိုင်း အချောင်းရှည်ရှည်လေးတွေဖြစ်အောင် လှီးစိတ်ဖြတ်တောက်ပြီး လင်ပန်းတစ်ချပ်ထဲမှာ ထည့်ထားလိုက်ပါဦး။ သစ်သီးလှီးရာမှာ ပုံမှန်ဆူရှီထဲမှာ ထည့်တဲ့ ပုဇွန်တို့၊ ဆာရှိမီတို့လို ဌာပနာ ပုံစံလေးတွေဖြစ်အောင် လှီးရမှာပါ။

play

 

စောနက လင်ပန်းထဲမှာထည့်ထားတဲ့ ဆူရှီထမင်းကို ပုံမှန်ဆူရှီလိပ်တဲ့ ဝါးယင်းလိပ်ပေါ်မှာ အစားအသောက်ထုပ်တဲ့ ပလတ်စတစ်စလေးခင်းပြီး လေးထောင့်ပုံလေးဖြစ်အောင် ဖြန့်ခင်းပေးထားလိုက်ပါ။ ပြီးရင် အချောင်းပုံစံလှီးထားတဲ့ သစ်သီးလေးတွေကိုလည်း ဆူရှီထမင်းပေါ်မှာ တင်ပေးထားလိုက်ပါ။

ပြီးရင်တော့ ဝါးယင်းလိပ်လေးကိုဆွဲပြီး ဆူရှီလိပ်လို့ရပါပြီ။ ဆူရှီထမင်းနဲ့ သစ်သီးဌာပနာလေးတွေ ပြုတ်မကျအောင် တင်းတင်းရင်းရင်းဖြစ်သွားပြီဆိုရင်တော့ ပုံမှန်ဆူရှီဆိုဒ်လောက် အတုံးလေးတွေဖြစ်အောင် လှီးဖြတ်ပြီး ပန်းကန်ပြားတစ်ချပ်ပေါ်မှာ တည်ခင်းလိုက်ပါ။ ဒါဆိုရင်တော့ လှပပြီး အရသာရှိတဲ့ သစ်သီးဆူရှီပွဲလေးကို ရရှိပါပြီ။ သစ်သီးဆူရှီလေးတွေကို ဂျင်းသနပ်တို့၊ သစ်သီးအနှစ်ရည်တို့နဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Wikihow

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD