AD
AD
AD

လူလယ်ခေါင်မှာ လေလည်မိခြင်းဟာ ရှက်စရာကိစ္စတစ်ခု မဟုတ်ပေမယ့် ဘေးလူတွေက ပြုံးစိစိ၊ မှုန်ကုတ်ကုတ်နဲ့ ကြည့်လာရင် ရှက်ဖို့ တော်တော်ကောင်းပါတယ်။ တစ်စုံတစ်ယောက်ကို crush မိသလိုပါပဲ။ လေလည်တယ်ဆိုတာလည်း အောင့်ထားလို့မရပါဘူး။

နောက်ပြီး လေထိုးလေအောင့်နေပြီဆိုရင်လည်း ကျွန်တော်တို့ကို နေမထိထိုင်မသာ ဖြစ်စေပါတယ်။ လေအောင့်ခြင်း၊ လေလည်ခြင်းဟာ ဆိုးဝါးတဲ့ ကျန်းမာရေးအခြေအနေတစ်ခုတော့ မဟုတ်ပေမယ့် အချိန်ကြာလာရင်တော့ ဆိုးဝါးတဲ့ အခြေအနေတစ်ခုကို ကူးပြောင်းသွားနိုင်ပါတယ်။

၁။ ကစီဓာတ်များတဲ့ အစားအစာတွေ

play
 

ပေါင်မုန့်တွေ၊ ထမင်းတွေ၊ အီတလီခေါက်ဆွဲတွေဟာ ကစီဓာတ်များတဲ့ အစားအစာတွေဖြစ်ပါတယ်။ သူတို့ကို အူသိမ်ကစုပ်ယူပြီး သကြားအဖြစ် လွယ်ကူစွာ မဖြိုခွဲနိုင်ပါဘူး။ ကစီဓာတ်တွေကတော့ အူမကြီးထဲကို ဆက်လက်ဝင်ရောက်သွားပြီး လေလည်ခြင်းကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ထုတ်လုပ်ပါတော့တယ်။

၂။ ပန်းဂေါ်ဖီ

play
 

ပန်းဂေါ်ဖီဟာ ဝိတ်လျှော့ရာမှာ အလွန်အသုံးဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပေမယ့် သူ့မှာလည်း ဘေးထွက်ဆိုးကျိုးက ရှိနေပါသေးတယ်။ ပန်းဂေါ်ဖီမှာ ဆာလ်ဖာကွန်ပေါင်းပမာဏ မြင့်မားစွာ ပါဝင်တဲ့အတွက် အူမကြီးထဲကို လွယ်ကူစွာ ပျော်ဝင်နိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် ပန်းဂေါ်ဖီကို ကြိုက်ကြိုက်နဲ့ အများကြီးစားမိမယ်ဆိုရင် အနံ့ဆိုးထွက်တဲ့ လေလည်ခြင်း ဖြစ်စေနိုင်ပါတယ်။ ပန်းဂေါ်ဖီ စားခြင်းကြောင့်ဖြစ်တဲ့ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်းကလည်း အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

 

၃။ ဂျုံနဲ့လုပ်တဲ့ အစားအစာတွေ

ဂျုံနဲ့ပြုလုပ်တဲ့ အစားအစာတွေဟာလည်း ဝိတ်ကျစေတဲ့ အစွမ်းသတ္တိရှိပေမယ့် အများကြီးစားမယ်ဆိုရင် ပြဿနာတက်နိုင်ပါတယ်။ ပမာဏအများကြီးစားမယ်ဆိုရင် သူတို့မှာ အမျှင်ဓာတ် (fiber ဓာတ်) အထူးကြွယ်ဝစွာ ပါရှိတဲ့အတွက် အူသိမ်အနေနဲ့ စုပ်ယူရအလွန်ခက်ခဲစေပါတယ်။ အဲဒီကတဆင့် လေလည်ခြင်းပြဿနာကို ဖြစ်စေနိုင်ပါတယ်။

၎။ ဆိုဒါတွေ၊ ကိုလာတွေ

play
 

ဒီနေ့ခေတ်မှာ ဆိုဒါတွေ၊ ကိုလာတွေ၊ gas ပါတဲ့ အချိုရည်တွေက ကျွန်တော်တို့သွားလေရာမှာ ရှိနေပါတယ်။ ကြော်ငြာတွေ၊ မားကက်တင်းတွေကြောင့်ပဲဖြစ်စေ၊ အရသာကောင်းမွန်မှုကြောင့်ဖြစ်စေ ကျွန်တော်တို့ဟာ အဲဒီ carbonated drink လို့ခေါ်တဲ့ ဂတ်စ်များတဲ့အချိုရည်တွေကို သောက်သုံးမိတတ်ကြပါတယ်။ တကယ်တော့ သူတို့မှာ fructose နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် များစွာပါဝင်ပြီး အစာအိမ်လမ်းကြောင်းတလျှောက်မှာ နေရထိုင်ရခက်ခြင်းကို ဖြစ်စေပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ လေလည်ခြင်းကြားက ဆက်နွယ်မှုကိုတော့ အားလုံးသိထားကြပြီးသား ဖြစ်မှာပါ။

၅။ ကြက်သွန်နီ

ကြက်သွန်နီမှာ fructose ပါဝင်မှုက လေလည်ခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေ ဝမ်းဗိုက်ထဲမှာ စုစည်းမိစေနိုင်တဲ့ အဓိကအကြောင်းရင်းတစ်မျိုး ဖြစ်နေနိုင်ပါတယ်။

၆။ ပြန်လည်ပြင်ဆင်ထားတဲ့ မုန့်တွေ

play
 

Lactose နဲ့ fructose ပေါင်းစည်းခြင်းက အစာခြေစနစ်နဲ့ဆိုင်တဲ့ ပြဿနာတွေကို ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီပစ္စည်း (၂) မျိုးလုံးက ဝမ်းတွင်း gas တွေကို များပြားလာစေနိုင်လို့ပါပဲ။ နောက်ပြီး အဲဒီ ပြန်လည်ပြင်ဆင်ထားတဲ့ မုန့်တွေက အသက်အရွယ်မရွေး ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။

Source: youngisthan

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD