လူသားဦးနှောက်ရဲ့ သင်ယူနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်း၊ မှတ်ဉာဏ်၊ တီထွင်ဖန်တီးမှု၊ ပြန်လည်မျှဝေနိုင်မှု အစရှိတာတွေကြောင့်သာ ဒီလောက်တိုးတက်မှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။

လူသားမျိုးနွယ်စု အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့တာဟာ ဦးနှောက်ရဲ့အကူအညီအများကြီးပါပါတယ်။ လူသားဦးနှောက်ရဲ့ သင်ယူနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်း၊ မှတ်ဉာဏ်၊ တီထွင်ဖန်တီးမှု၊ ပြန်လည်မျှဝေနိုင်မှု အစရှိတာတွေကြောင့်သာ ဒီလောက်တိုးတက်မှုတွေ ရရှိခဲ့တာဖြစ်ပြီး ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေသာ မကောင်းမွန်ရင် လူသားမျိုးနွယ်ဆိုတာ သူ့ထက်အင်အားကြီးတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ အစားခံဘဝမှာပဲ နေနေရဦးမှာပါ။ ဒါကြောင့် ဦးနှောက်အားကောင်းစေဖို့နဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့က အလွန်အရေးကြီးတာ အမှန်ပါပဲ။



 

ဦးနှောက်အားကောင်းစေဖို့အတွက်၊ ပိုမိုဉာဏ်ကောင်းစေဖို့အတွက် စားပေးသင့်တဲ့ အစားအစာတွေကတော့...

၁။ ကြက်ဥ/ဘဲဥ

29e3f31c-1c1d-42f4-af24-5f8da7ee11a9--2014-1014_your-best-recipe-with-egg-whites-011.jpg 

ကြက်ဥဟာ သဘာဝ carotenoid တစ်မျိုးဖြစ်တဲ့ လူတိန်း (lutein) ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ သုတေသနတွေအရဆိုရင် လူတိန်းဟာ ဦးနှောက်ကို အားကောင်းစေတာကို တွေ့ရှိရပါတယ်။ နောက်ပြီး ကြက်ဥမှာအဓိကပါဝင်တဲ့ အာဟာရတန်ဖိုးတစ်ခုကတော့ အမိုင်နိုအက်ဆစ်ပါပဲ။ ကြက်ဥမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ သင်ကြားရေးနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာ ပိုမိုအားကောင်းလာအောင် အထောက်အကူပြုနိုင်ပါတယ်။

၂။ ဟင်းနုနွယ်ရွက်

lemon+spinach+with+pine+nuts+1.jpg 

ဟင်းနုနွယ်ရွက်ဟာလည်း အာဟာရတန်ဖိုးနဲ့ ပတ်သက်လာရင် အကောင်းဆုံး ဟင်းသီးဟင်းရွက်တစ်မျိုးပါပဲ။ ဒါကြောင့်လည်း အာဟာရဗေဒပညာရှင်တွေနဲ့ အစားအသောက်သုတေသီတွေက ဟင်းနုနွယ်ရွက်ကို superfood လို့တင်စားခေါ်ဝေါ်ကြတာပါ။ ဟင်းနုနွယ်ရွက်မှာ ဦးနှောက်လုပ်ဆောင်မှုတွေကို လှုံ့ဆော်ပေးတဲ့ ဖိုလိတ် (folate) ဆိုတဲ့ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ နောက်တစ်ခုက ဟင်းနုနွယ်ရွက်မှာ သင်ယူခြင်း၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်ခြင်း အစရှိတဲ့ ဦးနှောက်လုပ်ဆောင်မှုတွေအတွက် မရှိမဖြစ်အရေးပါတဲ့ ဗိုက်တာမင်စီ ကြွယ်ဝတဲ့ ရင်းမြစ်တစ်မျိုးလည်း ဖြစ်ပါတယ်။

၃။ ငါးကြီးဆီ

gty_fish_oil_ll_130628_33x16_1600.jpg 

အလေးချိန် (၃) ပေါင်ခန့်ရှိတဲ့ ကျွန်တော်တို့ ဦးနှောက်တွေရဲ့တစ်ဝက်လောက်ကို ဖက်တီးအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဦးနှောက်အတွက် လိုအပ်တဲ့ ဖက်တီးအက်ဆစ်အမျိုးအစားတွေ အစုံအလင်ပါဝင်တာကတော့ ငါးကြီးဆီပါပဲ။ နောက်ပြီး ငါးကြီးဆီမှာပါဝင်တဲ့ omega-3 ဟာ ဦးနှောက်ရဲ့ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်မှုတို့အပေါ် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ ငါးကြီးဆီဟာ ကျွန်တော်တို့ရဲ့ တွေးခေါ်နိုင်စွမ်း၊ မှတ်ဉာဏ်တို့ကို မြှင်တင်ပေးနိုင်သလို အရွယ်လည်းတင်စေနိုင်ပါတယ်။

သမီးရည်းစားတွေ လမ်းခွဲပြတ်စဲရတဲ့ အကြောင်းရင်းများ 

၄။ ငှက်ပျောသီး

minion_bananas-wide.jpg

ငှက်ပျောသီးတွေဟာလည်း ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗိုက်တာမင်စီနဲ့ ဗိုက်တာမင် ဘီစစ်တို့ ကြွယ်ဝတဲ့ superfood နောက်တစ်မျိုးပါပဲ။ ဗိုက်တာမင်ဘီစစ်ဟာဆိုရင် ဒိုပါမင်း (dopamine)၊ စီရိုတိုနင် (serotonin)၊ norepinephrine နဲ့ GABA တို့လို ဦးနှောက်ထဲမှာရှိတဲ့ ဓာတုပစ္စည်းတွေကိုလည်း ထုတ်လုပ်ပေးပါတယ်။ အားလုံးချစ်ကြတဲ့ despicable me ထဲက minion လေးတွေဟာ အလွန်ဉာဏ်ကောင်းနေတာ ဖြစ်နိုင်ပါတယ်။

၅။ ဂျုံနဲ့လုပ်သောအစားအစာများ

Robust-evidence-supports-oat-beta-glucan-s-cholesterol-lowering-potential.jpg 

ဂျုံနဲ့လုပ်တဲ့ အစားအစာတွေကလည်း ခန္ဓာကိုယ်ထဲမှာ glucose အဖြစ်ပြိုကွဲသွားမယ့် ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ ရင်းမြစ်တစ်မျိုးဖြစ်ပါတယ်။ အဲဒီ glucose ဟာ ဦးနှောက်ရဲ့ပင်မစွမ်းအင် အရင်းအမြစ်တစ်မျိုးပါပဲ။ ဒါပေမယ့် ဂျုံနဲ့လုပ်တဲ့ အစားအစာတွေက ပြိုကွဲမှုနှေးကွေးတဲ့အတွက် သူတို့ရဲ့စွမ်းအင်ထုတ်လွှတ်တဲ့ အာနိသင်တွေကလည်း နာရီများစွာကြာအောင် တာရှည်ခံပါတယ်။

၆။ ဘယ်ရီသီးတွေ

Bowl-of-blueberries-1836.jpg 

ဘလူးဘယ်ရီသီးတို့၊ ရက်စ်ဘယ်ရီသီးတို့လို ဘယ်ရီသီးတွေဟာ antioxidant တွေနဲ့ ပြည့်နှက်နေပြီး ဦးနှောက်ကို ဒုက္ခပေးမယ့် free radical တွေကိုလည်း ကူညီတိုက်ထုတ်ပေးပါတယ်။ နောက်ပြီး ဘယ်ရီသီးတွေထဲမှာပါဝင်တဲ့ antioxidant တွေက ဦးနှောက်နဲ့ ခန္ဓာကိုယ်ထဲမှာ အာရုံကြောဆဲလ်တွေ ထုတ်လုပ်ခြင်းကို အားပေးကူညီပါတယ်။ ဦးနှောက်အချက်ပြဆဲလ်တွေဖြစ်တဲ့ neuron အာရုံကြောငယ်လေးတွေကလည်း အကာအကွယ်လိုအပ်ပြီး အနက်ရောင်ဘယ်ရီသီးတွေက ဒီလုပ်ဆောင်မှုကို ကူညီလုပ်ဆောင်ပေးနိုင်ပါတယ်။

Source: powerofpositivity

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က