အရသာလေးကလည်း ချိုချိုစပ်စပ်နဲ့ စားလို့ကောင်းတဲ့ မနက်စာလေးတစ်နပ်ပါ။

မနက်ခင်းအချိန်လေးကို ပေါင်မုန့်မီးကင်လေး (၂) ချပ်လောက်ကို ကြက်ဥကြော်လေးနဲ့ တို့စားပြီး ကော်ဖီလေးတစ်ခွက် သောက်လိုက်ရတာဟာ ကရိကထအရမ်းမများဘဲ အာဟာရတန်ဖိုးပြည့်ဝတဲ့ ဥရောပ မနက်စာလေးတစ်နပ်ကို ဖြစ်စေမှာပါ။ ဒါဆိုရင် ထောပတ်သီးအနှစ်လေးပါ သုတ်လိုက်မယ်ဆိုရင်ကော...။

 

ထောပတ်သီးအနှစ်သုတ်ထားတဲ့ ပေါင်မုန့်မီးကင်ကို ကြက်ဥကြော်လေးကို အုပ်ထားတာက အရသာရှိတဲ့ စားသောက်ဖွယ်ရာတစ်မျိုးဖြစ်ပြီး ထောပတ်သီးတို့၊ ကြက်ဥတို့က ရတဲ့ အာဟာရတန်ဖိုးတွေလည်း အပြည့်အဝ ရရှိစေနိုင်ပါတယ်။ နောက်ပြီး အရသာလေးကလည်း ချိုချိုစပ်စပ်နဲ့ စားလို့ကောင်းတဲ့ မနက်စာလေးတစ်နပ် ဖြစ်စေမှာပါ။

ပါဝင်ပစ္စည်းလေးတွေကတော့...

small-spicy-avocado-toast-with-egg-1.jpg 

ထောပတ်သီးအမှည့် တစ်ခြမ်း၊ ပင်လယ်ဆားအနည်းငယ်နဲ့ လတ်လတ်ဆတ်ဆတ်ကြိတ်ထားတဲ့ ငရုပ်ကောင်းမှုန့် အနည်းငယ်၊ ကြက်ဥအကြီး (၂) လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ပေါင်မုန့်မီးကင် (၂) ချပ်၊ ငရုပ်သီးမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ အမှုန့်ခြေထားတဲ့ cotija cheese လက်ဖက်ရည်ဇွန်း (၂) ဇွန်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

small-spicy-avocado-toast-with-egg-2.jpg 

အရင်ဆုံး ဇလုံတစ်လုံးထဲမှာ ထောပတ်သီးကိုခြစ်ထည့်ပြီး ခက်ရင်းတစ်ချောင်းနဲ့ ညက်ညက်ကြေအောင် ခြေပေးပါ။ အကောင်းဆုံးကတော့ ထောပတ်သီးအနှစ်ကို အရမ်းကြီးပြဲသွားတဲ့အထိ မခြေဘဲ ထောပတ်သီးဖတ်လေးတွေ ဟိုတစ်စ၊ ဒီတစ်စ ကျန်နေအောင် ခြေပေးသင့်ပါတယ်။

 

ပြီးရင် ဒယ်အိုးပြားတစ်ချပ်ထဲမှာ သံလွင်ဆီကို အပူပျော့ပျော့လေးနဲ့ အပူပေးလိုက်ပါ။ ဆီပူပြီဆိုရင် ကြက်ဥကို ဖောက်ထည့်လိုက်ပြီး အနှစ်မပေါက်အောင် ဟက်ဖ်ရိုက်ကြော်ပေးလိုက်ပါ။ ကျက်လောက်ပြီဆိုရင် ကြက်ဥကြော်လေးတွေကို ပန်းကန်ပြားတစ်ချပ်ထဲထည့်ထားပေးလိုက်ပါ။

ပြီးရင် ပေါင်မုန့် (၂) ချပ်ကို မီးကင်လိုက်ပြီး ပေါင်မုန့်မီးကင်ပေါ်မှာ စောနကခြေထားတဲ့ ထောပတ်သီးအနှစ်ကို ထောပတ်သုတ်သလို သုတ်ပေးလိုက်ပါ။ ပြီးရင်အပေါ်ကနေပြီး ပင်လယ်ဆားရယ်၊ ငရုပ်ကောင်းမှုန့်ရယ်ကိုလည်း ဖြူးပေးလိုက်ပါ။

 

ထောပတ်သီးအနှစ်ပေါ်ကမှ ခုနက ကြော်ပြီးဖယ်ထားတဲ့ ကြက်ဥကြော်ကိုအုပ်ပြီးရင် အပေါ်ကနေ ဆား၊ ငရုပ်သီး၊ ငရုပ်ကောင်းစတာတွေနဲ့ ဖြူးပေးလိုက်ပါဦး။ cotija cheese မှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဝက်လောက်ကိုပဲ ဖြူးပေးလို့ရပါတယ်။ ပြီးရင်တော့ အပေါ်ကနေ နောက်ထပ်ပေါင်မုန့်မီးကင်တစ်ခြမ်းနဲ့ အုပ်ပေးပြီး အရသာရှိတဲ့ ပေါင်မုန့်မီးကင် ထောပတ်သီးအနှစ်သုပ် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

Source: isabeleats

 

Share

Loading Next Article...
က္က