မက္ကစီကန်အခေါ်အဝေါ်နဲ့တော့ ဒီအစားအစာလေးကို shakshuka လို့ခေါ်ပါတယ်။

ဒီနေ့မှာတော့ မက္ကစီကန်အစားအစာတစ်မျိုးဖြစ်တဲ့ ကြက်ဥခရမ်းချဉ်သီးဆော့စ်အရောကို မီးဖုတ်ထားတဲ့ မက္ကစီကန် ကြက်ဥချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီအစားအစာလေးကတော့ သက်သတ်လွတ်သမားတွေ (ကြက်ဥကို သက်သတ်လွတ်တယ်လို့ သတ်မှတ်ထားသူတွေ) သာမက အသားမပါရင် ထမင်းမစားတတ်သူတွေပါ ခံတွင်းတွေ့စေမယ့် ပူပူစပ်စပ် အစားအစာလေးတစ်မျိုးပါ။

 

မက္ကစီကန်အခေါ်အဝေါ်နဲ့တော့ ဒီအစားအစာလေးကို shakshuka လို့ခေါ်ပါတယ်။ ဒီအစားအစာချက်ပြုတ်ရာမှာ မီးအပူဒဏ်ခံနိုင်မယ့် ဒယ်အိုးပြားလေးတစ်လုံးတော့ ရှိနေဖို့ လိုအပ်ပါလိမ့်မယ်။

See also: 

ပါဝင်ပစ္စည်းများ

small-spicy-chipotle-shakshuka-8.jpg 

သံလွင်ဆီ (၃) ဇွန်း၊ ကြက်သွန်နီအကြီး (၁) လုံး၊ ငရုပ်ပွသီးအနီ (၁) လုံး၊ ကြက်သွန်ဖြူနုတ်နုတ်စင်းပြီး လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ဇီရာစေ့ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ မက္ကဆီကန်ငရုပ်သီးအနှစ် (၁) ဘူး၊ ခရမ်းချဉ်သီး (၂) လုံး၊ ဆား (၁) ဇွန်းခန့်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်၊ cotija cheese (cotija ဒိန်ခဲ) ခွက်ဝက်ခန့်၊ ကြက်ဥ အရွယ်တော် (၆) လုံး၊ နံနံပင်အနည်းငယ်နဲ့ ထောပတ်သီးတစ်ခြမ်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

small-spicy-chipotle-shakshuka-6.jpg 

အရင်ဆုံး မုန့်ဖုတ်မီးဖိုကို (၃၇၅) ဒီဂရီလောက် အပူချိန်ရအောင် အပူပေးလိုက်ပါ။ ပြီးရင် ဒယ်အိုးပြားတစ်လုံးထဲမှာ သံလွင်ဆီကိုထည့်ပြီး ဆီပူအောင် အပူပေးလိုက်ပါ။ ပြီးမှ ကြက်သွန်နီနဲ့ ငရုပ်ပွသီးတွေကို ဆီပူထိုးလိုက်ပါ။ မိနစ် (၂၀) လောက်ကြာအောင် ဆီပူထိုးပြီးရင် အထဲကပါဝင်ပစ္စည်းတွေ ပျော့ပြောင်းပြီး အညိုရောင်သမ်းလာမှာပါ။ ပြီးရင် အပေါ်က ကြက်သွန်ဖြူ နုတ်နုတ်စင်းထားတာကို အုပ်ပြီး (၂) မိနစ်လောက်လုံးပေးလိုက်ပါဦး။

(၂) မိနစ်ကျော်ရင် ဇီရာစေ့တို့၊ အရောင်တင်မှုန့်တို့ပါထည့်ပြီး နောက်ထပ်တစ်မိနစ်လောက် လုံးပေးလိုက်ပါဦး။ ပြီးတာနဲ့ ငရုပ်ပွသီး၊ ခရမ်းချဉ်သီး၊ မက္ကဆီကန်ငရုပ်သီးအနှစ်၊ ဆားနဲ့ ငရုပ်ကောင်းမှုန့်တို့ကို ဒယ်အိုးထဲထည့်ပြီး မွှေပေးလိုက်ပါ။ ဆော့စ်အနှစ်လေးဖြစ်လာသည်အထိ (၁၀) မိနစ်ခန့် အပူပေးထားလိုက်ပါ။ ပြီးမှ အပေါ်ကနေ အမျှင်လေးတွေဖြစ်အောင် ခြစ်ယူထားတဲ့ cotija cheese ကို အုပ်ပေးလိုက်ပါ။

 

ဆော့စ်ကျက်လောက်ပြီဆိုရင် ကြက်ဥတွေကို ခရမ်းချဉ်သီးဆော့စ်ထဲမှာ အနှစ်မကွဲအောင် သတိထားပြီး ဖောက်ထည့်လိုက်ပါ။ ပြီးရင် အပေါ်က ဆားနဲ့ ငရုပ်ကောင်းမှုန့် နည်းနည်းထပ်ဖြူးပေးလိုက်ပါဦး။

ပြီးတာနဲ့ ဒယ်အိုးပြားကို မုန့်ဖုတ်မီးဖိုထဲပြောင်းထည့်ပြီး (၁၀) မိနစ်ခန့် ဖုတ်ပေးလိုက်ပါ။ ပြီးရင် မုန့်ဖုတ်မီးဖိုထဲက ပြန်ထုတ်ပြီး ပန်းကန်ပြားတစ်ချပ်ထဲကို ပြောင်းထည့်လိုက်ပါ။ အပေါ်ကနေ နံနံပင်တို့၊ ထောပတ်သီးကို အချောင်းလေးတွေဖြစ်အောင် လှီးထားတာတို့နဲ့ တွဲဖက်လိုက်ရင် ပြီးပြည့်စုံတဲ့ မက္ကစီကန်အစားအစာလေးတစ်မျိုးကို ရရှိပါပြီ။ ပေါင်မုန့်နဲ့ တို့စားလို့ရတဲ့ အစားအစာလေးတစ်မျိုးပါ။

Source: isabeleats

 

Share

Loading Next Article...
က္က