အလုပ်စိတ်ဖိစီးမှုတွေ များပြားလွန်းတဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲမှာ အိပ်ရေးပျက်တာမဆန်းပါဘူး။ သားသမီးပူ၊ အိမ်စရိတ်ပူ၊ ရည်းစားပူ စသဖြင့် ပူပန်စရာတွေက များပြားလွန်းတဲ့အတွက် ခေါင်းအုန်းနဲ့ခေါင်း ထိလိုက်တာနဲ့ အိပ်ပျော်ဖို့ဆိုတာ တကယ်ခက်ခဲပါတယ်။ ဒါပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ဆိုတာ အစားအသောက်၊ အနေအထိုင်နဲ့လည်း ဆိုင်ပါသေးတယ်။

 

တကယ်လို့ ခေါင်းအုန်းနဲ့ ခေါင်းထိလိုက်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျချင်တယ်ဆိုရင်တော့ အောက်ပါ အစားအသောက်တွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါလိမ့်မယ်။

၁။ လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea)

green-tea.jpg 

လက်ဖက်ရည်ပူပူလေးတစ်ခွက်က သင့်ကိုု အိပ်ကောင်းခြင်းနဲ့ အိပ်နိုင်အောင် ကူညီပေးနိုင်တယ်လို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ လက်ဖက်ရည်မှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ အာရုံကြောစနစ်၊ နှလုံးနဲ့ ကြွက်သား လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ပေးနိုင်ပြီး ဦးနှောက်ထဲက အာရုံကြောလှုံ့ဆော်ပစ္စည်းလေးတွေကို ထုတ်လွှတ်ပေးခြင်းဖြင့် သင့်ကို နိုးကြားနေစေနိုင်ပါတယ်။

ဒါကြောင့် ခေါင်းအုန်းနဲ့ ခေါင်းမထိခင် (၂) နာရီလောက်အလိုကတည်းက လက်ဖက်စိမ်းရေနွေးကြမ်းသောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၂။ ကြက်သား

6.-Chicken.jpg

ကြက်သားမှာပါဝင်တဲ့ ပရိုတိန်းဓာတ်ဟာ ကျွန်တော်တို့ရဲ့နေ့စဉ်အစားအသောက်ထဲမှာ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ရပ်တည်နေပေမယ့် ညစာစားရင် ကြက်ကြော်အများကြီး စားမိရင် သင့်ကို အိပ်ရေးပျက် စေနိုင်ပါလိမ့်မယ်။

ကြက်သားမှာ ပရိုတိန်းဓာတ်အများကြီး ပါဝင်တဲ့အတွက် ခန္ဓာကိုယ်က အဲဒီဓာတ်တွေကို စွမ်းအင်အဖြစ် ပြောင်းလဲဖို့ အလုပ်အများကြီးလုပ်ရပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းဇီဝနာရီကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် နောက်နေ့မှာ အရေးကြီးမိတင်တစ်ခုရှိရင် ညစာကို KFC တို့၊ Lotteria တို့မှာ တဝကြီးသွားစားလိုက်တာက အကြံကောင်းတစ်ခုတော့ မဟုတ်ပါဘူး။

See Also: 

၃။ ရေခဲမုန့်

icecreamgallery.jpg 

ညဘက် တီဗီလေးဘာလေးကြည့်ရင်း ရေခဲသေတ္တာထဲက ရေခဲမုန့်ဘူးကို ထုတ်ပြီး ဘေးနားချထားဖို့ စိတ်ကူးမိရင် အဲဒီစိတ်ကူးကို ဖယ်ထားလိုက်ပါ။ ရေခဲမုန့်ထဲမှာ အဆီဓာတ်နဲ့ သကြားဓာတ်တွေ များစွာပါဝင်တဲ့အတွက် အိပ်ယာဝင်ခါနီး သွားစားမိရင် ခန္ဓာကိုယ်မှာ အဆီကိုခြေဖျက်ဖို့အချိန်မရှိပါဘူး။ အဆီကို ခြေဖျက်နေချိန်မှာလည်း လူက အိပ်ပျော်နိုင်မှာမဟုတ်ပါဘူး။

၄။ ချောကလက်

chocolategallery.jpg 

ချောကလက်လေးတစ်တောင့်က လူကိုနွေးထွေးတဲ့ ခံစားချက်တစ်ခု ပေးစွမ်းနိုင်ပြီး အိပ်ယာဝင်ခါနီးအချိန်မှာ ဒီလိုခံစားချက်လေးကို လိုချင်ကြမှာပါ။ ဒါပေမယ့် ချောကလက်တွေ (အထူးသဖြင့် နို့ပါဝင်မှုများတဲ့ ချောကလက်တွေ) ဟာ tyrosine ဓာတ်ပါဝင်မှုများပြီး အဲဒီကနေ လူကို တက်ကြွနေစေတဲ့ dopamine ဓာတ်ထွက်လာအောင် ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ အဲဒီ dopamine ကြောင့် အိပ်မရတာတွေ၊ မျက်စိကြောင်တာတွေ ဖြစ်စေနိုင်ပါတယ်။

၅။ ဝိုင်

merlot-decant.jpg 

ချစ်သူနဲ့ အတူတူ ဖယောင်းတိုင်ညစာစားပွဲ (candle light dinner) လေးလုပ်ရင်း ဝိုင်လေးတစ်ခွက်၊ နှစ်ခွက် သောက်မိပါသလား။ နေက်ဆက်တွဲပါလာမယ့် အိပ်ရေးပျက်ခြင်းကိုလည်း လက်ခံဖို့ အသင့်ပြင်ထားပေါ့နော်။ တချို့ကတော့ ထင်ကြပါလိမ့်မယ်။ ဝိုင်အရက်လေးတထွေထွေနဲ့ ရီဝေဝေဖြစ်နေရင် ပိုမိုအိပ်ပျော်စေနိုင်လိမ့်မယ်လို့။

တချို့တွေအတွက်တော့ မှန်နိုင်ပေမယ့် ဝိုင်သောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ဇောချွေးပြန်ခြင်း၊ ရေငတ်ခြင်း စတာတွေဖြစ်နိုင်ပြီး အိပ်ပျော်သွားရင်တောင် ညသန်းခေါင်ကြီး ပြန်နိုးလာတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဝိုင်သောက်ချင်တယ်ဆိုရင် အိပ်ချိန်နဲ့ အနည်းဆုံး (၄) နာရီလောက်ခြားသင့်ပြီး မအိပ်ခင် ရေများများ ပြန်သောက်ပေးသင့်ပါတယ်။

Source: Food.ndtv

 

Share

Loading Next Article...
က္က